ရင်းနှီးမြှုပ်နှံမှု မီးနီ ရှိနေဟုဆို

0
415

တနင်္သာရီတိုင်းအတွင်း စီးပွားရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ချိန်တွင် မီးနီးပြပြီး ကြန့် ကြာနေသည့် ကိစ္စများရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန( DICA  ) တနင်္သာရီတိုင်းဒေသ ကြီး ဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ် ငန်းများ ပိုမိုဝင်ရောက်လာစေရန် DICA   အနေဖြင့် ဖြေလျော့ကာ မီးစိမ်းပြထား သော်လည်း မြေယာအခြားနည်း အသုံး ပြုခွင့်ကဲ့သို့သော ကိစ္စများက မီးနီပြနေ ကြောင်း ဒေါက်တာထွန်းထွန်းက ဆို သည်။
“ဒီမှာကြုံနေရတာက ဥယျာဉ်ခြံမြေ တွေပေါ့၊ မြေယာအခြားနည်း အသုံးပြု ခွင့်လုပ်ရာမှာ ကြာနေတယ်”ဟု ၎င်းက ပြောသည်။
မြေယာအခြားနည်းအသုံးပြုခွင့် ရရန် လုပ်ဆောင်ရာတွင် သတ်မှတ်ထား သည့်အချိန်ထက် ကြာမြင့်နေကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မြန်မာနိုင် ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက် ရရှိထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်ထားသည့် ငွေပမာဏက အမေရိကန်ဒေါ်လာ ၂၄၆၀ ဒဿမ ၃၁ သန်းရှိကြောင်း တိုင်းဒေသ ကြီး DICA   ဌာန စာရင်းအရသိရသည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုမိန့်ထုတ်ပေး သည့် လုပ်ငန်း ၁၂ ခုရှိပြီး ကျပ်သန်း တစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံထား ကြောင်း တိုင်းဒေသကြီး DICA  ဌာန စာရင်းအရ သိရသည်။