ကော့သောင်းခရိုင်အတွင်း တရားမဝင် ကုန်သွယ်မှု ကြပ်မတ်မည်

0
563

မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်းခရိုင်အတွင်း ဝင်ပေါက် ထွက်ပေါက်များမှတစ်ဆင့် တရားမဝင် ကုန်သွယ် နေသည်များကို စက်တင်ဘာ လအကုန်တွင် စတင်ကြပ်မတ်သွားမည် ဖြစ်ကြောင်း ကော့သောင်းခရိုင် တရားမ ဝင်ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ က ဆိုသည်။

လူတစ်ဦးချင်းစီအလိုက် သယ် ဆောင်လာသည့် ကုန်ပစ္စည်းအပေါ် မူ တည်ပြီး စစ်ဆေးမည့်အပြင် ကုန်သည် များ တင်သွင်းလာသည့် ကုန်စည်များ ကိုလည်း အခွန်ဆောင်ထားခြင်း ရှိမရှိ နှင့် ကုန်ပစ္စည်း အမျိုးအစားကိုလည်း စစ်ဆေးမည်ဟု အထက်ပါ အဖွဲ့ဥက္ကဋ္ဌ ဖြစ်သည့် ခရိုင်အုပ်ချုပ်ချုပ်ရေးမှူး ဦးနေဦးက ဆိုသည်။
“စစ်မှာကတော့ အဓိက ဝင်ပေါက် တွေရော တရားမဝင် ဝင်ပေါက်တွေမှာ ရော ရှောင်တခင်ဝင်စစ်တာမျိုး သတင်း အရ သွားစစ်တာမျိုးတွေ လုပ်မယ်” ဟု ဦးနေဦးက ဆိုသည်။

စစ်ဆေးတွေ့ရှိသူများအား သွင်း ကုန်ထုတ်ကုန် ဥပဒေအပြင် သက်ဆိုင် ရာ အခြားဥပဒေများအရလည်း အရေး ယူဆောင်ရွက်သွားမည်ဟု ၎င်းက ပြော သည်။
“နယ်စပ်ဆိုတော့ ထိုင်းဘက်ကနေ စားသောက်ကုန်၊ လူသုံးကုန်က နေ့တိုင်း သယ်လာတာ အဲဒီအပေါ်မှာ စစ်ဆေး မယ်ဆိုရင်တော့ ဒေသအတွက် စဉ်းစား ပေးသင့်တယ်”လို့ နေ့စဉ် ထိုင်းဘက်မှ စားသောက်ကုန် ဝယ်ယူရောင်းချနေ သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

တရားမဝင်ကုန်သွယ်မူများနှင့် ပတ်သက်၍ အထူးအဖွဲ့ ဖွဲ့ထားပြီး ကြပ်မတ်တားဆီးအရေးယူသွားမည်အကြောင်းကို စက်တင်ဘာလ ၇ ရက်က မဉ္ဇူသကခန်းမတွင် ဒေသခံ ယစ်မျိုး လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်း ရှင်များ၊ ကုန်သည်ကြီးများအသင်းမှ လုပ်ငန်းရှင်များ၊ စတိုးဆိုင်။ စားသောက် ဆိုင်၊ သောက်ရေသန့်လုပ်ငန်းရှင်များ စုစုပေါင်း ၃၆၀ ဦးခန့်ကို ရှင်းလင်းဆွေး နွေးခဲ့သည်ဟု အထက်ပါအဖွဲ့က ဆို သည်။