ခရီးသွားလုပ်ငန်း သီးသန့်ဆိပ်ခံတံတား မြိတ်တွင် ဆောက်မည်

0
518

မြိတ်မြို့ရှိ ခရီးသွားလုပ်ငန်းများ၏Speed Boat  များ သီးသန့်ရပ်နားနိုင်မည့် ဆိပ်ခံတံတားတစ်စီးဆောက်လုပ်ရန် စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

မြိတ်ကမ်းနားလမ်းရှိ ပြည်ဖြိုး ထွန်းကုမ္ပဏီရုံးနံဘေးတွင် တည်ဆောက် မည့် ဆိပ်ခံတံတား စီမံကိန်းအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆွေးနွေးနေဆဲဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ဆောက်လုပ်ရန် စီစဉ်နေကြောင်း ဦးဖြိုးဝင်းထွန်းက ဆိုသည်။
“အခုက ဆွေးနွေးတုန်းပဲ၊ ဘတ် ဂျတ်လည်း မလျာထားရသေးဘူး” ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းခရီးစဉ်များသို့ သွားလာရာတွင် ခရီးသွားလုပ်ငန်းများတွင် အသုံးပြုနေ သည့်Speed Boat  များ ဆိုက်ကပ်ရန် နေရာ သီးခြားမရှိသည့်အတွက် ဆိပ် ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်ဘောတံတား တွင် ဆိုက်ကပ်နေရသည်။
“နေရာတစ်ခု သတ်မှတ်မှတ်လေး ဖြစ်တော့ ခရီးသွားတွေအတွက်လည်း လုံခြုံမှုပိုရတာပေါ့”ဟု မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

မြိတ်တွင် ခရီးသွားဝန်ဆောင်မှုလုပ် ငန်း ၃၀ ကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မြိတ်ရုံးခွဲ)မှ သိရသည်။