သတ္တုလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့များ မြိတ်ခရိုင်တွင် ထပ်ဖွဲ့

0
631

မြိတ်ခရိုင်အတွင်း သတ္တုလုပ် ကွက်စောင့်ကြည့်ရေးအဖွဲ့ ၃ ဖွဲ့ကို ဩဂုတ်အတွင်း ထပ်မံဖွဲ့စည်းလိုက် ကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ(့ MATA) တနင်္သာရီအလုပ်အဖွဲ့နှင့် ဖွဲ့စည်းလိုက် သည့် စောင့်ကြည့်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ပုလောမြို့နယ်အတွင်းရှိ နန်းသီလာသတ္တုလုပ်ကွက်စောင့်ကြည့်ရေး အဖွဲ့အား အဖွဲ့ဝင် (၇) ဦး၊ တနင်္သာရီ မြို့နယ်အတွင်းရှိ တဂူသတ္တုလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့အား အဖွဲ့ဝင် (၁၀) ဦးနှင့် သိန္ဒောသတ္တုလုပ်ကွက် စောင့် ကြည့်ရေးအဖွဲ့အား အဖွဲ့ဝင် (၉) ဦး တို့ဖြင့် အသီးသီး ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ခြင်း ဖြစ်သည်။


ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် ယင်းအဖွဲ့များက ဒေသရှိသတ္တုလုပ်ကွက် များကြောင့် မြေယာနှင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုများ၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များ လိုက်နာမှုရှိမရှိ စသည်တို့ကို စောင့် ကြည့်ခြင်း၊ ကွင်းဆင်းကြည့်ရှုကာ အစိုး ရအဖွဲ့ထံ အစီရင်ခံခြင်းတို့ ပြုလုပ်ကြရ မည် ဖြစ်သည်။


“ဘယ်လောက်ထိ လုပ်နိုင်မယ်ဆို တာကတော့ ကျွန်တော်တို့အပေါ် မူတည် တာပေါ့၊ အချိန်နဲ့တပြေးညီ စောင့် ကြည့် နိုင်အောင်တော့ ကြိုးစားကြရမှာ ပေါ့”ဟု သိန္ဒောသတ္တုလုပ်ကွက်စောင့် ကြည့်ရေးအဖွဲ့ဝင် ကိုရန်နိုင်စိုးက ပြော သည်။
တိုင်းဒေသကြီး အစိုးရ၏ ညွှန် ကြားချက်ဖြင့် တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက်ရှိသည့်ဒေသအသီးသီး တွင် လုပ်ကွက်အလိုက် စောင့်ကြည့်ရေး အဖွဲ့များကို ၂၀၁၆ ခုနှင့် ဩဂုတ်လမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ ထားဝယ်ခရိုင်အတွင်း သတ္တု လုပ်ကွက်စောင့်ကြည့်ရေးအဖွဲ့ ၉ ဖွဲ့ နှင့် ယခုထပ်မံဖွဲ့စည်းသည့် ၃ ဖွဲ့ အပါ အဝင် မြိတ်ခရိုင်အတွင်း ၅ ဖွဲ့ စုစုပေါင်း ၁၄ ဖွဲ့ တာဝန်ပေးအပ်ထားပြီး ဖြစ် သည်။
အချို့ စောင့်ကြည့်ရေးအဖွဲ့များက ကွင်းဆင်းကာ အစီရင်ခံစာများပြုစု တင်ပြနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ထံမှ သိရသည်။


“အဲဒီ အစီရင်ခံစားများအပေါ် မူ တည်ပြီး သတ္တုတွင်းဌာနက စစ်ဆေး မယ်၊ အစီရင်ခံစာ တင်ထားတဲ့အတိုင်း အမှန်ပဲ ဖြစ်နေရင် ဥပဒေနဲ့အညီ တည့် မတ်မယ်”ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
စောင့်ကြည့်ရေးအဖွဲ့များအတွက် ဥပဒေဆိုင်ရာသင်တန်းများ စီစဉ်ခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ဆက်သွယ်ညှိုနှိုင်း ဆောင်ရွက်ခြင်းတို့အား မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာ ဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့ (MATA ) တနင်္သာရီအလုပ်အဖွဲ့မှ ဦးစီးဆောင်ရွက်လျက် ရှိသည်။