အလွန်အကြူးကြော်ငြာကာ ရောင်းချနေသည့် လက်ဖက်ရည်တစ်မျိုးကို ရောင်းချခွင့်တားမြစ်

0
396

အလွန်အကြူးကြော်ငြာကာ ရပ် ကွက်များအတွင်း ရောင်းချနေသည့် လက်ဖက်ရည်တစ်မျိုးကို စက်တင်ဘာ လ ပထမအပတ်က တားမြစ်လိုက် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

ကုမ္ပဏီတစ်ခုက ထားဝယ်မြို့နယ် အတွင်းရှိ ရပ်ကွက်များအတွင်း လှည့် လည်ကာ Lingzhi Tea   အမည်ရှိသည့် လက်ဖက်ရည်ကို သောက်သုံးပါက ရောဂါအများစုကို ပိုဖြစ်မလာစေရန် တားဆီးနိုင်ပြီး ကြိုတင်ကာကွယ်နိုင် ကြောင်း အလွန်အကြူးကြော်ငြာကာ အချိန်ကာလတစ်ခုအထိ အခမဲ့ဖြန့်ဝေ ပေးပြီး နောက်ပိုင်းတွင် ရောင်းချရန် စီစဉ်နေသည့်အတွက် တားမြစ်လိုက် ကြောင်း ၎င်းက ဆိုသည်။
ခေါင်းကိုက်၊ ခေါင်းမူး၊ အကိုက် အခဲအမျိုးမျိုး၊ ဆီးချို၊ သွေးချို၊ သွေး တိုး၊ နှလုံးအားနည်း၊ လေးဖက်နာ ကျီးပေါင်း၊ ဒူလာ၊ ဆီးကျင်၊ ဆီးအောင့်၊ ဒူးနာ၊ ခါးနာနှင့် ပန်းနာရင်ကြပ်ရောဂါ များ ပိုမိုဆိုးရွားစွာ မဖြစ်စေရန်တား ဆီးနိုင်ပြီး ကြိုတင်ကာကွယ်နိုင်ကြောင်း ကြော်ငြာခဲ့သည်ဟု အထက်ပါကော်မတီ အတွင်းရေးမှူး ဒေါက်တာဟိန်းမင်း ထက်အောင်က ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စက်တင် ဘာလ ၁၁ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA ) ရုံးချုပ်ထံ တင်ပြထားပြီး ညွှန်ကြားချက် ကို စောင့်နေကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။
“နေပြည်တော်က ဘယ်လိုဆုံးဖြတ် မယ်မသိသေးဘူး၊ ညွှန်ကြားချက်ကို စောင့်နေတယ်”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် အဆိုပါ ကုမ္ပဏီက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်း မာရေးဟောပြောပွဲ လုပ်ခြင်း၊ ကျန်းမာ ရေး ဓာတ်စာ မိတ်ဆက်ခြင်းများ လုပ် ဆောင်နေကြောင်း ဒေါက်တာဟိန်းမင်း ထက်အောင်က ဆိုသည်။

အဆိုပါ လက်ဖက်ရည်သည် ကျန်းမာရေးအထောက်အကူပြု အစား အသောက်သာဖြစ်ပြီး ရောဂါ သက်သာ ကြောင်း၊ ပျောက်ကင်းကြောင်း၊ ကြို တင်ကာကွယ်နိုင်ကြောင်း ပြောဆို ရောင်းချ၊ အခမဲ့ဖြန့်ဝေခွင့်မရှိကြောင်း ၎င်းက ပြောသည်။
ထို့အပြင် ကျန်းမာရေး ဟောပြော ပွဲများကို ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားသည့် အဖွဲ့အစည်းများကသာ ပြုလုပ်ခွင့်ရှိကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။