တနင်္သာရီမြစ် ရေကာတာစီမံကိန်း အလိုမရှိကြောင်း ဆန္ဒပြ

0
418

တနင်္သာရီမြစ်တွင် တည်ဆောက် မည့်ရေကာတာစီမံကိန်းအား အလိုမရှိ ကြောင်း တနင်္သာရီမြို့နယ်၊ သရဘွင် အရှေ့ကမ်း ကျေးရွာတွင် ဒေသခံများမှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စက်တင်ဘာလ ၁၃ ရက်က ပြုလုပ်သည့် ဌာနေတိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း ဂုဏ်ပြုသည့်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ရွာပေါင်း ၃၀ ရှိ ဒေသခံ ၃၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

“ရေကာတာတည်ဆောက်ရေး စီမံကိန်းအလိုမရှိ”၊ “တနင်္သာရီမြစ် မုသားမပါ လွပ်လပ်စွာ စီးဆင်းပါစေ” “ဌာနေတိုင်းရင်းသားများ၏အခွင့်အရေး ကို လေးစားလိုက်နာပါ” စသည့် ကြွေး ကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။
တနင်္သာရီမြို့မှ စက်လှေဖြင့် ၁၀ နာရီခန့်သွားရသည့် ကျောက်ဖားရွာတွင် ၂၀၁၇ ခုနှစ်မှစတင်ပြီး ပါဝါချိုင်းနား အမည်ရှိ တရုတ်ကုမ္ပဏီတစ်ခုက မဂ္ဂါ ဝပ် ၁၀၀၀ ကျော်ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားထုတ်ယူရေး ရေကာတာ တည်ဆောက်ရန် တိုင်းတာမှုများ လုပ် ဆောင်နေကြောင်း တောင်ပိုင်းလူငယ် ကွန်ရက်အဖွဲ့မှ ဒါရိုက်တာ ဦးစံငွေက ပြောသည်။
ယင်းသို့ လုပ်ဆောင်နေသည်မှာ ပွင့်လင်းမြင်သာမှုမရှိသဖြင့် ဒေသခံများ က စိုးရိမ်ကာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ် ကြောင်း ဦးစံငွေက ဆိုသည်။

ရေကာတာတည်ဆောက်မည့် ကျောက်ဖားရွာအောက်ဘက် တနင်္သာရီ မြစ်ကမ်းတစ်လျှောက်တွင် ကျေးရွာ ပေါင်း ၇၀ နီးပါး ရှိပြီး ယင်းကျေးရွာ များရှိ ဒေသခံများမှာ ယင်းရေကာတာနှင့် ပတ်သက်ပြီး စိုးရိမ်သောကရောက်နေ ကြောင်း ၎င်းက ဆိုသည်။
စီမံကိန်းတစ်ခုလုပ်မည်ဆိုပါက နိုင်ငံတကာ စံချိန်စံညွှန်းဖြစ်သည့်FPIC  ကြိုတင်သတိပေး သဘောတူညီ မှု ရယူခြင်း)နှင့်အညီ ဒေသခံများကို ကြိုတင်အသိပေးပြီး လွပ်လပ်စွာ ဆန္ဒ သဘောထားခံယူခြင်းမျိုး လုပ်သင့် ကြောင်း ခိုင်မြဲသစ္စာ သဘာဝပတ်ဝန်း ကျင်နှင့် သယံဇာတထိန်းသိမ်းရေး ကော်မတီမှ ဦးစောအဲလ်ဖရက်က ပြောသည်။
“ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်နေရုံတင်မက ကျွန်တော်တို့ရဲ့ ဘ၀လုံခြုံမှုကင်းမဲ့သွား မယ်ဆိုတာ ယုံကြည်လို့ အခုလိုကန့် ကွက်နေရခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အန္တရာယ်ကြီးသည့် ရေကာတာစီမံ ကိန်းများသည် ဌာနေတိုင်းရင်းသားများ ၏ သဘာဝထိန်းသိမ်း နယ်မြေများကို ဝင်ရောက်လုပ်ဆောင်မည် ဆိုပါက ၎င်းတို့၏ အခွင့်အရေးများကို ချိုး ဖောက်ဖျက်ဆီးရာရောက်မည့်အပြင် ယင်းတို့၏ ဘ၀လုံခြုံမှုကိုကင်းမဲ့စေပြီး အနာဂတ်ကို ပျောက်ဆုံးစေမည်ဖြစ် သည့်အတွက် ယင်းစီမံကိန်းအား အယုံ အကြည်မရှိကြောင်း ကြေညာချက်တစ် စောင်ကိုလည်း ယင်းအခမ်းအနားတွင် ထုတ်ပြန်ခဲ့သည်။

ယင်းရေကာတာတည်ဆောက်ခြင်း ဖြင့် မြစ်ချောင်းများအတွင်း ငါးသယံဇာ တ ဆုံးရှုံးမှု၊ ရေသောက်မြစ် ခမ်း ခြောက်ခြင်းကြောင့် ဥယျာဉ်ခြံမြေ၊ လယ်ယာကိုင်းကျွန်း ဆုံးရှုံးရမှုများ သာမက ရေကာတာပြိုကျလျှင် လူပေါင်း များစွာအသက်အိုးအိမ်များ ထိခိုက် နိုင်သည့်အတွက် ကန့်ကွက်ပွဲများ ပြုလုပ်ရခြင်းဖြစ်သည်ဟု တနင်္သာရီ လူငယ်ကွန်ရက်အဖွဲ့မှ ကိုရန်နိုင်က ပြောသည်။
“လျှပ်စစ်မီးမရချင်နေပါစေ။ ဒေသခံတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီး မဲ့ ရေကာတာကိုတော့ လုံးဝမလိုပါဘူး”ဟု သာယာကုန်းကျေးရွာမှ ဒေသခံ နော်ဘူးလာက ဆိုသည်။