နည်းပညာကျောင်းသားသမဂ္ဂ အစိုးရထံ စာအုပ်နှင့် အားကစားပစ္စည်း အကူအညီတောင်း

0
494

အားကစားပစ္စည်းများနှင့် စာကြည့် တိုက်အတွက် လိုအပ်နေသည့် စာအုပ် များ ဖြည့်ဆည်းပေးရန် တနင်္သာရီတိုင်း အစိုးရဖွဲ့ထံ စက်တင်ဘာလ ၆ ရက်က အကူအညီ တောင်းခံလိုက်ကြောင်း နည်းပညာတက္ကသိုလ် (ထားဝယ်) ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
သုတ၊ ရသ စာအုပ်များနှင့် ကိုယ် လက်လှုပ်ရှား အားကစား(ဂျင်) ပစ္စည်း များ၊ ဘောလုံး၊ ဘတ်စကတ်ဘော စသည့် ပစ္စည်းများ အကူအညီပေးရန် တိုင်း လူမှုရေးဝန်ကြီးထံ စာပို့တောင်းခံခြင်း ဖြစ်သည်။

ယင်းပစ္စည်းများဝယ်ယူရန် အဆင့် မြင့်ပညာ ဦးစီးဌာနက ချထားပေးသည့် ရန်ပုံငွေမှာ နည်းပါးလှသဖြင့် တိုင်း အစိုးရရန်ပုံငွေဖြင့် ဖြည့်ဆည်းပေးရန် အကူအညီတောင်းခံခြင်းဖြစ်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ခန့်မော်က ပြောသည်။
“ပြည်ထောင်စုဘတ်ဂျက် (ရန်ပုံငွေ) ကလည်း ကျွန်တော်တို့ တစ်ကျောင်း တည်းအတွက် ဒီပစ္စည်းတွေ ဝယ်ပေး မယ်ဆိုပြီး ကျလာဖို့ကလည်း နည်းတယ်။ အဲဒီတော့ တိုင်းအစိုးရက ကျောင်းသား တွေအတွက် ဖြည့်ပေးနိုင်မလားပေါ့ အဲဒီလိုမျှော်လင့်ချက်နဲ့ သွားတောင်းတာ ပေါ့။ တကယ်လည်း လိုအပ်နေတယ်”ဟု ၎င်းကဆိုသည်။

ယင်းကျောင်းသားများသမဂ္ဂမှ အကူအညီတောင်းလာသည့် ကိစ္စကို တိုင်းအတွင်းရှိ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး အဆင်မပြေပါက တိုင်းအစိုးရအဖွဲ့ အစည်းအဝေးထံ တင်ပြဆွေးနွေးပေးမည် ဖြစ်ကြောင်း တိုင်းလှုမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
“မလုပ်ပေးဘူးဆိုတာ မရှိစေရဘူး။ တနည်းနည်းနဲ့ လုပ်ပေးမယ်။ သူတို့လို အပ်တဲ့ အတိုင်းအတာကိုပေါ့လေ။ ကြာ တယ်၊ မကြာဘူးဆိုတာကတော့ တစ်ပိုင်း ပေါ့လေ”ဟု ဝန်ကြီးဦးဟိုပင်က ဆိုသည်။

ယခုနှစ် ဇန်နဝါရီလကလည်း နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် မိုးလုံ၊ လေလုံ အားကစားခန်းမနှင့် ဘောလုံးကွင်းဆောင်လုပ်ပေးရန် ယင်း ကျောင်းသားများသမဂ္ဂက တိုင်းအစိုးရဖွဲ့ထံတောင်းဆိုခဲ့ဖူးသည်။