တိရစ္ဆာန် နှစ်သောင်းနီးပါးကို ကူးစက်ရောဂါ ကာကွယ်ဆေးထိုးမည်

0
492

တိုင်းအတွင်း လာမည့်ဘဏ္ဍာနှစ် တွင် တိရစ္ဆာန်အကောင်ရေနှစ်သောင်း နီးပါးကို ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးပေးရန် လျာထားကြောင်း တနင်္သာရီ တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာ နထံမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ စက်တင်ဘာ လအထိ) ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲ နှင့် ကြက်ဆင် စသည့် တိရစ္ဆာန် ၆ မျိုးတွင် ကာကွယ်ဆေးထိုးပေးရန် လျာထားခြင်း ဖြစ်သည်။

ကျွဲ၊ နွား တို့တွင် ဖြစ်တတ်သည့် လည်ခေါင်းကွဲ၊ ပေါင်ပုပ် လက်ပုပ် ရောဂါများ၊ ဝက်များတွင် ဖြစ်တတ် သည့် ဝက်ဝမ်းကျရောဂါ၊ ကြက်များ တွင် ဖြစ်တတ်သည့် ကြက်လည်လိမ် ရောဂါ၊ ကြက်ဘဲဝမ်းကျရောဂါ စသည့် ရောဂါငါးမျိုးအတွက် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် လျာထား ခြင်းဖြစ်ကြောင်း အထက်ပါဌာန တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကကတော့ တိရစ္ဆာန်တွေ ကူးစက်ရောဂါ မကျရောက်အောင် ထိုး ပေးတာပေါ့” ဟု အထက်ပါတာဝန်ရှိသူ က ဆိုသည်။
ကာကွယ်ဆေးအတွက် အခမဲ့ဖြစ် သော်လည်း ဆေးထိုးခအဖြစ် တိရစ္ဆာန် တစ်ကောင်လျှင် ကျပ် ငါးဆယ် ပေး ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။
လက်ရှိတွင် ကာကွယ်ဆေးထိုးပေး ရန် နှစ်သောင်းနီးပါးကိုပါ လျာထား သော်လည်း အမှန်တကယ် ကွင်းဆင်း ပြီး ကာကွယ်ဆေးထိုးပေးပါက ယင်း ပမာဏထက် များလာနိုင်ကြောင်း ၎င်း က ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က တိုင်း အတွင်း တိရစ္ဆာန် နှစ်သောင်းကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ကြောင်း အထက်ပါဌာန စာရင်းများအရ သိရ သည်။