KG တန်း ဆရာမကိစ္စ တိုင်ကြားထားမှုကို စတင်စစ်ဆေး

0
584

ကျူရှင်နားသည့် KG တန်း ကျောင်းသားအား အခန်းပြောင်းရန် ပြောဆိုခဲ့သည်ဟုဆိုကာ တိုင်ကြားထား မှုကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တိုင်းပညာရေး မှူး ဒေါ်မြင့်စိန်က ပြောသည်။
တိုင်ကြားထားခြင်းကို စုံစမ်းစစ် ဆေးပြီး သဘောထားမှတ်ချက်ဖြင့် ပြန် လည်တင်ပြရန် ထားဝယ်မြို့နယ် ပညာ ရေးမှူးကို စက်တင်ဘာလ ၁၁ ရက်က ညွှန်ကြားခဲ့ကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။

ထားဝယ်မြို့ရှိ အမှတ် ၁ အခြေခံ ပညာအထက်တန်းကျောင်းတွင် အတန်း ပိုင် ဆရာမက ကျူရှင်ဆက်မထားပါက အခြားအခန်းသို့ ပြောင်းရွှေ့သင်ကြားရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟုဆိုကာ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘ ဆရာအသင်းဝင်များနှင့် ကျောင်းသား ဟောင်းများပါဝင်သည့် စုစုပေါင်း ၁၅ ဦးက တိုင်းပညာရေးမှူးထံ တိုင်ကြားခဲ့ ခြင်း ဖြစ်သည်။

ယင်းကျောင်း၏ KG တန်း A အခန်း အတန်းပိုင်ဆရာမထံတွင် ကျူရှင် သင်ယူနေသည့် ကျောင်းသား တစ်ဦးက ကျန်းမာရေးအခြေအနေ ကြောင့် ကျူရှင်သင်ကြားမှုကို သုံးလခန့် ရပ်နားမည်ဟု ခွင့်တောင်းခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
တိုင်ကြားခံရသည့် KG အတန်း ပိုင်ဆရာမကမူ ၎င်းအနေဖြင့် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းမရှိကြောင်း တုံ့ပြန်ထား သည်။
စစ်ဆေးခြင်းကို စက်တင်ဘာလ ၁၇ ရက်တွင် ပြန်လည်တင်ပြရန် ညွှန် ကြားထားပြီး စစ်ဆေးချက်ပါ သဘော ထား မှတ်ချက် အပေါ် အခြေခံကာ တိုင်းဒေသကြီး ပညာရေးအလုပ်အမှု ဆောင်အဖွဲ့ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။

“အပြစ်မရှိဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ နှုတ်နဲ့ ခေါ်ယူသတိပေး မယ်၊ အပြစ်ကျူးလွန်ရင် ဝန်ထမ်းနည်း ဥပဒေအတိုင်း အရေးယူမယ်”ဟု တိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။
KG တန်းတွင် ကျူရှင်မသင်ရန် တားမြစ်ထားသော်လည်း တိုင်ကြားခံရ သည့် ဆရာမက ကျူရှင်သင်ကြားနေ သည့်အတွက် အပြစ်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုင်ကြားစာတွင် ကျောင်း၏ဂုဏ် သိက္ခာကို ထိခိုက်ကျဆင်းစေခြင်း၊ မူလတန်းအဆင့်ပညာသင်ကြားရေးတွင် ကျူရှင်သင်ကြားနေခြင်းက ဆရာမတစ် ဦး၏ စည်းကမ်းနှင့် မညီညွတ်ခြင်း၊ ကျောင်းသားများအကြား စိတ်ဝမ်းကွဲ စေခြင်း၊ ကျောင်းသားမိဘများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း အစရှိသည့် အချက်များကြောင့် တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။