သစ်တိုထောင့်ရွာ အိမ်သုံးလျှပ်စစ်ပစ္စည်းများ တပ်ဆင်ရာတွင် ငွေပိုယူဟုဆို

0
638

ရေဖြူမြို့နယ်၊ သစ်တိုထောင့်ရွာ တွင် အိမ်တွင်းလျှပ်စစ်ပစ္စည်းနှင့် မီး ကြိုးတပ်ဆင်ရာတွင် ကျေးရွာမီးလင်းရေး ကော်မတီက ပစ္စည်းတန်ဖိုးနှင့် တပ် ဆင်ခကို ကျသင့်ငွေကြေးထက် ပိုမိုရ ယူနေကြောင်း အဆိုပါရွာသားအချို့က ပြောသည်။
အိမ်တွင်းလျှပ်စစ်မီးကြိုးတပ်ဆင် ရာတွင် ကျေးရွာမီးလင်းရေးကော်မတီက မီးသီး၊ မီးကြိုးစသည့် လျှပ်စစ်ပစ္စည်းများ ကို ပြင်ပတွင် ဝယ်ယူခွင့်မပြုဘဲ ပေါက် ဈေးထက် ဈေးပိုတင်ရောင်းချနေကြောင်း သစ်တိုထောင့်ရွာနေ အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါကော်မတီက စရိတ်အတွက် အမြတ်နည်းနည်းသာ ပိုယူမည်ဟု ပြောဆိုထားခဲ့သော်လည်း လက်ရှိတွင် ပြင်ပပေါက်ဈေးနှင့် ကွာဟမှုများနေ ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။
လေးပေမီးချောင်းတစ်ချောင်းလျှင် ပြင်ပပေါက်ဈေးထက် ကျပ်ငါးရာပိုယူပြီး နှစ်ပေမီးချောင်းတစ်ချောင်းလျှင် ကျပ် နှစ်ရာ့ငါးဆယ်ပိုယူသည်ဟု ၎င်းက ဆိုသည်။
ယင်းအပြင် လျှပ်စစ်မီးကြိုးတပ် ဆင်ရာတွင် ကော်မတီက ခေါ်ယူထား သည့် အဖွဲ့ဖြင့်သာ တပ်ဆင်ခွင့်ရပြီး လက်ခသက်သာသည့် အခြားအဖွဲ့ကို ခေါ်ခွင့်မပြုကြောင်း ၎င်းက ဆိုသည်။

အဆိုပါအဖွဲ့က အခြားမီးရိုက်သည့် အဖွဲ့ထက် လက်ခပိုယူသည်ဟု ဒေသခံ များက ဆိုသည်။
မီးကြိုးက ပလပ်စတစ်ပိုက်အတွင်း ထည့်သွယ်သည့် မီးတစ်လုံးအတွက် လက်ခကို ကော်မတီက ခေါ်ယူထား သည့်အဖွဲ့က ကျပ် ၅၀၀၀ တောင်းခံပြီး အခြားမီးရိုက်သည့်အဖွဲ့များကမူ ကျပ် ၄၅၀၀ သာ ကုန်ကျမည်ဟု ပြောဆို ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

“ကော်မတီကမီးရိုက်တဲ့ (တပ်ဆင် သူ) အဖွဲ့ကို စောင့်ကြည့်ပေးရမယ့်အစား ရွာသားတွေအပေါ်မှာ ခေါင်းပုံဖြတ်သလို ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
ကျေးရွာမီးလင်းရေးကော်မတီကို အဖွဲ့ဝင် ၆ ဦးဖြင့် ကျေးရွာအုပ်ချုပ်ရေး မှူးက ဖွဲ့စည်းပေးခဲ့ပြီး ယင်းကဲ့သို့ ဖွဲ့စည်းခြင်းအပေါ် ရွာသားအများစုက သိရှိခြင်းမရှိကြောင်း ဒေသခံအချို့က ဆိုသည်။

