ရေဖြူမြို့ ရေကန်သစ် ယခုနွေ စသုံးနိုင်မည်

0
426

ရေဖြူမြို့ပေါ်တွင် တူးဖော်နေသော အများပြည်သူသုံးရေကန်အား ယခုနှစ် နွေရာသီတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးနိုင်ထွေးက ပြောသည်။
ရေဖြူမြို့ အနောက်ဘက်ကမ်း (ခ)ရပ်ကွက်၊ ရပ်တော်မူဘုရားအနီးရှိ အဆိုပါရေကန်ကို ယခုလတွင် စတင်တူး ဖော်နေခြင်းဖြစ်ပြီး စက်တင်ဘာလကုန် တွင် လုပ်ငန်းပြီးစီးနိုင်ကြောင်း ဦးနိုင် ထွေးက ပြောသည်။

“နွေရာသီရေရှားချိန် အနီးပတ်ဝန်း ကျင်က ရေယူသုံးစွဲနိုင်ဖို့၊ မီးဘေး အတွက် အရေးအကြာင်းဆို ရေယူရ အောင်ပေါ့။ နောက်တစ်ခုကအများပြည် သူအပန်းဖြေအနားယူနိုင်ဖို့ ရည်ရွယ် တည်ဆောက်တာပါ”ဟု ၎င်းက ပြော သည်။
ရေကန်ဧရိယာ ပေ ၃၀၀ _ပေ ၁၀၀ ပတ်လည်နှင့် အနက် ၈ ပေရှိပြီး ရေကန်ပတ်ဝန်းကျင်တွင် အားကစားလေ့ ကျင့်ရေးပစ္စည်းများ ထားရှိသွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

နောင်တွင် ပန်းခြံအသွင် ဖြစ်ပေါ် လာစေရန် နောင်လာမည့်ဘတ်ဂျက်များ တွင် တဖြည်းဖြည်းလုပ်ဆောင်သွားရန် ရှိကြောင်း ဦးနိုင်ထွေးက ဆိုသည်။
ရေကန်နှင့် ပေ ၃၀၀ ခန့်အကွာတွင် အမှိုက်ကန်တစ်ခုရှိရာ ယင်းအမှိုက်ကန် ကို အခြားနေရာသို့ ပြောင်းရွှေ့သင့် သည်ဟု စည်ပင်သာယာရေးအဖွဲ့အား အကြံပြုထားကြောင်း ရေဖြူမြို့ခံ တစ် ဦးဖြစ်သူ ဦးမြင့်ဝင်းက ပြောသည်။

“ရေကန်နေရာကအချက်အချာကျ တယ်၊ ခုတောင် ရေရှိနေပြီဆိုတော့ သင့် တော်တဲ့နေရာပါ။ ဒါပေမဲ့ ရေကန်နဲ့ အမှိုက်ကန် နီးလို့ မဖြစ်တော့လေ။ အမှိုက်ကန်ပြောင်းဖို့ စည်ပင်ကမြေနေရာ ရှာနေတယ်လို့တော့ သိရတယ်”ဟု ဦးမြင့်ဝင်းက ပြောသည်။