ပေါင်မြို့တွင် ကလေးတစ်ဦးအပါအဝင် လူ ၁၅ ဦး ခွေးရူးကိုက်ခံရ

0
474

မွန်ပြည်နယ်၊ ပေါင်မြို့ ကဒုံစိရပ် ကွက်တွင် ၂ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် လူ ၁၅ ဦး ခွေးရူးကိုက်ခံ ရသည်ဟု ပေါင်မြို့နယ် ပြည်သူ့ဆေးရုံ ထံမှ သိရသည်။
စက်တင်ဘာလ ၁၁ ရက်က ကဒုံစိ ရပ်ကွက်နေ ကလေးတစ်ဦးအပါအဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၆ ဦး တို့ကို ပိုင်ရှင်မဲ့ ခွေးတစ်ကောင်က ကိုက် သွားသည်ဟု ဒေသခံတို့က ပြောသည်။

ခွေးရူးကိုက်ခံရသူများကို ပေါင်မြို့ နယ် ပြည်သူ့ဆေးရုံတွင် အပြင်လူနာ များအဖြစ် ဆေးကုသပေးထားကြောင်း ပေါင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာခင်မောင်ကြီးက ပြောသည်။
“ခွေးရူးကိုက်ခံရတဲ့ လူနာတွေက ဒဏ်ရာတွေ သိပ်ပြင်းပြင်းထန်ထန် မပါ ဘူး။ အတွင်းလူနာ ကုသရတဲ့အထိ မစိုး ရိမ်ရဘူး။ အပြင်လူနာအဖြစ် ဆေးကုသ ပေးလိုက်တယ်။ ကာကွယ်ဆေးတော့ ထိုးရမယ်”ဟု ဒေါက်တာ ခင်မောင်ကြီး ပြောသည်။
လူ ၁၅ ဦးအား ကိုက်သည့် ခွေး သည် ရပ်ကွက်အတွင်း နေထိုင်သည့် ခွေးမဟုတ်ကြောင်း အိမ်မွေးခွေးပုံစံရှိ သော်လည်း ယနေ့ချိန်ထိ ပိုင်ရှင်မပေါ် သေးကြောင်း ခွေးရူးအကိုက်ခံရသူတို့က ပြောသည်။

“ခွေးက ခြံထဲထိ ဝင်ကိုက်တယ်၊ အဒေါ်မျက်နှာကို ခုန်ကိုက်လိုက်တာ တော်တော်ထိသွားတယ်၊ ခွေးရူးဆိုတာ လဲ မသိဘူး၊ ခွေးက ရူးတဲ့ပုံမပေါ်ဘူး၊ အဒေါ်တို့ရပ်ကွက်ထဲက လူတွေ အဲခွေး ကိုက်လို့ ဆေးရုံလာပြတာ တွေ့ရတော့ ခွေးရူးဆိုတာ သိတယ်၊ ကျောင်းလွှတ်ချိန် မရောက်ခင် ခွေးကို ရိုက်သတ်လိုက် ကြတယ်။ မဟုတ်ရင်ကလေးတွေ ကိုက် သွားမယ်”ဟု ခွေးရူးကိုက်ခံရသူ ဒေါ်မြမြက ပြောသည်။
မွန်ပြည်နယ်တွင် ခွေးကိုက်ခံရသူ များလာသလို ခွေးရူးပြန်ရောဂါဖြင့် သေ ဆုံးသူများလည်း ရှိနေသည့်အနေအထား ကြောင့် ခွေးရူးပြန်ရောဂါ ကာကွယ်ရေး ဆိုင်ရာ လူထုပညာပေးမှုကို လုပ်ဆောင် လျက်ရှိကာ ခွေးရူးပြန်ရောဂါ လုံးဝင် ကင်းစင်သွားသည်အထိလည်း အကောင်အထည်ဖော်သွားမည်ဟု ပြည် နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ သိရ သည်။

ပညာပေးရာတွင် လူထုတို့ သိထား သင့်သည့် အဓိကအချက်မှာ မည်သည့် ခွေးမဆို ခွေးရူးပြန်ရောဂါပိုးရှိနိုင်သည် ဖြစ်သည့်အတွက် ခွေးအကိုက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွား ရောက်အကြောင်းကြားရမည် ဖြစ်သည်။
ပြည်နယ်အတွင်း ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု မရှိစေရန်လည်း သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့တို့မှ ပိုင်ရှင်မဲ့ ခွေးများကို ရှင်းလင်းလျက်ရှိသည်။