ကျွန်တော့် ဆံသဆရာများ

0
1142

လူဆိုတာမျိုးက အစွဲအလန်းကြီး တတ်တယ်။ ကိုယ်လုပ်နေကျသည့် အလုပ်ဆိုရင် ဒီအတိုင်းလုပ်လိုက်ရမှ ပစ္စည်းဝယ်တာမျိုးဆိုရင်လည်း ဝယ်နေ ကျဆိုင်မှ သုံးနေကျအမျိုးအစားမှ။
ကျွန်တော်ဆို ဆိုင်ကယ် ဓာတ် ဆီထည့်တာကိုပင် ထည့်နေကျဆိုင်မှဆို တာမျိုး။ အဲ့ဆိုင်ရှေ့ဖြတ်သွားရင်တောင် ဓာတ်ဆီကုန်ကုန် မကုန်ကုန် ဒီဆိုင်က ထည့်နေရမှ ဓာတ်ဆီကုန်ခါနီးဆိုလျှင် ထည့်နေကျဆိုင် အရောက်မောင်းပြီး ဖြစ်အောင် သွားထည့်တတ်တယ်။ ဆီ ဆိုင်နားရောက်ခါနီးမှ ဆက်သွားမရ၍ တွန်းရတာလည်း အခါခါပင်။

ကျွန်တော် လူမှန်းသိစကတည်းက ဆံပင်ညှပ်နေရတယ်။ အဖေဖြစ်သူက ဆံပင်ရှည်လျှင် မကြိုက်။ သူလည်း အတိုပုံစံပဲ ညှပ်တယ်။ ဆံပင်ပုံစံပြောင်း သွားတာလည်း မကြိုက်တော့ တစ်လ မပြည့်ခင် တစ်ခါတော့ အနည်းဆုံးညှပ် ရတယ်။ ဆုံလည်လက်တန်းပေါ်မှာ သစ် ပြားကြီးတင်ပြီး ထိုင်ရတာမျိုးကြီး။ ယားလို့ ကုတ်ဖို့လုပ်ယင်”နေ..နေ..ကလေး ဦးဦး … ခြားပေးမယ်”လို့ ပြောတာမှတ်မိသေးတယ်။ ခြားပေးမယ် ဆိုတာတော့ ညှပ်နေတာကို အချိန်ခဏ ခြားပေးမယ်လို့ ပြောပေးတာလို့ ထင်တာ ပါပဲ။ ကလေးအရွယ်ဆိုတော့ မေးလည်း သေချာမမေးဖြစ်။

ကျောင်းနေချိန် မိသားတစ်စုလုံး တခြားမြို့ကိုပြောင်းတော့ ဆံပင်ညှပ်ဆိုင် နောက်တစ်ခုကိုပါ ပြောင်းရတယ်။ အ အေးခန်းဆံသဆိုလား အဆင့်မြင့်ဆံသ ဆိုလား မမှတ်မိတော့ပါ။ မှန်ခန်းတွေထဲ မှာ ညှပ်ရတယ်။ ညှပ်နေကျလူတစ်ဦးနဲ့ ပုံမှန်ညှပ်ရတယ်။ အဖေလည်း ဒီလူနဲ့ပဲ ညှပ်တယ်။ ကျွန်တော်လည်း ဒီလူနဲ့ပဲ ညှပ်ရတယ်။ ပုံစံကတော့ အဖေပြောတဲ့ပုံစံ ဗိုလ်ကေဆီရွဲ ပိပိပြားပြားပေါ့။ မြို့မကျ တောမကျစတိုင်။ အဖေတစ်လတစ်ခါ ညှပ်ရင် ကျွန်တော်လည်း ဒီအစီအစဉ်အ တိုင်း ဆံပင်ပုံစံ ကိုယ်ကြိုက်လားမကြိုက် လား တစ်ခါမှမစဉ်းစားဖြစ်ခဲ့။ သေချာ တာတစ်ခုက ဆံပင်ညှပ်ဆိုင်လာရင် ဒီ ဆံပင်ညှပ်တဲ့ အသက်ခပ်လတ်လတ် အရွယ် လူညှပ်ပေးမှဆိုတာမျိုး။ ကျွန် တော်ရဲ့ ဒုတိယမြောက် ဆံပင်ညှပ်ဆရာ လို့ဆိုနိုင်တယ်။

