အပျိုလူပျို ရင်ခုန်ချိန်

0
784

မကြာမီ သီတင်းကျွတ်ပါတော့မည်။သီတင်းကျွတ်ပွဲတော်အတွက်လူတိုင်းနီးပါး ရင်ခုန်နေကြပါလိမ့်မည်။သီတင်းကျွတ်ပွဲတော် နွှဲပျော်ရန်၊
ကွဲကွာနေသည့် မိသားစုများနှင့် တွေ့ဆုံရန် စသဖြင့် အရွယ်သုံးပါးစလုံး သူ့အတွေးနှင့်သူ ရင်ခုန်နေကြပါလိမ့်မည်။ရင်ခုန်ကြဆုံးကမူ အပျိုလူပျိုတို့
ဖြစ်ကြပါလိမ့်မည်။ဝါတွင်းကာလ လက်ထပ်ထိမ်းမြားခြင်း မပြုလုပ်ရ / မပြုလုပ်ကောင်းဟု
ဘုရားဟော ဒေသနာတော်တို့တွင်တိုက်ရိုက်ဟောကြား ညွှန်ပြထားခြင်းမျိုးမတွေ့ဘူးသေးသော်လည်း ဝါတွင်းအိမ်ထောင်ပြုခြင်း ရှောင်ကြဉ်ကြ
သည်က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ အယူအဆတစ်ခု ဖြစ်နေပါပြီ။ထိုအယူအဆကို လက်ခံထားကြ
သော မြန်မာအမျိုးသမီး အမျိုးသားတို့ကလက်ထပ်လိုပါလျက်နှင့် အောင့်အီးထားကြရသမျှ ဝါကျွတ်ကာလကို ရင်ခုန်ရိုး
ရွ မျှော်တတ်သည်က အလေ့အထတစ်ခုဖြစ်နေပါပြီ။ ရင်အခုန်ရဆုံးမှာ ယခုနှစ်ဝါကျွတ်လျှင် လက်ထပ်ကြမည်ဟု ကတိကဝတ် ပြုထားသော ချစ်သူစုံတွဲများ
ဖြစ်ပါလိမ့်မည်။သီတင်းကျွတ်တွင် ချစ်သူက လာရောက်တောင်းရမ်း လက်ထပ်ယူတော့မည်ဆိုသော ကော့သောင်း မလိဝမ်းကျေးရွာမှအသက် ၂၄ နှစ် အရွယ်
ပျိုမေတစ်ဦးကလည်း လက်ထပ်ပွဲကိုမျှော်မှန်း ရင်ခုန်နေကြောင်း ဝန်ခံပါသည်။

“ထိတ်လန့်လားဆိုတော့ မထိတ်
လန့်ပါဘူး၊ ရင်ခုန်မှုတော့ ရှိတာပေါ့။လူဆိုတာတစ်ယောက်တည်းနေလို့အဆင်မပြေဘူးလေ။ လူတိုင်းလူတိုင်းမှာတိုးတိုးဖော်တစ်ယောက်တော့ ရှိသင့်ပါတယ်”ဟု ထိုပျိုမေက ပြောသည်။တစ်ချို့ ပျိုမေတို့ကလည်း ကတိကဝတ်ပြုထားပြီးဖြစ်သည့်တိုင်
အကြောင်းအမျိုးမျိုးဖြင့် လက်မထပ်ဖြစ်တော့သည်မျိုး ဖြစ်ပေါ်လာနိုင်သဖြင့်ပျော်ရွှင်မျှော်လင့်ခြင်းတစ်ဝက် စိုးထိတ်ခြင်းတစ်ဝက်ဖြင့် ရန်ခုန်သံ မြန်နေကြရသည်။
မြိတ်မြို့ မြို့သစ်ရပ်မှ အမျိုးသမီးတစ်ဦးကလည်း မိမိထက် ၇ နှစ်နီးပါးငယ်သော ချစ်သူက ဝါကျွတ်လျှင် လက်ထပ်ကြမည်ဟု ပြုထားသော ကတိအား
ဖောက်ဖျက်သွားမည်ကို တွေးရင်းဖြင့်ဒီတစ်နှစ် ဝါကျွတ်မှာကို ရင်အခုန်ဆုံးဖြစ်နေကြောင်း ဖွင့်ဟသည်။

