ခေတ်သစ်ကိုလံဘတ်များ

0
778

ကမ္ဘာတွင်နယ်မြေသစ် ရှာသူများ တွင် ဗိုက်ကင်းလူမျိုး(Vikings) တို့ က ဆရာကြီးဟု သမိုင်းပညာရှင်များက ဆိုကြသည်။
ဗိုက်ကင်းတို့သည် သင်္ဘောများဖြင့် ကမ္ဘာ့ရေပြင်များပေါ်တွင် နှစ်ပေါင်း ငါးထောင်မျှ လှည့်လည်သွားလာခဲ့ကြ သည်။ ကြေးခေတ်တွင် လူတို့သိထား ပြီးသမျှ ရေပြင်များပေါ်ဗိုက်ကင်းသ င်္ဘောများ ရောက်ခဲ့ပြီးသည်ချည်းဟု ယူဆကြသည်။
အချို့က မြောက်အမေရိကတိုက် ကို နယ်မြေသစ် ရှာဖွေရာတွင်နာမည်အကျော်ကြားဆုံးသော ကိုလံဘတ် (Christopher Columbus) က ရှာဖွေတွေ့ရှိခဲ့သည်ဟု သတ်မှတ်ထား ကြသည်။

ဗိုက်ကင်းများသည် ကိုလံဘတ် မမွေးမီ နှစ်ရာပေါင်းများစွာကတည်းက မြောက်အမေရိကတိုက်သို့ ရောက်ခဲ့ကြ လေသည်။
သို့သော် ဗိုက်ကင်းတို့နယ်မြေသစ် ရှာဖွေခြင်းက ကိုလံဘတ်ကဲ့သို့ရှာဖွေ စူးစမ်းလိုရုံသက်သက် မဟုတ်ပေ။
ကမ္ဘာ့မြောက်ပိုင်းနယ်မြေမှ ဗိုက် ကင်းများသည် ကုန်သွယ်သည့် ကုန်သည် များမဟုတ်ကြပေ။ ၎င်းတို့အခြေချနေ ထိုင်ရန် နယ်မြေသစ်များ ချဲ့ထွင်သူများ ဖြစ်ကြသည်။ ၎င်းတို့သည်သူ တစ်ပါး နယ်မြေများကို အညှာအတာကင်းမဲ့စွာ ကျူးကျော်သိမ်းပိုက် တတ်သူများ ဖြစ် ကြသည်။

ကိုလံဘတ်ကား ထိုသို့မဟုတ်ပေ။
ထိုနယ်မြေသစ် ရှာဖွေရေးခရီးကို ထွက်ခြင်းမှာ မည်သည့်နိုင်ငံအတွက် မျှ မဟုတ်။ ဘယ်ရှင်ဘုရင်အတွက်မျှ မပါ။ သူ့သွေးသားအထဲကကို သွားချင် နေသဖြင့် သူ့အတွက် သူသွားခဲ့ခြင်းသာ ဖြစ်၏။
တနင်္သာရီတိုင်းတွင်လည်း ကိုလံ ဘတ်ကဲ့သို့ နယ်မြေသစ်ရှာဖွေသူတို့ တစ်စစ များလာသည်။
တနင်္သာရီတိုင်းသား ကိုလံဘတ် လက်သစ်များ နယ်မြေသစ်ရှာဖွေကြ ခြင်းမှာ အပန်းဖြေအနားယူရန် ဖြစ် သည်။ ကမ်းခြေသစ်များ၊ ရေတံခွန် သစ်များ လှပသောရှုခင်းသစ်များကို ရှာဖွေလာကြသည်။

ယင်းသို့ ရှာဖွေသူများထဲတွင် လူငယ် လူရွယ်များက ခြေသွက်လက် သွက် အရှိဆုံးဖြစ်သည်။
“မိုးရာသီဆိုရင်တော့ ဘယ်နေရာ မှာ ရေတံခွန်အသစ် ပေါ်နေလဲဆိုပြီး လိုက်မေးတာရှိတယ်”ဟု ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်နေ အသက်၁၉အရွယ် မဝတ်ရည်အေးက ပြောသည်။
ရေတံခွန်အသစ်၊ ကမ်းခြေအသစ် ဆို၍ ဆန်းကြယ်လှပကြီးမားလွန်း သည့် ရေတံခွန်ကြီးများ၊ ကမ်းခြေ ကြီးများ၊ ကျွန်းကြီးများသာ ရှာဖွေကြ သည်မဟုတ်ပါ။

ရွာနီနားမြက်၊ ရွာနွားမစားဆို သည့် စကားပုံအတိုင်း ရွာအနီးအနားမှ လူသွားလူလာမရှိသည့် ရေတံခွန်ငယ် လေးများ၊ ကမ်းခြေသေးသေးလေးများ၊ ရှုခင်းလှလှ၊ ကျွန်းငယ်ငယ်လေး များ သည်လည်း အပန်းဖြေနယ်မြေသစ်များ ထဲတွင် အကျုံးဝင်ပါသည်။
“နေရာအသစ်တစ်ခု ရှိတယ်ကြား ရင် အရင်ဆုံး သတိရတာချစ်သူကိုပါ။သူနဲ့အရင်ဆုံးသွားချင်တယ်၊ ပြီးမှ မိသားစုနဲ့ပေါ့”ဟု ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်မှ မမျိုးမျိုးအေး က ပြောသည်။

