လိုင်စင်ယူပြီး ကျောက်မထုတ်က လုပ်ငန်းပိတ်သိမ်းမည်

0
524

မွန်ပြည်နယ်အတွင်း ကျောက်ထုတ် လုပ်ခွင့် လုပ်ငန်းလိုင်စင်ရယူထားပြီး ကျောက်မထုတ်သည့် လုပ်ငန်းများကို လိုင်စင်ပိတ်သိမ်းသွားမည်ဟု မွန်ပြည် နယ်အစိုးရအဖွဲ့ထံမှ ပြောသည်။
မွန်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကျောက်ထုတ်လုပ်ခွင့်ပြု ပေးထားသည့်လုပ်ငန်း ၁၀၉ ခုအနက် လုပ်ငန်း ၂၇ ခု ကျောက်မထုတ်ပေ။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျောက်ထုတ်လုပ်ငန်းလိုင်စင်ခွင့်ပြုပေး ရာတွင် ယမန်နှစ်က လိုင်စင်ယူပြီး ကျောက်မထုတ်သည့် လုပ်ငန်းများကို လိုင်စင်သက်တမ်းတိုးမပေးဘဲ ပိတ်သိမ်း သွားမည်ဟု မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။
“လုပ်ခွင့်ရထားပေမယ့် ကျောက် ထုတ်လုပ်ခြင်းမရှိဘူးဆိုရင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အခွန်ရတယ် ဆိုပေမယ့် ပြည်နယ်နဲ့ အခွန်ဦးစီးဌာန အတွက် အခွန်မရဘူး။ ပြည်နယ်အတွက် နစ်နာတယ်။ နိုင်ငံတော်အတွက်လည်း နစ်နာတယ်”ဟု ဦးစိုးမြင့်က ပြောသည်။

ပြီးခဲ့သည့်နှစ်ကခွင့်ပြုသည့် ကျောက် မိုင်းလုပ်ငန်းများအနက် အချို့တို့သည် လျှောက်ထားသည့်ပမာဏထက် ကျောက် ကျင်းပိုထုတ်နေခြင်း၊ လိုင်စင်စည်းကမ်း ပါအချက်အလက်များ လိုက်နာမှုမရှိ ခြင်းတို့ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ယခုဘဏ္ဍာတွင် ကျောက်မိုင်းလုပ်ငန်း များ သက်တမ်းတိုးခြင်း လိုင်စင်အသစ် လျှောက်ခြင်းတို့ကို သေချာစိစစ်ပြီးမှသာ ဆောင်ရွက်ပေးလျက်ရှိသည်။
မွန်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကျောက်မိုင်းလုပ်ငန်းများ မှာ အခွန်ငွေကျပ်သိန်းပေါင်း တစ်သောင်း ကျော်ရရှိခဲ့သည်ဟု ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနစာရင်းအရ သိရ သည်။