“ပေးထားတဲ့ ကတိက အကြောင်းအမျိုးမျိုးကြောင့် ပျက်တတ်ပေမယ့်ကိုယ့်အပေါ်မှာ သစ္စာမဖောက်ရင် ကျေနပ်တယ်။ ဝါကျွတ်မှာကိုလည်း မျှော်တော့မျှော်နေတယ်ဆိုပေမဲ့ စိတ်ချလက်ချတော့ (စိတ်ကူးယဉ် ပျော်ရွှင်) ရင်မခုန်ရဲသေးဘူး”ဟု သူမက ဆိုသည်။အိမ်ထောင်ပြုရန် အရွယ်ရောက်သူတိုင်းနီးပါးသည်လည်း သီတင်းကျွတ်တိုင်း”ဒီနှစ် မစားရသေးဘူးလား” ဟုအစခံရတတ်သည်။အရွယ်လွန် အပျိုကြီး လူပျိုကြီးတို့
ဆုကိ ပ၍ို မေးမြန်း ခရံ ၊ စနောကခ် ရံ တတ်ပါသည်။ယင်းသို့ စနောက်ခံရလွန်းသဖြင့်
သီတင်းကျွတ်တိုင်း ရန်ခုန်နေကြရသည်က အပျိုကြီး လူပျိုကြီးတို့၏ မရိုးနိုင်သော ခံစားချက်။မင်္ဂလာဆောင်ချိန်ရောက်လာတိုင်း
ရင်ခုန်နေရသည်ဆိုသော လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာမှ အသက်၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကမူ
သီတင်းကျွတ်ခါနီး အမေးခံရတိုင်းအပျိုကြီးပဲ လုပ်မည်ဟု ရှက်ကိုးရှက်ကန်းနှင့် ပြန်ဖြေနေကြောင်း ပြောသည်။
သူမအနေဖြင့် ကိုယ်ပိုင်စီးပွားရေးတစ်ခုခု လုပ်နိုင်ချိန်၌ လူသားမျိုးဆက်သစ်များ ချန်ခဲ့နိုင်ရေးအတွက် အိမ်ထောင်ပြုရန် ရည်ရွယ်ထားသော်လည်း
အမေးခံရတိုင်း မခံချိမခံသာ ဖြစ်နေရကြောင်း ဖွင့်ဟသည်။

“စိတ်ထဲမှာတော့ မခံချင်စိတ်ဖြစ်တယ်။ အဲလို အပြောမခံချင်ဘူး ရှက်သလိုဖြစ်တယ်။ ပိုဆိုးတာက သီတင်းကျွတ်အချိန် မဟုတ်ဘူး။မင်္ဂလာဆောင်တဲ့အချိန်ပြီးသွားပြီဆိုရင် ဘယ်လိုလဲဒီနှစ်လဲ ကျန်ခဲ့ပြန်ပြီလား အဲလိုမေးခံရတဲ့အချိန် ပိုပြီး စိတ်ထဲ မခံချင်ဖြစ်တယ်”
ဟု ထို သဘော့ဆိပ်သူက ပြောသည်။နဂိုကတည်းက အိမ်ထောင်ပြုရန်စိတ်ကူးရော အစီအစဉ်ပါ မရှိသေးသူအချို့ကမူ သီတင်းကျွတ်တွင် အထွေအထူး ရင်မခုန်ကြသော်လည်း မိမိရွာ၊မိမိအသိများထဲမှ မည်သူတွေ လက်ထပ်သွားကြသည်ကို နားစွင့်နေတတ်ကြသည်။တစ်ချို့ကလည်း အိမ်ထောင်ပြုလို
ကြသည့်တိုင် အိမ်ထောင်သည်ဘ၀တွင်တွေ့ကြုံရမည့် စိန်ခေါ်များကို စိုးရိမ်
ထိတ်လန့် နေတတ်ကြသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်
ကျေးရွာမှ အသက် ၂၅ နှစ်အရွယ်ကိုဟိန်းမင်းဦးကမူ အိမ်ထောင်ဦးစီး
တစ်ဦး၏တာဝန်ကို ထမ်းဆောင်ရန်အဆင့်သင့်မဖြစ်သေးဟု ခံယူထားပြီးအသက် ၂၈၊ ၂၉ အရွယ်ရောက်မှ
အိမ်ထောင်ပြုရန် ရည်ရွယ်ထားသဖြင့်ယခုသီတင်းကျွတ်တွင် ရန်ခုန်နှုန်းသိပ်မမြန်ပါ။”အိမ်ထောင်နဲ့ဖြစ်လာပြီဆိုရင်
ကိုယ်တစ်ယောက်တည်းမဟုတ်တော့ဘူးလေ။ သား၊သမီးတွေမွေးလာရင် စားဖို့၊
သောက်ဖို့၊ ကျောင်းထားဖို့တွေ အများကြီးပဲ၊ ပြောရင်ကုန်မှာ မဟုတ်ဘူး။အဲတာတွေ စဉ်းစားနေရသေးတယ်”ဟုကိုဟိန်းမင်းဦးက ပြောသည်။
ဘ၀တွင် မမျှော်မှန်းနိုင်သော ကံကြမ္မာတို့ကို ရင်ဆိုင်ရနိုင်သည် မဟုတ်ပါလော။ ယင်းထဲတွင် နှလုံးသားရေးရာနှင့် ပတ်သက်သော ကံကြမ္မာဆိုးတို့ကို
ကြုံရဖန်များသူတို့က အိမ်ထောင်ပြုခြင်းအတွက် ရင်ခုန်သံ တည်ငြိမ်ရင့်ကျက်လာတတ်ပါသည်။ထိုသို့ အိမ်ထောင်ရေးကိစ္စတွင် ရင့်
ကျက်တည်ငြိမ်သူတို့သည် ဖူးစာရေးနတ်၏ ကြည်စယ်မှုကို အကြိမ်ကြိမ် ခံခဲ့ရသူများ ဖြစ်နေတတ်ပါသည်။

