ငါးလတာ ကာလအတွင်း တရားမဝင်သစ်တန် လေးရာကျော်ဖမ်းမိ

0
471

တနင်္သာရီတိုင်းတွင် ငါးလတာကာ လအတွင်း တရားမဝင်သစ်တန် လေးရာ ကျော် ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။
တရားမဝင်သစ်ဖမ်းမိမှု အများစု တွင် ကနစို၊ လမု၊ လမဲ့ အစရှိသည့် သစ်မာတန်းဝင်မဟုတ်သည့်သစ် အမျိုးအစားများဖြစ်ပြီး ပျဉ်းကတိုးနှင့် ပိတောက်အမျိုးအစားသစ် ဖမ်းမိမှု အနည်းငယ်ရှိကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက် ထောက်ညွှန် ကြားရေးမှူး ဦးထွန်းညွန့်လှိုင်က ဆိုသည်။
သစ်များကို ပင်လယ်ပြင်တွင် ဖမ်း မိခြင်းထက် မြေပြင်တွင် ဖမ်းမိမှုက ပို များကြောင်း ၎င်းက ပြောသည်။

ယခုဘဏ္ဍာရေးနှစ် ဧပြီလမှ ဩ ဂုတ်လအထိ ငါးလတာကာလအတွင်း မြိတ်ခရိုင်တွင် တရားမဝင်သစ် ၂၆၉ တန်ကျော်၊ ကော့သောင်းခရိုင်တွင် ၁၁၁ တန်ကျော်နှင့် ထားဝယ်ခရိုင်တွင် ၆၃ တန်ကျော်ဖမ်းမိခဲ့ကြောင်း အထက်ပါရုံး စာရင်းအရ သိရသည်။

“ဌာနက စုံစမ်းပြီးဖမ်းမိတာရှိသလိုHot Line   ဖုန်းကို သတင်းပေးလို့ ဖမ်းမိတာလည်းရှိတယ်”ဟု ဦးထွန်းညွန့် လှိုင်က ပြောသည်။
သစ်တောဌာနက တရားမဝင် သစ် ထုတ်မှုများကို တိုင်ကြားနိုင်သည့် ဖုန်းနံ ပတ်များကို ပြီးခဲ့သည့်နှစ်က ထုတ်ပြန် ထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းအတွင်း တရားမဝင်သစ် တန်နှစ်ထောင်ကျော် ဖမ်းဆီးခဲ့သည်။