တိုင်ကြားခံရသည့် KG တန်းဆရာမကို ကျောင်းပြောင်း

0
416

ကျူရှင်နားသည့် KG ကျောင်းသားကို အခန်းပြောင်းရန် ပြောဆိုခဲ့သည်ဟုဆိုကာ တိုင်ကြားခံရသည့် ထားဝယ်မြို့ အ.ထ.က ၁ ရှိ KG တန်း အတန်း
ပိုင် ဆရာမကို ကျောင်းပြောင်းရွေ့ရန်စက်တင်ဘာလ ၁၉ ရက်က အမိန့်ချလိုက်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

ကျူရှင်မသင်ရဟု ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ကို မလိုက်နာခြင်း၊ကျောင်းသားမိဘကို ခြိမ်းခြောက်ခြင်းအစရှိသည့် အချက်များ စစ်ဆေးပေါ်
ပေါက်သဖြင့် ထားဝယ်မြို့နယ်အတွင်းရှိပုလုကုန်း အ.မ.က ကျောင်းသို့ လက်ရှိရာထူးဖြင့် ပြောင်းရွေ့ရန် ဆုံးဖြတ်ခဲ့ကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။

“သူ ( အတန်းပိုင် ဆရာမ) ကတော့မခြိမ်းခြောက်ဘူးလို့ ပြောပြီး ဝန်မခံဘူး၊ဒါပေမယ့် ကျောင်းသားမိဘနဲ့ ကျောင်းအကျိုးတော်ဆောင်တွေက ကြားရတယ်
လို့ သက်သေထွက်ဆိုတယ်”ဟု ၎င်းကပြောသည်။စက်တင်ဘာလ ၁၉ ရက်က ပြုလုပ်သည့် တိုင်းပညာရေးမှူးရုံး အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်
ချက်အရ ကျောင်းပြောင်းရွေ့ခဲ့ကြောင်းဒေါ်မြင့်စိန်က ဆိုသည်။

အတန်းပိုင်ဆရာမက ၎င်းထံတွင်ကျူရှင်ဆက်မထားပါက အခြားအခန်းသို့ ပြောင်းရွေ့သင်ကြားရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟုဆိုကာ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များနှင့် ကျောင်းသားဟောင်းများ ပါဝင်သည့် စုစုပေါင်း ၁၅ ဦးက တိုင်းပညာရေးမှူးထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။