ထားဝယ် ကွန်ပြူတာ တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် ကျောင်းအပ်ချိန် ထောက်ခံစာမလိုတော့

0
442

ကွန်ပြူတာတက္ကသိုလ်(ထားဝယ်)တွင်ဒုတိယနှစ်နှင့်အထက် ကျောင်း သား၊ ကျောင်းသူများ ကျောင်းအပ်ချိန် တွင် ထောက်ခံစာများ တင်ပြရန်မလို တော့ကြောင်း ယင်းတက္ကသိုလ်ကျောင်း သားများသမဂ္ဂက စက်တင်ဘာလ ၅ ရက်က ထုတ်ပြန်လိုက်သည်။
ကျောင်းအပ်ရာတွင် နှစ်စဉ်တင် ပြနေရသည့် ရပ်ကွက်၊ ကျေးရွာထောက် ခံစာ၊ ရဲစခန်းထောက်ခံစာနှင့် ကျန်းမာ ရေးထောက်ခံစာ သုံးမျိုးကို လာမည့် ပညာသင်နှစ်ကစ၍ တင်ပြန်ရန်မလို
တော့ကြောင်း ယင်းတက္ကသိုလ်ကျောင်း သားများသမဂ္ဂဒုတိယဥက္ကဋ္ဌ ကိုဇင်ဝေ က ပြောသည်။

ပထမနှစ်တက်မည့် ကျောင်းသား၊ ကျောင်းသူများမှာ ကျောင်းအပ်ရာတွင် ယခင်အတိုင်း ထောက်ခံစာများ တင်ပြ ရမည်ဖြစ်သည်။
“အရင်ကတည်းက အဲဒီကိစ္စ ဖြေ လျှော့ပေးဖို့ တစ်ဦးချင်းအနေနဲ့ ပြော နေတာကြာပြီ။ အခု ကျောင်းသားသမဂ္ဂ ကနေပြီး ပြောတော့မှ ဖြေလျော့ပေး လိုက်တာ”ဟု ကိုဇင်ဝေကဆိုသည်။

စက်တင်ဘာလ ၄ ရက်ကပြုလုပ် သည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသားများသမဂ္ဂ ကိုယ်စားလှယ် များပါဝင်သော ပညာရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖြေ လျော့ပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
ယင်းထောက်ခံစာများ တင်ပြနေရ ခြင်းသည် အချိန်ကုန်၊ လူပင်ပန်းရုံသာ ရှိသောကြောင့် ဖြေလျော့ပေးသင့်နေ သည်မှာ ကြာပြီဖြစ်ကြောင်း ယင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ အချို့ကပြောသည်။

ထားဝယ်တက္ကသိုလ်နှင့် နည်း ပညာတက္ကသိုလ်တို့တွင်မှု ကျောင်းအပ် ရာတွင် နှစ်စဉ် ထောက်ခံစာ တင်ပြရန် မလိုကြောင်း သက်ဆိုင်ရာကျောင်းသား များသမဂ္ဂများထံမှ သိရသည်။