အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ မြိတ်ခရိုင်ဗိုလ်စွဲ

0
521

တနင်္သာရီတိုင်းတွင် ပထမဆုံး အကြိမ်ကျင်းပသည့် အသက် ၁၉ နှစ် အောက် အမျိုးသမီးသုံးခရိုင်ဘောလုံး ပြိုင်ပွဲတွင် မြိတ်ခရိုင်အသင်းက အနိုင် ရဗိုလ်စွဲသွားခဲ့သည်။
ဗိုလ်လုပွဲတွင် ထားဝယ်ခရိုင် အသင်းနှင့် မြိတ်ခရိုင်အသင်းယှဉ်ပြိုင် ကစားခဲ့ကြပြီး ပွဲကစားချိန်ပထမပိုင်းက တည်းက မြိတ်ခရိုင်အသင်းက ထား ဝယ်ခရိုင်အသင်းကို ဦးဆောင်ဂိုးသွင်းယူ ထားပြီး ဒုတိယပိုင်း ပွဲကစားချိန်တွင် နောက်ထပ် ဦးဆောင်ဂိုး တစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့သည်။

ပွဲပြီးခါနီး ဆယ်မိနစ်ခန့် အလို ရောက်မှ ထားဝယ်ခရိုင်အသင်းက ချေ ပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲပြီးချိန် တွင် မြိတ်ခရိုင်က ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။
“ကြံ့ခိုင်မှုအပိုင်းမှာ ကျွန်တော်တို့ အသင်းက နည်းနည်းပိုသာသွားလို့ အနိုင် ရသွားတယ်လို့ ထင်တယ်။ ဒီအတွက် အရမ်းလည်း ဝမ်းသာတယ်။ မြိတ်ခရိုင် ကိုယ်စား ဂုဏ်လည်းယူတယ်”ဟု မြိတ် ခရိုင်အသင်း နည်းပြ ဦးဇေယျာလင်းက ဆိုသည်။
အုပ်စုပွဲစဉ်တွင်မူ မြိတ်ခရိုင်အသင်း က ထားဝယ်ခရိုင်အသင်းကို ၂ ဂိုးပြတ် ဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။
အုပ်စုအတွင်း ထားဝယ်ခရိုင်အသင်း က နှစ်ပွဲနိုင် ရမှတ် ၆ မှတ်၊ မြိတ်ခရိုင် အသင်းက တစ်ပွဲရှုံး တစ်ပွဲနိုင် ရမှတ် ၃ မှတ်ဖြင့် ယင်းနှစ်သင်းဗိုလ်လုပွဲတက် ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ထားဝယ်မြို့ တိုင်းအားကစားကွင်းတွင် စက်တင်ဘာလ ၇ရက်က ကျင်းပခဲ့သည်။
ယခင်က တနင်္သာရီတိုင်းအတွင်း အမျိုးသမီး အသက် ၁၉ နှစ်အောက် ပွဲများ ကျင်းပခဲ့ခြင်းမရှိဘဲ အသက် ၂၅ နှစ်အောက်ပွဲများသာ ကျင်းပခဲ့သည်။