တခြားလူနဲ့ ကျွန်တော်ဆံပင်ညှပ် ခြင်းနှင့် ဘာမှမဆိုင်ဆိုတဲ့ အသိပဲ ရှိခဲ့ ဖူးတယ်။ အဲဒီဆံပင်ညှပ်ဆရာ ဆိုင်မလာ တဲ့နေ့ဆို ကျွန်တော်လည်း လာတဲ့နေ့ အထိ စောင့်နေရလို့ ဆံပင်ပိုရှည်သွား တာမျိုးလည်း ကြုံဖူးခဲ့ပါတယ်။
အထက်တန်းလောက်ရောက်လာတော့ အဖေက အိမ်အပြင်ထွက် ဆံပင်ညှပ်လေ့ မရှိတော့ဘူး။ အိမ်ကို နောက်တတိယ မြောက် ဆံပင်ညှပ်ဆရာ ရောက်လာပြီး လာညှပ်ပေးတာ ကျွန်တော်လည်း အိမ် မှာပဲ ညှပ်ရတော့တယ်။ ဆံပင်ညှပ်ကိရိ ယာအစုံသူနဲ့ပါလာတာ တွေ့တယ်။ လျှပ် စစ်မော်တာလည်း အိမ်မှာပလပ်ထိုး အိမ်ရှေ့ဝရန်တာမှာ ထိုင်ညှပ်ရတယ်။

မီးမလာတဲ့နေ့ဆိုလည်း သူမှာ လက်ညှပ် မော်တာနဲ့ တကျီကျီညှပ်ပါတော့တယ်။ တစ်လတစ်ကြိမ်လာတာလည်း အချိန်မှန် တယ်။ ကိုယ်တွေလည်း အပြင်ထွက်စရာ မလိုတော့။
“အဖေရယ် ရန်ကုန်က ဝန်ကြီးတွေ ဆိုလည်း ဒီလိုဘဲ အိမ်မှာညှပ်တယ်လို့ ကြားဖူးတယ်။ ဆံပင်ညှပ်ဆိုင်တို့ဘာတို့ သွားမညှပ်ကြဘူးတဲ့”
ဒီလိုပြောတော့ အဖေက ပြုံးတယ်။
“အေးလေ ကိုယ့်ကုသိုလ်နဲ့ ကိုယ် ပေါ့ကွ”တဲ့။
ဒီတတိယမြောက် ကျွန်တော်ညှပ်ဖူး တဲ့ဆရာက အသက်တော့ အဖေထက်ကြီး တယ်။ စိတ်ရှည်တာရယ်၊ ဝါရှိတာရယ်၊ အချိန်တိကျတာရယ်ကို အဖေသဘောကျ တယ်။ ဆံပင်ပုံစံကတော့ ကျွန်တော်မှာ စောဒက တက်ခွင့်မရှိ။ အဖေကြိုက်ရင် ပြီးတာပဲနဲ့ ဒီဆံသဆရာ ညှပ်ရင်ပြီးတာ ပဲလို့ ယုံကြည်ထားတယ်။

ပထမနှစ်တက္ကသိုလ်တက်တော့ အထက် တန်းကျောင်းတုန်းကသူငယ်ချင်းတွေက
“မင်းဆံပင်ပုံစံက တောကျလိုက်တာ ဆိုင်ကောင်းကောင်းလေးပို့ပြီး ပြင်နိုင်ဦး မှပါ”လို့ဆိုပြီး ပုံစံပြင်ခိုင်းတယ်။ သူတို့ တွေလည်း နှစ်ကြိမ်လောက် ကိုယ်တိုင် လိုက်ပို့ပြီး စိတ်ရှည်လက်ရှည် ကြပ်မတ် ပုံပြောင်းပေးတဲ့ Hair cream   တွေJel တွေ Shampoo  တွေကအစ စီစဉ်ပေး တယ်။ ဆံပင်ညှပ်ဆိုင်က ဆုံလည်ခုံတွေ၊Air con  တွေ coffee ဆိုင်တွေက ကျွန်တော်အတွက် တကယ့် အထူးအဆန်း ကျောင်းစာမေးပွဲပြီးလို့ နယ်မြို့လေးပြန် ရောက်တဲ့အခါကျတော့ အဖေညှပ်နေတဲ့ ဆံသဆရာနဲ့ အံမဝင်တော့။ ကိုယ့်ပုံစံသူ လည်း ပြန်မညှပ်တော့ဘူးတဲ့။ ပွင့်ပွင့် လင်းလင်းပြောရှာတယ်။ အဖေက ဒီ တော့မှ လွတ်လပ်ခွင့်ပေးတယ်။
“သားကြိုက်တဲ့ဆိုင်မှာ ညှပ်ပါတဲ့”

