မြိတ်မှအပ တိုင်းအတွင်း ‘ ၀ဥ’စန်းပွင့်

0
526

မြိတ်ခရိုင်မှအပ တိုင်းအတွင်းထားဝယ်နှင့် ကော့သောင်းခရိုင်တို့တွင်ဝဥ စိုက်ပျိုးရောင်းချသည့်လုပ်ငန်း
လုပ်ကိုင်သူ များပြားလာပြီး ဈေးကွက်ဝယ်လိုအားလည်း မြင့်နေသည်။ထားဝယ်ခရိုင်တွင် ၀ဥဈေး ယခင်
နှစ်ကထက် နှစ်ဆနီးပါး ဈေးတက်လာကြောင်း ထားဝယ်မြို့ရှိ ၀ဥဝယ်သည့်ပွဲရုံအချို့နှင့် ကိုယ်စားလှယ်များထံမှသိရသည်။
ယမန်နှစ်က ၀ဥအစိုတစ်ပိသာလျှင်အမြင့်ဆုံး ကျပ် ၈၀၀ ခန့်သာ ပေါက်ဈေးရှိသော်လည်း ယခုနှစ်တွင် တစ်
ပိဿာလျှင် ကျပ် ၁၄၀၀ မှ ကျပ် ၁၄၅၀ခန့်အထိ မြင့်တက်လျက်ရှိကြောင်းထားဝယ်မြို့ရှိ ပွဲရုံအချို့ထံမှ သိရသည်။

ယင်းသို့ ဈေးတက်လာခြင်းမှာရေးမှ စက်ရုံ နှစ်ရုံနှင့် တရုတ်နိုင်ငံကုန်သည်များ တနင်္သာရီတိုင်းအထိ လာရောက်ကာ အလုအယက် ဝယ်ယူနေခြင်းကြောင့်ဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ဆိုသည်။”၀ဥက လူသုံးကုန်ပစ္စည်းတွေမှာအများကြီး အသုံးဝင်လာလို့ ဂျပန်နှင့်တရုတ်က ကုန်သည်တွေ ဆင်းလာဝယ်နေကြလို့ ဈေးတက်လာတာပေါ့”ဟုထားဝယ်မြို့ရှိ စန်းပွင့်ခြံထွက်သီးနှံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်က ဆိုသည်။ဝဥများကို ရေး၊ မော်လမြိုင်၊မန္တလေးမြို့များသို့ တင်ပို့ပြီး စက်ရုံများတွင် အခြောက်ပြုလုပ်၍ တရုတ်ပြည်နှင့် ဂျပန်ပြည်တို့ကို ပြန်လည်
တင်ပို့ကြောင်း ပွဲရုံပိုင်ရှင်အချို့ထံမှသိရသည်။

ဝဥကို သဘာဝထွက် အလေ့ကျပေါက်ပင်ကို တူးရောင်းနေသူများရှိသလိုသီးသန့်စိုက်ပျိုးရောင်းချသူများလည်းရှိလာကြောင်း ပွဲရုံပိုင်ရှင်အချို့ထံမှ သိရသည်။တစ်လုံးလျှင် ၂၅ ကျပ်သား မှ ၃၀
ကျပ်သား အလေးချိန်ရှိသည့် ၀ဥများမှာစက်ရုံတွင်ရောင်းတမ်းဝင်ပြီး ရောင်းတမ်းမဝင်သော ၂၀ ကျပ်သား အောက်ဥငယ်များကို မျိုးအတွက် ပြန်လည်
ရောင်းချသည်ဟု ထားဝယ်အခွန်လွတ်ဈေးရှိ ဗဏု ပွဲရုံပိုင်ရှင် ဦးထွန်းလှပြောသည်။

“ထပ်တက်မယ့် အနေထားကတော့လုဝယ်ရင် ထပ်တက်မှာပဲ”ဟု ဦးထွန်းလှက ဆိုသည်။
ဝဥကို လူသုံးကုန်၊ အလှကုန်နှင့်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးများလာပြီး တရုတ်၊ ဂျပန်ပြည်ပနိုင်ငံများသို့
တင်ပို့ ရောင်းချလျက်ရှိပြီး စနစ်တကျစိုက်ပျိုးပါက ဒေသဝင်ငွေတိုးလာမည်ဖြစ်ကြောင်း ၀ဥစိုက်ပျိုးရန် စည်းရုံးလှုံ့ဆော်နေသည့် ထားဝယ်သုတေသနအသင်း ဥက္ကဋ္ဌဆရာဇော်သူရက ပြောသည်။