လမ်းလယ်မျဉ်း ၂ ကြောင်းနဲ့ ဗျာများရပါတယ်

0
469

တစ်သက်နဲ့ တစ်ကိုယ်လမ်းတွေ မှာ တွေ့ဖူးတာက လမ်းလယ်မျဉ်းဆွဲထား တာရယ်၊ လမ်းလယ်မျဉ်းမဆွဲထားတာ ရယ်ပါ။
ဆွဲထားရင်လည်း ဆွဲထားတဲ့ အလျှောက် အဆင်ပြေသလို လမ်းကူးရပြု ရ၊ လမ်းကြောင်းခွဲရ၊ မရှိရင်လည်း မရှိ တဲ့အလျှောက် နားလည်မှုအပေါင်း သရ ဖူဆောင်းပြီး ဖြတ်သန်းသွားလာကြပါ တယ်။
ဒါပေမယ့် လမ်းကောင်းပြီး မြို့သန့် တယ်လို့ အခုနှစ်ပိုင်းတွေအတွင်းမှာ နာမည်ကြီးတဲ့ ထားဝယ်မြို့မှာတော့ လမ်းလယ်မျဉ်း ၂ ကြောင်းရှိတဲ့ လမ်း လည်း ရှိပါတယ်။

ထားဝယ်ကနေ လောင်းလုံးဘက် အထွက် ကမြောကင်းလမ်းက ဝန်ကြီး များအိမ်ရာရှိတဲ့လမ်းမို့ အထူးခင်းထား တာလို့ ထင်ရလောက်အောင် လမ်းလယ် မျဉ်းဖြူ ၂ ကြောင်းနဲ့ ဖြစ်နေပါတယ်။
ဆိုင်ကယ်စီးရင်း တစ်ဖက်ယာဉ်ကြော များ ရောက်သွားသလားဆိုပြီး မကြာ မကြာ မျက်စိလည် စိတ်ရှုပ်ရပါတယ်။
ကိုယ့်အရှိန့်ကိုယ်၊ ကိုယ့်အာရုံနဲ့ ကိုယ် အဲဒီမျဉ်းဖြူ ၂ ကြောင်းပေါ်ကို ရောက်သွားတိုင်း လမ်းဘေးတစ်ဖက် တစ်ချက်အကွာအဝေးကို ချိန်ဆကြည့် အမှန်လို့ ကိုယ်ထင်တဲ့မျဉ်းကို ရွေးလိုက် ရတာ အခါခါပါပဲ။

ခန့်မှန်းကြည့်ရသလောက်တော့ လမ်း တစ်ဖက်ကို ချဲ့လိုက်တော့ အရင် က လမ်းလယ်မျဉ်းအစား နောက်ထပ် လမ်းလယ်မျဉ်း တစ်ခုကို ထပ်ဆွဲခဲ့ပုံပါပဲ။ ဒါပေမယ့် အရင်လမ်းလယ်မျဉ်းကို သေ ချာမဖျက်ခဲ့ပါဘူး။
နေ့စဉ် လူထောင်ချီ ဖြတ်သန်းသွား လာနေတဲ့ ကမြောကင်းလမ်းလို့ လမ်းမ ကြီးမှာ အခုလိုဖြစ်နေတာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဝန်ကြီးများအိမ်ရာရှိတဲ့ လမ်းမို့ တာဝန်ရှိသူတွေလည်း လမ်းလယ် မျဉ်း ၂ ကြောင်းကို နေ့တိုင်းတွေ့ပြီးဖြစ် မယ်လို့ ယူဆပါတယ်။
တိုင်းအစိုးရ တာဝန်ရှိသူများခင်ဗျား။

မျဉ်းဖြူအဟောင်းကို ဖျက်ဖို့လည်း မခက်ဘူးလို့ ယူဆပါတယ်။
မျည်းဖြူလေး ၂ ကြောင်းဆိုပြီး ပေါ့သေးသေး မတွက်စေချင်ပါဘူး ခင် ဗျား။ အကြီးကြီးပါခင်ဗျား။
ရှက်စရာကြီးပါ ခင်ဗျား။ လမ်းလယ် မျဉ်း ၂ ကြောင်းရှိတဲ့မြို့ ဘယ်မြို့လဲ ဆိုပြီးမေးနေတဲ့သူတွေတောင်ရှိနေပါပြီး ခင်ဗျား။