မွန်တွင် ချောင်း၊ မြောင်းပိတ် ကျူးကျော်များ တစ်လအတွင်း အရေးယူမည်

0
442

မွန်ပြည်နယ်အတွင်း၌ ချောင်း၊ မြောင်းများပိတ်ပြီး ကျူးကျော်ခြံခတ်ခြင်း အိမ်ဆောက်ခြင်းတို့ကို ဥပဒေနှင့်အညီ တစ်လအတွင်း အရေးယူသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက် ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးက ပြောသည်။
အချို့နေရာများတွင် ချောင်း၊ မြောင်းများအား ကျူးကျော်ပြီး နေအိမ် နှင့်ခြံဝင်းများ တိုးချဲ့ကျူးကျော်ဆောက် လုပ်ထားသောကြောင့် ပြီးခဲ့သည့် ဇွန်လ အတွင်း မိုးသည်းထန်စွာရွာချိန်က ရေစီး ရေလာနှောင့်နှေးပြီး ရေကြီးရေလျှံမှု ဖြစ်ပွားသည်ကို စိစစ်တွေ့ရှိရသည့် အတွက် ယင်းသို့ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

“ချောင်းမြောင်းတွေမှာ ကျူးကျော် ထားတဲ့ ဈေးဆိုင်၊ လူနေအိမ်၊ ခြံမြေတွေ ကို စနစ်တကျ စာရင်းကောက်ယူပြီးတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွား မယ်”ဟု ဝန်ကြီး ဦးထွန်းဌေးက ပြော သည်။
အရေးယူမှုကို စက်တင်ဘာလ ၁၂ ရက်မှစ၍ တစ်လအတွင်း ဆောင်ရွက် သွားမည်ဟု ဝန်ကြီးဦးထွန်းဌေးက ပြော သည်။
“ပေါင်မြို့နယ်မှာ ချောင်းကို ပိတ် ပြီး ခြံခတ်တယ်၊ မြောင်းပေါ်မှာ အိမ် ဆောက်တာတွေ ရှိတယ်၊ မြောင်းတွေ ချောင်းတွေ မရှိတော့ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်တယ်၊ ဒါကို ပြည်နယ်အစိုးရက တားမြစ်စာ ထုတ်ထားတယ်၊ မလိုက်နာ ရင် တစ်လအတွင်း အရေးယူမယ်လို့ ပြောတယ်”ဟု ပေါင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

အဆိုပါ ကျူးကျော်မှုများကို ဥပ ဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် အတွက် ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် စာရင်းကောက်ခံခဲ့ရာ မွန်ပြည် နယ် ၁၀ မြို့နယ်အနက်မှ ပေါင်၊ မော်လ မြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ချောင်းများ မြောင်း များပိတ်ပြီး ကျူးကျော်ထားသည်ကို တွေ့ရကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ကျူးကျော်နေ ထိုင်သူ ၈၈ ဦး၊ မော်လမြိုင်မြို့နယ်တွင် ၃၂၇ ဦး၊ ကျိုက်မရောမြို့နယ်တွင် ၈၆ဦး၊ မုဒုံမြို့နယ်တွင် ၁၂ ဦး၊ သံဖြူဇရပ်မြို့နယ် တွင် ၁၀၉ ဦး၊ ရေးမြို့နယ်တွင် ၁၅ ဦး ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးရှိ စာရင်းအရ သိရသည်။