တတနင်္သာရီ-ဗောဓိကမ်းကူးတို့ လိုင်စင် ဒုတိယအကြိမ် လေလံတင်သော်လည်း လေလံဆွဲသူမရှိသေး

0
394

တနင်္သာရီမြို့နယ်တွင် တနင်္သာရီ-ဗောဓိကမ်း ကူးတို့လိုင်စင်အား ဒုတိယ အကြိမ်အဖြစ် စက်တင်ဘာလ ၅ ရက် က လေလံတင် ရောင်းချခဲ့ရာ လေလံဆွဲ သူ မရှိသေးကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှသိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ)အတွက် တနင်္သာရီ-ဗောဓိ ကမ်းကူးတို့ လိုင်စင်အပါအဝင် လိုင်စင် ၁၃ မျိုးအား ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က ပထမအကြိမ်အဖြစ် ရောင်းချခဲ့ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ပထမအကြိမ်တွင် ရောင်းချခဲ့သည့် လိုင်စင် ၁၃ မျိုးအနက် တနင်္သာရီ-ဗောဓိကမ်းကူးတို့၊ လယ်သစ်-ပန်းတော မော်ကူးတို့နှင့် ကားညအိပ်ရပ်နားခွန် စသည့် လိုင်စင် ၃ မျိုးမှာ လေလံ ဆွဲသူမရှိသဖြင့် ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ ၅ ရက်က ပြန်လည် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း စည်ပင်မှ သိရသည်။
သို့သော်လည်း အဆိုပါ လိုင်စင် ၃ မျိုးစလုံးကို လေလံဆွဲသူမရှိခဲ့ပေ။

“လေလံဈေးနှုန်းများလို့ထင်တယ်”ဟု တနင်္သာရီမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟုန်စိုး က ပြောသည်။
တနင်္သာရီ-ဗောဓိကမ်း ကူးတို့လိုင် စင်အား ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ မီနီ ဘတ်ဂျက် (ဧပြီလ ၄ ရက်မှ စက် တင်ဘာလ ၃၀ ရက်အထိ)တွင် လေလံ ဈေးနှုန်း ကျပ်သိန်းပေါင်း တစ်ထောင့် တစ်ရာတစ်သိန်းဖြင့် လုပ်ငန်းရှင်တစ် ဦးက လေလံအောင်မြင်ခဲ့ကြောင်း စည် ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခုနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်(၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ)အတွက် လေလံကြမ်း ခင်းဈေးနှုန်းမှာ ကျပ်သိန်းပေါင်း တစ် ထောင့်တစ်ရာတစ်သိန်း သတ်မှတ်ထား ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ဒုတိယအကြိမ် လေလံတင်ရောင်း ချရာတွင် လေလံဆွဲသူမရှိခဲ့သည့် လိုင် စင် ၃ ခုနှင့် သားသတ်လိုင်စင် ၇ ခုတို့အား စက်တင်ဘာလ ၁၄ ရက်တွင် တတိယအကြိမ်အဖြစ် လေလံတင်ရောင်း ချသွားမည်ဖြစ်ကြောင်း စည်ပင်သာယာ ရေးအဖွဲ့က စက်တင်ဘာလ ၆ ရက် နေ့တွင် ကြေညာထားသည်။

တတိယအကြိမ်တွင် ဈေးပြိုင်စနစ် ဖြင့် လေလံတင်ရောင်းချရာတွင် ဝယ် ယူသူမရှိပါက အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထပ်မံ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင် ဒါစနစ်တွင်လည်း တင်ဒါဆွဲသူလုံးဝ မရှိပါက အခြားနည်း (အဆင်ပြေသည့် နှုန်းထားတစ်ခုဖြင့် စည်ပင်ကော်မတီနှင့် ညှိနှိုင်းပြီး) ရောင်းချမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးဟုန်စိုးက ပြော ပြသည်။
“အခြားနည်းတောင် ဝယ်သူမရှိ ဘူးဆိုရင် လေလံကို ယာယီပိတ်သိမ်းခွင့် အဖြစ် တိုင်းအစိုးကိုတင်ပြပြီး ဆောင် ရွက်သွားမယ်” ဟု အမှုဆောင်အရာရှိ ဦးဟုန်စိုးက ဆိုသည်။