ချစ်သူနှစ်ဦးရှိခဲ့ဖူးပြီး နှစ်ဦးစလုံးနှင့် လွဲခဲ့ရသည်ဆိုသော မြိတ်မြို့၊ ကန်ဖျားရပ်မှ အသက် ၃၆ နှစ်အရွယ် အမျိုး
သမီးတစ်ဦးသည်လည်း ယခင်နှစ်ကာလများက ဝါကျွတ်လျှင် ရင်ခုန်နေတတ်ပြီးယခုအချိန်တွင် ရင်ခုန်ခြင်းမရှိတော့ဟု
ဆိုလာသည်။”ဝါကျွတ်ခါနီးရင် စနောက်နေကျသူတွေက စနောက်နေကြပေမယ့်လည်းခုချိန်မှာတော့ ရင်မခုန်တော့ဘူး။ကျွန်မတို့အတွက်ကတော့ ဒါမျိုးကရိုးနေပြီလေ။ ဝါတစ်ခါကျွတ်သွားရင်ဪ ဝါတစ်ခါကျွတ်သွားပြန်ပြီလို့၊အဲလိုပဲ တွေးတယ်”ဟု ထိုအမျိုးသမီးကပြော သည်။
မည်သို့ဆိုစေ သီတင်းကျွတ်တော့မည်ဆိုတိုင်း အပျိုလူပျိုတို့ ရင်ခုန်နေတတ်ကြသည်က မြန်မာပြည်၏ အလေ့
အထသဖွယ်။ချစ်သူကို လက်ထပ်ခွင့် မရသေးသော၊ မိမိတစ်ဖက်သတ်ချစ်နေသူဆီက
အချစ်အဖြေ မရသေးသူတစ်ချို့ကတေးရေးဆရာ လူမုန်းရေးပြီး ထူးအိမ်သင်သီဆိုသည့် “ခေါင်းလောင်း လေးတွေမြည်နေပြီ”သီချင်း၏ အောက်ပါအပုဒ်ကိုသီတင်းကျွတ်တိုင်း ဆိုညည်းနေတတ် ပါသည်။

“အသည်းမှာလည်း စိုးရိမ်သည်သူများ ဦးမှာ တွေးကြောက်သည်ခုတော့ သိပြီ မင်းကို ကိုယ်
ချစ်သည်..”လက်ထပ်ခွင့် ရသူတို့အတွက်မူ ထိုနှစ် သီတင်းကျွတ်သည် အမြန်ရောက်စေ
ချင်လှသော ရင်ခုန်စရာများ သယ်ဆောင်လာပေးမည့် နှစ်လိုဖွယ် လတစ်လ ဖြစ်ပါနေလိမ့်မည်။ယခု သီတင်းကျွတ်တွင် ချစ်သူနှင့်
လက်ထပ်ကြတော့မည် ဖြစ်သောကော့သောင်း မလိဝမ်းကျေးရွာသူ အမျိုးသမီးလေးကမူ သီတင်းကျွတ်ကို ရင်ခုန်ရည်မျှော်ကာ အောက်ပါ သီချင်းလေးကိုဆိုညည်းပြနိုင်ပါပြီ..”လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းခွဲထွက်မနေသာ….အစဉ်ဆက် အခင်မပျက် ယှဉ်တွဲ
လျက်သာ အန္တရာယ်ဟူသမျှ အတူတကွ
တွန်းလှန်မှာ….”