ယင်းသို့ လူသူအရောက်အပေါက် မရှိသလောက် နည်းပြီး သဘာဝအလှ မပျက် သန့်ရှင်းသပ်ရပ်သောနေရာများ တွေ့ရှိပါက လူငယ်အချင်းချင်း လက် တို့ကြ၊ အခြားသူများ စိတ်မဝင်စားခင် စောစီးစွာ သွားရောက်ကြ၊ အမှတ်တရ ဓာတ်ပုံများရိုက်ကူးကာ လူမှုကွန်ရက် ပေါ် မျှဝေကြဖြင့် ခေတ်သစ်ကိုလံဘတ် လေးများက မိမိတို့တွေ့ရှိသောနယ် မြေသစ်များအတွက် ဂုဏ်ယူတတ်ကြ လေသည်။

“ဘာကြောင့် နေရာသစ်ကို ရှာလဲ ဆိုတော့ သွားလာနေကျနေရာတွေက ရိုးအီလာတော့ အသစ်အဆန်းကို ထိ တွေ့ခံစားချင်လို့ပါ။ နေရာအသစ်ကို တွေ့ရင် ကိုယ်ချစ်ရတဲ့သူတွေခင်ရတဲ့သူတွေကို အရင်သတိရတယ်”ဟု အဏ္ဏ ဝါရပ်ကွက်မှ အသက်၃၀အရွယ် ကုမ္ပဏီ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြော သည်။
နယ်မြေသစ် ရှာဖွေသူတို့သည် မိမိတို့ တွေ့ရှိသည့်နယ်မြေသစ်များကို သင့်တင့် လျောက်ပတ်သောနာမည်များ ပေးတတ်ကြသည်။
ကိုလံဘတ်က မြောက်အမေရိက တွင် သူပထမဆုံးခြေချသည့်ကျွန်းကိုစန်ဆဲလ်ဗေဒို (San Salvador)ကျွန်း (ဝက်တလင်းကျွန်း)ဟု သမုတ်ခဲ့သည်။

“အမေရိက”ဟူသည့် အခေါ်အဝေါ် သည်လည်း အမေရိကတိုက်သို့ စူးစမ်း ရှာဖွေရေး ခရီးစဉ်များ သုံးကြိမ်တိတိ ထွက်ပေးခဲ့သည့် အီတာလျံလူမျိုး ရေကြောင်းကပ္ပတိန် “အမေရိဂိုဗက်စ် ပူချီ”(Americo Vespucci March 9, 1454 –February 22, 1512) အား အစွဲပြု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းသား ကိုလံဘတ် လက်သစ်တို့သည်လည်း မိမိတို့တွေ့ ရှိသည့် ရေတံခွန်သစ်များ၊ ကမ်းခြေ သစ်များ၊ ရှုခင်းသစ်များကိုသင့်တင့် လျောက်ပတ်သော နာမည်များပေး တတ်ကြသည်။
အကယ်၍ ဒေသအခေါ်အဝေါ် ရှိ ပြီးသားဆိုလျှင် ယင်းအခ်ါအဝေါ်ကိုပိုမို ထင်ပေါ်ရေး ဝိုင်းဝန်း ကြော်ငြာပေး တတ်ကြသည်။
ကိုလံဘတ်လက်သစ်များက နေရာသစ် ရှာဖွေရေးမအားလပ်ခြင်း၊ ကြားကာလတွင် မတွေ့ရှိခြင်းတို့ဖြစ် နေပါကလည်း အငြိမ်မနေတတ်ကြပါ။

အနည်းဆုံး ရှာဖွေမှုအဖြစ် စား သောက်ဆိုင်အသစ်၊ ကော်ဖီဆိုင်၊ အအေး ဆိုင်အသစ်များကို ရှာဖွေနေတတ်ကြ သည်။
ဆိုင်သစ်တွေ့လျှင် ထုံးစံအတိုင်းအချင်းချင်းလက်တို့ကြ၊ စုဝေးသွား ရောက်မြည်းစမ်းကြ၊ ဝိုင်းဝန်းဝေဖန် ကြပါတော့သည်။
မြိတ်မြို့မှ ကိုကျော်အောင်တို့ သူငယ်ချင်းတစ်သိုက်ကတော့ ဘီယာ ဆိုင်အသစ် တစ်ဆိုင်ဆိုင်ဖွင့်ပြီဆိုလျှင် သူ့ထက်ငါဦးစွာ သိရန်ကြိုးစားကြသည်။

“ဆိုင်ကလည်းအသစ်ကလေး၊ Waiter (စားပွဲထိုး) ကောင်မလေး တွေကလည်း အသစ်လေးတွေဆိုတော့ စိတ်အပြောင်းအလဲ တစ်မျိုးဖြစ်တာ ပေါ့”ဟု ကိုကျော်အောင် ပြောသည်။
တနင်္သာရီတိုင်းသား ကိုလံဘတ် လက်သစ်များက”ရှာဖွေလေ၊ တွေ့ရှိ လေ”ဟု ခံယူထားဟန်တူပါသည်။ “နေရာ သစ်များ ရှာဖွေတွေ့ရှိရေး ဘယ်တော့မှ လက်လျှော့မည်မဟုတ်” ဆိုသူများကို သာ တွေ့ရှိရလေသည်။

“အသစ် တစ်ခုပြီးတစ်ခု လိုက် ရှာနေမှာပဲ။ ကျွန်မတို့သူငယ်ချင်း တွေ သွားနေကြ နေရာလေးကနောက် တစ်လ နှစ်လလောက်ကြာရင် တခြားလူတွေ သိသွားပြီး လာကြရင် ကျွန်မတို့က အခြားနေရာတစ်ခုကို တစ်ခါပြန် လိုက်ရှာ..၊ အဲလိုသံသရာ လည်နေကြ တာ”ဟု ထားဝယ်မြို့ဆန်းချီရပ်ကွက် သူ မဝတ်ရည်အေးက ပြောသည်။

ကိုးကား- TLMS-2, Just another WordPress.com weblog