WY အကြွေးစာရင်း အိမ်နံရံတွင် ကပ်ထားသည့် မူးယစ်ဆေးရောင်းသူကို ဖမ်းမိ

0
1491

ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုး ကျေးရွာတွင် နေအိမ်အတွင်း မူးယစ်ဆေး ဝါး အကြွေးစာရင်းနှင့်အတူ မူးယစ်ဆေး ဝါးဖြန့်ဖြူးရောင်းချနေသူတစ်ဦးနှင့် ကွင်းဆက်တရားခံ ၄ ဦးကို စက်တင် ဘာ ၇ ရက်က မူးယစ်အထူးအဖွဲ့မှ ဖမ်းဆီးလိုက်သည်။
အကြွေးစာရင်းစာချပ်ပါ အမျိုး သားနှစ်ဦးနှင့်အတူ တစ်ခြားကွင်းဆက် တရား ၂ ဦး စုစုပေါင်း ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်း မြို့မရဲစခန်းမှ သိရသည်။

အကြွေးစာရင်းစာချပ်ရှိ အမည် စာရင်းပါ အသက် ၃၆ နှစ်အရွယ် အမျိုးသားထံမှ WY ဆေးပြား ၁၄၇ ပြား၊ ဘိန်းစာမုန့် ၅၀ ဂရမ်၊ ဆေး ရှူကိရိယာများနှင့်အတူ ဆိုင်ကယ်တစ် စီး သိမ်းဆည်းခဲ့ပြီး အသက် ၂၂ နှစ် အရွယ်အမျိုးသားထံမှ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိခြင်းမရှိဟု သိရသည်။

တခြားကွင်းဆက်တရားခံများဖြစ် သည့် အသက် ၃၂ နှစ်အရွယ် အမျိုး သားတစ်ဦးထံမှ စိတ်ြွကဆေးပြား ၄၂ ပြား၊ နောက်တစ်ဦးထံမှ ဆေးပြား ၈ ပြားတို့ကိုတွေ့ရှိ သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
အကြွေးမရောင်းပါ စာချပ်ရှိ နေအိမ်တွင့် စာတမ်းပါ စိတ်ြွက ဆေးပြား ၁၅၃ ပြား၊ ဆေးရှူကိရိယာ၊ ကော်ဗူး၊ ကား၂ စီး၊ ဆိုင်ကယ် ၃ စီး၊ လက်ကိုင်ဖုန်း၊ ငွေကျပ်သိန်း ၈၀ တို့နှင့်အတူ ဆေးပြား အကြွေးစာရင်း ဆိုင်းဘုတ်တစ်ခုကို သိမ်းဆီးရမိခဲ့ ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရ သည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ ရှိခဲ့သည့် ၄င်းတို့ ၅ ဦးကို မူးယစ်ဆေး ဝါးဥပဒေပုဒ်မများဖြင့် အရေးယူနိုင်ရန် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရ သည်။