တနင်္သာရီတွင် ညဈေးတန်းဖွင့်ရန် စီစဉ်

0
472

တနင်္သာရီမြို့အဝင် မြစ်ကမ်းနံ ဘေးရှိ ကမ်းနားလမ်းတစ်လျှောက်တွင် ညနေခင်းအလှနှင့် ညရှုခင်းအလှကိုခံ စားနိုင်မည့် ညဈေးတန်းတစ်ခုဖြစ် မြောက်ရေးအတွက် စီစဉ်လျက်ရှိသည်။
ညဈေးတန်းတွင် ဈေးရောင်းချလို ပါက စက်တင်ဘာလ ၁၃ ရက်မှစပြီး စာရင်းပေးနိုင်ပြီဖြစ်ကြောင်း တနင်္သာ ရီမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကြေညာထားသည်။

ဈေးစတင်ရောင်းချမည့်အချိန်မှာ ဈေးရောင်းချမည့်သူများ စာရင်းပေးသွင်း မှုအပေါ်မူတည်ကြောင်း တနင်္သာရီမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဟုန်စိုးက ပြောသည်။
ဈေးရောင်းချမည့်သူများအတွက် အမိုးပါမည့် သံဖရိန်များဖြင့် တည် ဆောက်မည့် ယာယီတဲများအား ပြုလုပ် ပေးမည်ဖြစ်ပြီး ညရောင်း မနက်သိမ်းစ နစ်(ညလုံးပေါက်ရောင်းချနိုင်မည့်စနစ်) ဖြင့် ညဈေးတန်းပြုလုပ်ရန် စီစဉ်ထား ကြောင်း ဦးဟုန်စိုးက ဆိုသည်။
ညဈေးတန်းတွင် တနင်္သာရီမြို့၏ ရိုးရာအစားအစာများအပြင် စားဖွယ်မျိုး စုံတို့ရောင်းချနိုင်မည် ဖြစ်သည်။

ဈေးရောင်းချိန်ဖြစ်သည့် ညရောင်း မနက်သိမ်းစနစ်မှာ ကနဦးသတ်မှတ်ထား ခြင်းဖြစ်ပြီး ရောင်းရသည့် အနေအထား ပေါ်မူတည်ကာ အချိန်အပြောင်းအလဲ ရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။
ဈေးဆိုင်များ၏သန့်ရှင်းရေးအပိုင်းနှင့် ပေးရမည့်အခွန်အခများအတွက် ဈေးရောင်း သူများနှင့် စည်ပင်ကော်မတီတို့ ဆွေးနွေး မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။