အဆိုပါကျေးရွာ၌ ပုဂ္ဂလိက ဖြန့် ချိနေသည့် လျှပ်စစ်မီးကို သုံးစွဲနေကြ ခြင်းဖြစ်ပြီး လက်ရှိတွင် အစိုးရလျှပ် စစ်မီးရရှိတော့မည်ဖြစ်သဖြင့် အိမ်တွင်း ဝါယာကြိုးများ၊ မီးသီးများ တပ်ဆင်နေ ကြခြင်းဖြစ်သည်။
“ရွာရန်ပုံငွေဆိုတာ လက်ခံပေ မယ့် လက်ခဈေးကြီးနေတာက လက်မ ခံချင်ဘူး။ ကျွန်တော်ခံရသလို အခြား သူတွေ မခံရချင်ဘူး။ ဈေးသက်သာ တဲ့အဖွဲ့လာပေမယ့် အဲဒီအဖွဲ့ (လက်ရှိ တပ်ဆင်နေသည့် အဖွဲ့)က ကော်မတီနဲ့ စာချုပ်ချုပ်ထားတယ်ပြောပြီး လက်မ ခံဘူး”ဟု မီးတပ်ဆင်ပြီးသည့် ဦးဆန်း ဝင်းက ဆိုသည်။
ဩဂုတ်လအတွင်းက မီးလင်းရေး ကော်မတီအစည်းအဝေးတွင် လျှပ်စစ် ပစ္စည်းများကို ထားဝယ်မြို့တွင် ဝယ်ယူ ပြီး ဒေသခံများကို လက်ကားနှုန်းထား အတိုင်း ပြန်ရောင်းမည်ဟု ဆွေးနွေးခဲ့ကြ ကြောင်း သစ်တိုထောင့်ရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဝင်းမောင်က ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့တွင် ဝယ်ယူသည့် နှုန်းထားအတိုင်း မဟုတ် တော့ဘဲ ဈေးပိုနေသည့်အတွက် ၎င်း အိမ်တွင်ပင် မတပ်ဆင်သေးကြောင်း ဦးဝင်းမောင်က ပြောသည်။
“ဒေသခံတွေလည်း မနစ်နာအောင်၊ မီးလည်း စောစောလင်းဖို့ လိုလားတယ်”ဟု ၎င်းက ဆိုသည်။
ကျေးရွာမီးလင်းရေး ကော်မတီကို ဖွဲ့စည်းခြင်းမဟုတ်ဘဲ ရပ်မိရပ်ဖ၊ လျှပ် စစ်ကျွမ်းကျင်သူ၊ ဆယ်အိမ်မှူးများ ပါဝင်သည့် အထောက်အကူပြုရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ပစ္စည်း ဝယ်ယူရာတွင် အဝယ်မမှားစေရန် လုပ် ပေးခြင်းသာဖြစ်ကြောင်း သစ်တိုထောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ရှင်းပြသည်။

ထားဝယ်မြို့မှတစ်ဆင့် သယ်ယူပို့ ဆောင်စရိတ်ရှိသည့်အတွက် လျှပ်စစ် ပစ္စည်းများ ဈေးအနည်းငယ်ပိုနေခြင်း ဖြစ်ပြီး တပ်ဆင်ပြီးပါက စာရင်းဇယား ဖြင့် ရှင်းပြမည်ဖြစ်ကြောင်း ဦးရဲဝင်းက ပြောသည်။
ငွေကြေးပိုနေပါက ရွာသားများ၏ ဆန္ဒအရ လိုအပ်သည့်နေရာတွင် သုံးစွဲ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စီးပွားရေးသမားတွေ ဝင်ရောင်း ရင် ရွာနစ်နာမှာစိုးလို့ ဒီအဖွဲ့က ရောင်း ပေးတာပါ”ဟု ၎င်းက ပြောသည်။

တပ်ဆင်ခ(လက်ခ)နှုန်းထားမှာ လည်း ပိုနေခြင်းမဟုတ်ဘဲ ၎င်းရွာအနီး တဝိုက်ရှိ ကျေးရွာများတွင် တပ်ဆင် သည့်နှုန်းထားနှင့် အတူတူပင်ဖြစ် ကြောင်း ဦးရဲဝင်းက ဆိုသည်။
သစ်တိုထောင့်ရွာတွင် အစိုးရ၏ ကျေးလက်မီးလင်းရေးမီတာ အလုံး ၆၀ တပ်ဆင်ခွင့်ရမည်ဟု လျှပ်စစ်ဌာနမှ တစ်ဆင့် ကြားသိရကြောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။