ပျက်စီးနေသည့် ထီခီးလမ်း ကိုယ်ထူကိုယ်ထပြင်

0
375

ပျက်စီးနေသည့် မေတ္တာ-ထီးခီးလမ်း လမ်းပိုင်းအချို့ကို ကိုယ်ထူကိုယ်
ထပြုပြင်လျက်ရှိကြောင်း ထားဝယ်ထီးခီး မော်တော်ယာဉ် ကြီးကြပ်ရေးအသင်းထံမှ သိရသည်။
ယင်းလမ်းကို အသုံးပြုနေသည့်ယာဉ်ပိုင်ရှင်များထံ ငွေကြေးအလှူခံပြီးITD ကုမ္ပဏီ၏ စက်ယန္တရားများဖြင့်ခရီးသွားလုပ်ငန်းတစ်ခုက ဦးဆောင်ပြုပြင်နေခြင်းဖြစ်ကြောင်း အထက်ပါအသင်းဥက္ကဋ္ဌ ဦးသန်းဇော်မိုးက ပြောသည်။

ပြီးခဲ့သည့် ဂျူလိုင်လမှ စတင်ပြီးယင်းလမ်းရှိ နေရာအချို့တွင် ရွှံ့ဗွက်များဖြင့် ယာဉ်များ သွားလာမရအောင်ဆိုးရွားစွာ ပျက်စီးခဲ့သည့်အတွက် စက်
တင်ဘာလပထမအပတ်မှ စတင်ပြီးပြုပြင်နေခြင်းဖြစ်ကြောင်း ဦးသန်းဇော်မိုးက ပြောသည်။
“ဒီလမ်းကိုသာ ကိုယ်ထူကိုယ်ထမလုပ်ဘူးဆိုရင် ခရီးသည်တွေလည်းသွားမရ၊ ကားတွေလည်း သွားမရဆိုတော့၊ အားလုံး အဆင်ပြေပြေနဲ့ သွားလို့ရအောင် လုပ်နေတာ”ဟု ၎င်းကဆိုသည်။အလှူခံရရှိလာသည့် ငွေများကိုလမ်းပြင်နေသည့် စက်ယန္တရားအတွက်လောင်စာဆီ ဝယ်ဖြည့်ပေးနေပြီး လက်ရှိတွင် ကျပ် ၁၅သိန်းခန့် အကြွေးတင်နေကြောင်း ဦးသန်းဇော်မိုးက ပြောသည်။

ယမန်နှစ်ကလည်း ယင်းလမ်းပိုင်းကို ကိုယ်ထူကိုယ်ထ ပြုပြင်ခဲ့ဖူးပြီးကျပ်သိန်းသုံးရာကျော်ခန့် ကုန်ကျကြောင်း ၎င်းက ပြောသည်။ထီးခီးလမ်းကို အဆင့်မြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံချေးငွေယူရန် ဆုံးဖြတ်ထားပြီး ၂၀၁၉ ခုနှစ် အစောပိုင်းတွင်လုပ်ငန်းစတင်နိုင်ရန် မျှော်မှန်းထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောဆိုထား
သည်။