ဘန်းချောင်း ကျောက်မီးသွေး မြေစာပုံပြိုကျမှုကြောင့် ထိခိုက်မှုများ ဖြေရှင်းပေးရန် တောင်းဆို

0
542

ထားဝယ်မြို့နယ် ဘန်းချောင်းဒေ သ ကွမ်းချောင်းကြီးကျေးရွာရှိ ကျောက် မီးသွေးမိုင်း စွန့်ပစ်မြေစာပုံ ပြိုကျမှု ကြောင့် ပျက်စီးမှုများကို ဖြေရှင်းပေးရန် တနင်္သာရီတိုင်းအစိုးရဖွဲ့ထံ ဩဂုတ်လ ၃၁ ရက်စွဲဖြင့် ကွမ်းချောင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက စာပို့တောင်းဆိုထား သည်။
တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဖြစ်သည့် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ထံ လိပ်မူပြီး အသိပေးတင်ပြတောင်းဆိုထား ခြင်း ဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စွန့်ပစ်မြေစာပုံသည် ကွမ်းချောင်းကြီး ကျေးရွာရှိ ကွမ်းချောင်းကလေးချောင်း အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်က ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ကွမ်း ချောင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး စောသံညွတ် ပြောသည်။
ယင်းကဲ့သို့ ပြိုကျမှုကြောင့် ကွမ်း ချောင်းကလေးချောင်းမှာ ပေ ၂၀၀ ခန့်ပိတ်ဆို့သွားခဲ့ပြီး ရေစီးကြောင်းပြောင်း ကာ ယင်းချောင်းနံဘေးရှိ ဒေသခံ စောဟန်မြင့် ဥယျာဉ်ခြံကို တိုက်စားသွား ခဲ့ကြောင်း စောသံညွတ်က ဆိုသည်။

ထိုကဲ့သို့ ရေစီးကြောင်းပြောင်း တိုက်စားမှုကြောင့် စောဟန်မြင့်ဥယျာဉ်ခြံ မှ ကွမ်းသီးပင် ၃၂၀ပင်၊ ငှက်ပျောပင်၁၀ ပင်၊ သရက်ပင် ၇ ပင်၊ ဒူးရင်းပင် ၅ ပင်၊ အုန်းပင် ၃ ပင် ပျက်စီးသွားခဲ့ကြောင်း တိုင်းအစိုးရထံတင်ပြတောင်းဆိုသည့် စာတွင် ဖော်ပြထားသည်။
၎င်းအပြင် ကျန်ရှိနေသေးသည့် မြေစာပုံကြီးတွင်လည်း အက်ကွဲကြောင်း များဖြစ်ပေါ်နေပြီး ဆက်လက်ပြိုကျမည့် အခြေအနေ ရှိနေကြောင်း ယင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ထိခိုက်မှုများကြောင့် ပျက်စီးသွားသည့် ခြံပိုင်ရှင်က သက်ဆိုင် သည့် တိုင်းအစိုးရဖွဲ့ထံ တင်ပြပေးရန် တောင်းဆိုလာသဖြင့် တင်ပြပေးခြင်းဖြစ် ကြောင်း အုပ်ချုပ်ရေးမှူး စောသံညွှတ်က ပြောသည်။
“အခု ကွမ်းခြံတစ်ခြံပဲ ပျက်သွား ပေမယ့် အဲဒီမြေစာပြိုတဲ့အောက်မှာလည်း ကွမ်းခြံတွေ အများကြီးရှိသေးတယ်။ အောက်က ဥယျာဉ်တွေပါရင် အကုန်လုံး ဒုက္ခရောက်ပြီ။ အဲဒါကြောင့် နောက်ထပ် မြေမပြိုအောင် (တိုင်းအစိုးရက) ဘယ် လို ဖြေရှင်းပေးမလဲဆိုတာ သိချင်တယ်”ဟု ၎င်းကဆိုသည်။

ပေနှစ်ရာခန့် ပိတ်ဆို့ခဲ့သည့် ကွမ်း ချောင်းကလေးချောင်းကိုလည်း ပြန် လည်တူးဖော်ပေးစေလိုကြောင်း စောသံ ညွတ်ကဆိုသည်။
၎င်းအပြင် ကျောက်မီသွေးမိုင်း၏ မီးလောင်ကျွမ်းမှုနှင့် အနံ့ဆိုးများ ထွက် ရှိမှုအပေါ် အမြန်ဆုံးငြိမ်းသတ်ပေးရေး ကုမ္ပဏီအား ညွှန်ကြားပေးရန်နှင့် ချောင်း အတွင်းသို့ ကျောက်မီးသွေးမိုင်းရေတိုက် ရိုက်စီးဆင်းမှုကို အမြန်ဆုံးဖြေရှင်ပေးရန် တိုင်းအစိုးရအဖွဲ့သို့ တောင်းဆိုထားသည်။

အပင်များ ပျက်စီးခဲ့သည့် ခြံပိုင်ရှင် ကမူ ပျက်စီးမှုများအတွက် ကုမ္ပဏီ ဘက်က လျော်ကြေးပေးရန်အတွက် တိုင်းအစိုးရအဖွဲ့အနေဖြင့် ညွှန်ကြားပေး ရန် မျှော်လင့်နေကြောင်း ဘန်းချောင်း
ကျောက်မီးသွေးမိုင်းစောင့်ကြည့်ရေးအ ဖွဲ့ဥက္ကဋ္ဌ စောတင်ဦးက ပြောသည်။
“ခြံရှင်ကတော့ အရင်ကလည်း လျော်ပေးခဲ့တာမျိုးရှိတော့ အခုပျက်စီး မှုကိုလည်း လျော်ပေးတာမျိုးလိုချင်နေ တယ်”ဟု စောတင်ဦးက ဆိုသည်။
ယင်းဖြစ်စဉ်အား အမှတ်(၁)သတ္တု တွင်းဦးစီးဌာနထံ တင်ပြသွားမည်ဖြစ်ပြီး ယင်းဒေသတွင် ကျောက်မီးသွေးထုတ် လုပ်သည့် ကုမ္ပဏီကိုလည်း ယင်းကိစ္စ အား ဆောင်ရွက်ပေးရန် စာပို့ပေးမည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သယံဇာ တနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီး ဦးမြင့်မောင်က ပြောသည်။

ယင်းအပြင် ဘန်းချောင်း ကျောက် မီးသွေးမိုင်းစောင့်ကြည့်ရေးအဖွဲ့ကလည်း ဒေသခံများ ပျက်စီးအမှုအခြေအနေ အသေးစိတ်ကို စစ်ဆေးပြီး တိုင်းအစိုးရ ထံ စက်တင်ဘာလအတွင်း တင်ပြရန် စီစဉ်နေကြောင်း ယင်းစောင့်ကြည့်ရေး အဖွဲ့ဥက္ကဋ္ဌ စောတင်ဦးက ပြောသည်။

ကွမ်းချောင်းကြီးကျေးရွာရှိ မြေဧ က ၆၀ တွင်  East Star Mining   ကုမ္ပဏီက ကျောက်မီးသွေးမိုင်း တူးဖော် ခြင်းကို ၂၀၁၁ ခုနှစ်နှောင်းပိုင်း (သို့) ၂၀၁၂ခုနှစ် အစောပိုင်းမှ စတင်လုပ်ကိုင် ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၇ မတ်လတွင် တိုင်းအစိုးရက ယာယီရပ်နားထားရန် ညွှန်ကြားထားသည်။