ထိုင်းမှ မောတောင်သို့ မြေအောက်ကြိုးဖြင့် လျှပ်စစ်သွယ်မည်

0
388

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်မှတနင်္သာရီမြို့နယ် မောတောင်နယ်စပ်သို့မြေအောက်ကြိုးဖြင့် လျှပ်စစ်သွယ်တန်းမည်ဖြစ်ကြောင်း မောတောင် လျှပ်စစ်
ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းထံမှ သိရသည်။

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ရှိပရာကျွတ်ဂရမ်းဟိုတယ်တွင် စက်တင်
ဘာလ ၁၃ရက်က ပြုလုပ် သည် မြန်မာ-ထိုင်းချစ်ကြည်ရင်းနှီးမှု  တိုးမြှင်တည်ဆောက်ရေးစီမံကိန်း အစည်းအဝေးတွင်
တံတားတည်ဆောက်မည်ဖြစ်ကြောင်းဦးကျော်ကျော်ဦးက ပြောသည်။မောတောင်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် မြန်မာဘက်မှ တာဝန်ရှိသူတစ်ဦးက တင်ပြခဲ့ရာ ထိုင်းနိုင်ငံပရာကျွတ်ခီရီခန် ခရိုင် ဒု-ခရိုင်ဝန်ကယင်းသို့အတည်ပြု ပြောဆိုခဲ့ကြောင်းမောတောင်နယ်စပ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

“ထိုင်းလျှပ်စစ်မီး ရလို့ရှိရင်ဈေးနှုန်းအများကြီးသက်သာ လာလိမ့်မယ်လို့ယူဆထားပါတယ်”ဟု မောတောင် နယ်
စပ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတာဝန်ခံ ဦးလွှမ်းကိုကိုက ပြောသည်။မောတောင်နယ်စပ်တွင် လျှပ်စစ်ဓာတ်အားကို ဖိုးသီးချိုကုမ္ပဏီနှင့် မြိတ်
အများပိုင်ကုမ္ပဏီတို့ ပူးပေါင်း ဖြန့်ဖြူးလျက်ရှိပြီး ဩဂုတ်လက လျှပ်စစ်မီးတစ်ယူနစ် ဈေးနှုန်းမှာ ၅၃၅ကျပ် ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်ဟု
ထိုင်းဘက်က ပြောဆိုထားသော်လည်းထိုင်းနိုင်ငံလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ခံယူရမည်ဖြစ်သည့်အတွက် မည်သည့်အချိန်တွင်သွယ်တန်းမည်ကို အတိအကျ မပြောနိုင်သေးကြောင်း ဦးလွှမ်းကိုကိုက ဆိုသည်။
ထိုင်းလျှပ်စစ် ဌာနက ၂ မဂ္ဂါဝပ်ဖြန့်ဖြူးရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်းဦးလွှမ်းကိုကိုက ဆိုသည်။မောတောင်နယ်စပ်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲသည့် အိမ်ခြေ ရှစ်ရာဝန်းကျင်ခန့်ရှိကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းထံမှ သိရသည်။