ကျွန်တော်ကို ရွေးချယ်ခွင့်ပေးလာ တဲ့သဘော။ ဒီတော့မှ ကျွန်တော်ရဲ့ စတုတ္ထမြောက်ဖြစ်မယ့် ဆံသဆရာကို ရှာရတော့တယ်။ လူငယ်လည်း ဖြစ်ရမယ်၊ သန့်ရှင်းရမယ်၊ ခေတ်မီရမယ်၊ ဈေးနှုန်း လည်းသင့်တင့်ရမယ်ပေါ့။ လတိုင်း ဆံ ပင်ညှပ်နေရတာ ဆိုတော့လေ။
အဖေကတော့ သူညှပ်နေကျ ဆံ သဆရာနဲ့မှပဲ သူကွယ်လွန်တဲ့အထိ ညှပ်သွားပါတယ်။ သူဘ၀မှာလည်း ဆံ ပင်ညှပ်ဆရာ ဘယ်နှစ်ယောက်မှ ရှိမယ် မထင်။
ကျွန်တော်လည်း လိုက်ရှာရင်း ဆံ ပင်ညှပ်ရင်း ဆံပင်လေးခါလောက် အစမ်းအညှပ်ခံရပြီးမှ သဘောကျတဲ့ စတုတ္ထမြောက်ဆံသဆရာကို ရှာတွေ့ခဲ့ ပါတယ်။ အသက်လည်း ကျွန်တော်ထက် ၇နှစ် ၈နှစ်လောက်ပဲကြီးပါတယ်။ လိုတဲ့ ဆံပင်ပုံစံလည်း ရတယ်။

ဆံပင်ညှပ်ရင်း ဘောလုံးပွဲအကြောင်း စာအုပ်တွေ ဂျာ နယ်တွေအကြောင်းလည်း ပြောဆိုဖလှယ် လို့ရတယ်။ သန့်ရှင်းဖို့အတွက်လည်း လိုသလိုပြောလို့ ရတယ်။ ဆံပင်ညှပ်ရာမှာ လိုတဲ့ ခြုံပိုင်းတို့၊ လိုအပ်တဲ့ဃသျာနအငခ တွေလည်း ယူသွားလို့ရတယ်။ ဆံပင်ညှပ် ပြီး ဇက်ကြောဆွဲပေးတာတို့၊ မုတ်ဆိတ် ရိပ်ခိုင်းတာတို့လည်းလုပ်ပေးတယ် ဈေး နှုန်းလည်း သင့်တင့်တယ်ဆိုတော့ အဲဒီ ဆံသဆရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်တယ် ပေါ့။

အစွဲအလန်းကြီးတဲ့ ကျွန်တော်က တော့ ကျွန်တော်ဆံပင်ကို သူညှပ်မှတစ် လလောက် ခရီးသွားစရာရှိရင်တောင် ဆံပင်မရှည်ခင်ညှပ်သွားပြီး ပြန်ရောက် တာနဲ့တန်းပြီး ဆံပင်ညှပ်တာမျိုး အလုပ် ကိစ္စတွေနဲ့ နယ်မြို့မှာ မနေဖြစ်ရင်တောင် မှ ဆံပင်ညှပ်ဖို့လိုတဲ့အချိန်ချိန်ပြီး နယ် မြို့ကိုပြန်တာမျိုး ဆံပင်ညှပ်ရင်းက ဘော လုံးပွဲအကြောင်းတွေ တစ်ဝကြီးပြော၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအကြောင်း လည်း မလွတ်။ ဆံပင်ညှပ်ခံရင်းနဲ့ ဗဟုသုတတွေရနေတော့ ကျွန်တော့်အတွက် ကျေနပ်မှုအပြည့်။
သူ့ဆီ ကျွန်တော်ဆံပင်ညှပ်ခဲ့တဲ့ ၁၅ နှစ်လောက်အတွင်း သူဆိုင်သုံးခါ ပြောင်းဖြစ်ပါတယ်။ ဆိုင်က တဖြည်းဖြည်း နဲ့သေးလာလို့ ကျွန်တော်က ဆံပင်ညှပ်ခံ ရင်း အမြဲနောက်ဖြစ်ပါတယ်။ သူများတွေ လို မတိုးတက်လာဘဲနဲ့ ကျွန်တော့်လို့ ဖောက်သည် အခိုင်အမာရှိပါလျက်နဲ့ ဒီလိုဖြစ်ရလားလို့။

ဒါပေမဲ့ ဆံသဆရာကို အားပေးတာ ဆိုင်ရဲ့အခင်းအကျင်းကို ဂရုစိုက်တာ မဟုတ်ဘူးဆိုတာ သူလည်းသိရှာပါတယ်။ နယ်မြို့ရဲ့ လူဦးရေ၊ စားအိုးကြီးလာတဲ့ မိသားစုအခြေအနေတွေကြောင့် ဒီလို ဆိုင်တဖြည်းဖြည်းသေးသွားတယ်ဆို တာတော့ ယုံကြည်ထားပြီးသားပါ။
ပြီးခဲ့တဲ့ လကလည်း ကျွန်တော် နယ်မြို့လေးမှာ သင်တန်းလုပ်စရာရှိတော့ ကျွန်တော်ခေါင်းက ဆံပင်ရှည်တဲ့အချိန် နဲ့ညှိပြီး ပြန်ဖို့လုပ်ပါတယ်။ ဆံပင်ညှပ် ရင်းသင်တန်းလုပ်ရင်းပေါ့။

