ခွဲခြားဆက်ဆံသည်ဟုဆိုကာ ထားဝယ်ပညာရေးကောလိပ် ကျောင်းသားတစ်ရာကျော် ဆန္ဒပြ

0
704

ပညာရေးကောလိပ်တက်ရောက် သည့် ကျောင်းသား၊ ကျောင်းသူများအား အလုပ်ခန့်ထားရာတွင် ခွဲခြားဆက်ဆံ ခံနေရသည့်ကိစ္စကို တွေ့ဆုံညှိနှိုင်းဖြေ ရှင်းပေးရန် ထားဝယ်ပညာရေးကောလိပ် ကျောင်းသူကျောင်းသားတစ်ရာကျော်က စက်တင်ဘာလ ၁၂ ရက်တွင် ဆန္ဒပြ တောင်းဆိုလိုက်သည်။
လက်ရှိ အလုပ်ခန့်ထားရာတွင် ပညာရေးတက္ကသိုလ် ကျောင်းဆင်းများ ကိုသာ ဦးစားပေးခန့်ထားနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံစိုးက ပြောသည်။

“ပညာရေးတက္ကသိုလ် တိုက်ရိုက် တက်တဲ့သူတွေကို အလုပ်ကို အရင်ချ ပေးတယ်။ ပညာရေးကောလိပ်တက်တဲ့ သူတွေက နောက်မှ ချပေးတယ်ဆိုတော့ ကြန့်ကြာမှုတွေ ဖြစ်နေတာပေါ့”ဟု ကိုဝေယံစိုးက ဆိုသည်။
ယင်းကိစ္စကို အမြန်ဆုံး ဖြေရှင်း ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ပညာ ရေးကောလိပ် ကျောင်းသားများသမဂ္ဂနှင့် ပညာရေးဝန်ကြီးဌာနတို့ အမြန်ဆုံး တွေ့ ဆုံဆွေးနွေးခွင့်ပေးရန် ဆန္ဒပြ ကျောင်း သားများက တောင်းဆိုလိုက်ခြင်းဖြစ် သည်။

ယင်းအပြင် ပညာရေးကောလိပ် နှစ်နှစ် သင်တန်းတက်ရောက်ပြီးသူများ အဝေးသင်တက္ကသိုလ် တတိယနှစ်မှ စ ပြီး ပညာသင်ကြားခွင့်ပေးရေး၊ ဘာသာ ရပ်လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရေး စ သည့်အချက်များအပါအဝင် အချက် ၆ ချက်ကိုလည်း ကျောင်းသားများက တောင်းဆိုထားသည်။
“ဘယ်သူမဆို ကိုယ်သင်မယ့် ဘာ သာရပ်ကို ကိုယ့်ဘာသာ ရွေးချယ်ချင် တာချည်းပဲ။ အခုက ရွေးချယ်ခွင့် မရ ဘူး။ ပညာရေးဝန်ကြီးဌာနက ချပေးတဲ့ အတိုင်းပဲ သင်ရတယ်”ဟု ကိုဝေယံစိုးက ဆိုသည်။

ယင်းဆန္ဒပြပွဲကို ကျောင်းအုပ် ဆရာမကြီး ခွင့်ပြုချက်ဖြင့် လုပ်ဆောင် ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတွင် ကျောင်းသူ၊ ကျောင်းသား ၁၀၅ ဦး ပါဝင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ထားဝယ်ပညာရေးကောလိပ်တွင် ယခု ပညာသင်နှစ်၌ ကျောင်းသူ၊ ကျောင်းသား လေးရာကျော် ပညာသင်ယူ လျက်ရှိကြောင်း ယင်းကျောင်းသားများ သမဂ္ဂ ထံမှ သိရသည်။