ကျေးရွာမြေပေါ် လယ်ယာလုပ်ကိုင် ခွင့်လျှောက်ထားသည့်ကိစ္စ ချောင်းတာစူးရွာသားများ ကန့်ကွက်

0
312

ဘုတ်ပြင်းမြို့နယ် ထောင်စုံမဟက်ကျေးရွာအုပ်စုရှိ ကျေးရွာမြေ ၃၂ ဧကကို
လုပ်ငန်းရှင်တစ်ဦးက လယ်ယာ မြေလုပ်ကိုင်ခွင့် လျှောက်ထား ခြင်း အပေါ်ချောင်းတာစူး ကျေးရွာသား ၁၃၂ ဦးကစက်တင်ဘာ ၁၀ ရက်က မြေစာရင်းဦးစီးဌာနထံ ကန့်ကွက်ခဲ့ကြသည်ဟုထောင်စုံမဟက် ကျေးရွာအုပ်စု၊ ချောင်းတာစူး ရွာသားများထံမှ သိရသည်။ကျေးရွာပိုင်မြေအပေါ် လယ်ယာ
မြေလုပ်ကိုင်ခွင့် အသုံးပြုခွင့်ပေးရန်ဘုတ်ပြင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်နေ လုပ်ငန်းရှင်တစ်ဦးက လယ်
ယာမြေလုပ်ကိုင်ခွင့် လျှောက်ထားခြင်းဖြစ်သည်။

“အခုလျှောက်နေတဲ့ ဧရိယာပေါ်မှာကျွန်တော်တို့ ရွာသားတွေ နေထိုင်ပါတယ်၊ သူ့ကိုသာ လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် ကျွန်တော်တို့က ဘယ်မှာသွား
နေရမလဲ၊ ကိုယ့်ဒေသ မြေပြင်အနေအထားကို ဆင်းလာကြည့်စေချင်တယ်”ဟု ချောင်းတာစူးကျေးရွာနေ ဦးနီရဲက
ဆိုသည်။ယင်း မြေနေရာ လျှောက်ထားသည့်အပေါ် ကန့်ကွက်လိုလျှင် စက်တင်ဘာ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိရက်ပေါင်း ၃၀ အတွင်း မည်သူမဆို
လာရောက်ကန့်ကွက်နိုင်ကြောင်း ဘုတ်ပြင်းမြို့နယ် မြေစာရင်းဦးစီးဌာနတွင်ကြေညာထားသည်။ထောင်စုံမဟက်ကျေးရွာအုပ်စုတွင်
အိမ်ခြေ ၁၃၀ ခန့်ရှိပြီး ဥယျာဉ်ခြံမြေလုပ်ကိုင်လျက် ရှိသည်။