ရောက်ပြီး နောက်တစ်နေ့မနက် အိမ်မှာရှိတဲ့ ဆံပင်ညှပ်တဲ့ ကိရိယာလေး တွေယူပြီး သူရဲ့ဆံပင်ညှပ်ဆိုင်သွားတော့ ဆိုင်နေရာမြေကွက်လပ်ကြီးဖြစ်လို့နေ တော့ ဒီလူဘယ်ကိုပြောင်းသွားပြန်တာ တုန်းလို့စဉ်းစားပြီး အနီးအနားပတ်ဝန်း ကျင်ကိုစုံစမ်းကြည့်တော့ ပြီးခဲ့တဲ့ ၃ပတ် လောက်က အစာအိမ်သွေးကြောပေါက် ပြီး ရုတ်တရက်ဆုံးသွားတယ်လို့ သိရ တော့ ကိုယ်နားကို ကိုယ်မယုံနိုင်ဘဲဖြစ် မိခဲ့ပါတယ်။ မျက်ရည်တွေတားမရလောက် အောင် ဘယ်ကနေကျလာမှန်းလည်း ကျွန်တော်ကိုယ်တိုင်အံဩနေမိပါတယ်။ သူ့ရဲ့မိသားစုဝင်တွေကလည်း စိတ်မ ကောင်းဖြစ်လွန်းလို့ သူ့ရဲ့ဆိုင် ခန်းကလေး ကိုလည်း အပြီးဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ကျွန်တော်လည်း ဆို့နင့်ပြီး တခြား ဆံပင်ညှပ်ဆိုင်ကို သွားဖို့ခြေဦး မလှည့် တော့ဘဲ အိမ်ကိုပြန်လာခဲ့ပါတယ်။ သေ ခြင်းတရားကို အမြဲနီးနေပါလားလို့ ဆင်ခြင်မိပါတယ်။ အိမ်ပြန်ရောက်တော့ အဖေညှပ်ခဲ့တဲ့ တတိယမြောက် ဆံပင် ညှပ်ဆရာကို သတိရမိပါတယ်။ ခုချိန် ကျွန်တော်သူ့ကိုစုံစမ်းပြီး ဆံပင်သွားညှပ် ရင် သူပျော်နေမလား။ လွန်ခဲ့တဲ့ ၁၀နှစ် ကျော်ကဆုံးသွားတဲ့ အဖေအကြောင်း တွေပဲပြောနေမလား သူအရမ်းအိုနေပြီး လား ဆံပင်ရောညှပ်သေးရဲ့လား စသဖြင့် စဉ်းစားမိပါတယ်။
ဒါပေမဲ့ သူ့အကြောင်းစုံစမ်း၍မရ တော့ပါ။ သူ့အိမ်လည်း သေသေချာချာ မသိတော့ ကျွန်တော်ဆန္ဒတွေ မပြည့် တော့ပါ။ သူ့နာမည်ကိုမေးပြီး သူ့နေခဲ့ တယ်လို့ ထင်တဲ့လမ်းမှာစုံစမ်းကြည့်တော့ ဒီနာမည်မျိုးနဲ့ ဒီအသက်အရွယ်နဲ့ လွန်ခဲ့ တဲ့ တစ်နှစ်လောက်ကတော့ နာရေးတစ်ခု ဖြစ်ဖူးကြောင်း၊ ဘာအလုပ်လုပ်ကိုင်ခဲ့ တာကိုမသိလို့ ကျွန်တော်ပြောတဲ့ ဆံသ ဆရာဟုတ်မဟုတ် မသိကြောင်းတော့ အနည်းငယ်စုံစမ်း ရခဲ့ပါတယ်။

အစွဲအလန်းကြီးတဲ့ ကျွန်တော်တော့ ဝမ်းနည်းခြင်း၊ ယူကျုံးမရခြင်းတွေနဲ့ ကိုယ်ဘာသာကိုယ်လုပ်လို့မရတဲ့ ဒီဆံပင် ညှပ်ခြင်းအမှုအတွက် ကျွန်တော့်အတွက် ပဉ္စမမြောက်ဆံသဆရာကို ရှာဖွေရဦးမှာ ဖြစ်ပါတော့တယ်။