ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ထားဝယ် လယ်သမားများအား တရားစွဲထားမှု ကြေအေး

0
418

တနင်္သာရီတိုင်း ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲရေးဦးစီးဌာနက လယ်သမား ငါးဦးကို တရားစွဲထားသည့်အမှုကို စက်တင်ဘာလ ၁၂ ရက်က ကြေအေးပေး လိုက်ကြောင်း ထားဝယ်မြို့နယ်တရားရုံး ထံမှ သိရသည်။
တရားလိုဖြစ်သည့် တိုင်းဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ယင်းလယ်သမားငါးဦးကို ဆက်လက် ပြီး တရားစွဲဆိုရန် ဆန္ဒမရှိတော့သဖြင့် အမှုကို ကြေးအေးပေးရန် လျှောက်ထား လာခြင်းကြောင့် ကြေးအေးခွင့်ပေးလိုက် ကြောင်း ထားဝယ်မြို့နယ်တရားရုံး သ တင်းပြန်ကြားရေးအရာရှိ ဦးကျော်မြင့်က ပြောသည်။

“ဥပဒေနှင့်အညီ အပြီးအပြတ် လွှတ်ကြောင်း အမိန့်ချမှတ်လိုက်တာ ပါ”ဟု ဦးကျော်မြင့်က ဆိုသည်။
ထားဝယ်မြို့ ကမ်းနားလမ်းရှိ လယ်မြေကို တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ခြံစည်းရိုးခတ် သည်ကို ယခင်လယ်ပိုင်ရှင်ဟုဆိုသည့် ဦးသောင်းညွှန့်နှင့်အဖွဲ့က သုံးကြိမ် ဝင် ရောက်နှောက်ယှက်ခဲ့သည်ဟုဆိုကာ ယင်းဌာန တိုင်းဦးစီးမှူးက တရားလိုပြု လုပ်ပြီး လယ်သမားများကို ကျော်နင်း ဝင်ရောက်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ဦးကျော်မြင့်က ပြောသည်။

ယင်းဌာနက ခြံစည်းရိုးခတ်သည့် နေရာသည် လယ်သမား ဦးသောင်းညွန့် ပိုင်ဆိုင်သည့် လယ်မြေဖြစ်သောကြောင့် ဝင်ရောက်တားဆီးခြင်းသာဖြစ်ကြောင်း လယ်ပိုင်ရှင် ဦးသောင်းညွှန့်နှင့်အတူ တရားစွဲဆိုခြင်းခံရသူ ဒေါ်ရီရီထွေးက ပြောသည်။
“တို့လယ်သမားတွေက ကိုယ့်ရပိုင် ခွင့်အတွက် ကိုယ်တောင်းဆိုတာ၊ ကိုယ့် ပစ္စည်းကို ကိုယ်ကာကွယ်တာပဲလေ”ဟု ဒေါ်ရီရီထွေးက ဆိုသည်။
ယင်းအမှုမှာ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လက စတင်စွဲဆိုထား သည့်အမှုဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားရုံးထံက သိရသည်။
လက်ရှိတွင် အဆိုပါ မြေနေရာတွင် ခြံစည်းရိုးခတ်ပြီးစီးပြီဖြစ်ပြီး တည် ဆောက်ရေးလုပ်ငန်းများ မစတင်သေး ပေ။