ရပ်ခိုင်းထားသည့် စခန်းကြီးရွာ ကွန်ကရစ်လမ်း ဆက်ခင်းမည်

0
436

ကွန်ကရစ်လမ်းခင်းပြီး တစ်ပတ် အတွင်းတွင်ပင် အက်ကွဲလာသဖြင့် ရပ် ဆိုင်းရန် ဆုံးဖြတ်ထားသော လောင်းလုံး မြို့နယ် စခန်းကြီးရွာလမ်းအား လုပ် လက်စကုမ္ပဏီကပင် ဆက်ခင်းရန် ဆုံး ဖြတ်လိုက်သည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သည့် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ကျေးရွာသားများ၊ ကုမ္ပဏီတာဝန်ရှိသူ များနှင့် စခန်းကြီးရွာတွင် စက်တင်ဘာ ၅ ရက်က တွေ့ဆုံညှိနှိုင်းကာ ဆက်ခင်း ရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“အက်ကြောင်းပေါ်တာလည်း ပြန် ပြင်မယ်လို့ ပြောတယ်၊ နောက်ထပ်ခင်း တာ ဒီလိုမဖြစ်အောင် သူတို့(ကုမ္ပဏီ)က တာဝန်ယူမယ်ပေါ့”ဟု စခန်းကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော် နီဝင်းက ပြောသည်။
တိုင်းအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်Dragon Power   ကုမ္ပဏီမှ တာဝန်ယူ ခင်းနေသည့် ယင်းလမ်းမှာ အက်ကွဲလာ သဖြင့် ရပ်ကျေးနှင့် မြို့နယ်တည်ဆောက် ရေးလုပ်ငန်းများကြီးကြပ်ရေးကော် မတီများက
လုပ်ငန်းရပ်ဆိုင်းစေခဲ့ ခြင်း ဖြစ်သည်။

လက်ကျန်လမ်းကို ဆက်ခင်းရာ တွင် စံနှုန်းမီရေး ကုမ္ပဏီမှ တာဝန်ယူ ရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး(တိုင်းဒေသကြီး)မှ တာဝန်ရှိသူတစ်ဦးက ကြီး ကြပ်ရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ညှိနှိုင်းမှာကြားခဲ့သည်။
Dragon Power   ကုမ္ပဏီသည် တနင်္သာရီတိုင်း၏ အခြားနေရာများတွင် လည်း တည်ဆောက်ရေးလုပ်ငန်း လုပ် ကိုင်ခွင့်များ ရရှိထားသည်။