မောတောင်နယ်စပ်တွင် လျှပ်စစ် တစ်ယူနစ် ၅၃၅ ကျပ် အထိ မြင့်တက်

0
381

မြန်မာ-ထိုင်းနယ်စပ်ဒေသတစ် ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တွင် လျှပ်စစ်တစ် ယူနစ်ဈေးမှာ ဩဂုတ်လတွင် ၅၃၅ ကျပ် အထိမြင့်တက်ခဲ့ကြောင်း မောတောင်မြို့ တွင် နေထိုင်သူများထံမှ သိရသည်။
မောတောင်နယ်စပ်တွင် လျှပ်စစ် ဓာတ်အားကို မြိတ်အများပိုင်ကော်ပိုရေး ရှင်းလီမိတက်နှင့် ဖိုးသီးချိုကုမ္ပဏီတို့ ပူးပေါင်းပြီး ပြီးခဲ့သည့် ၃ နှစ်ဝန်းကျင်ခန့် မှစကာ တစ်ယူနစ်လျှင် ကျပ် ၄၃၀ နှုန်းဖြင့် စတင်ဖြန့်ဖြူးခဲ့သည်။
တစ်ယူနစ်လျှင် ကျပ် ၄၃၀ နှုန်းမှ တဖြည်းဖြည်း ဈေးနှုန်းမြင့်တက်ရာခဲ့မှ ၂၀၁၈ ခုနှစ် မေလမတိုင်ခင်က တစ်ယူ နစ်လျှင် ၄၈၅ ကျပ် အထိ မြင့်တက်ခဲ့ သည်။

မေ၊ ဇွန်နှင့် ဇူလိုင်လတို့တွင် တစ်ယူနစ်လျှင် ၅၁၅ ကျပ်နှုန်းမှ ဩဂုတ်လတွင် ၅၃၅ ကျပ်အထိ မြင့် တက်ခဲ့ကြောင်း မောတောင်ဒေသခံ များကပြောသည်။
“မီတာဈေးတွေ တက်နေတော့ ရေ အားလျှပ်စစ်နဲ့ မီတာခ သက်သက် သာသာလေး ပြုလုပ်ပေးစေချင်တယ်”ဟု မောတောင် နယ်စပ် မြို့မရပ်ကွက်နေ အသက် ၃၅ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်အများပိုင်နှင့် ဖိုးသီးချို ကုမ္ပဏီတို့ မီးမပေးခင်အချိန်က မော တောင်တွင် ပုဂ္ဂလိကမီးလင်းရေးလုပ် ငန်းဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခဲ့ရာ တစ်ယူနစ်လျှင် ကျပ် ၇၀၀ အထိ ပေး ခဲ့ရကြောင်း မြို့မရပ်ကွက်နေသူတချို့က ပြောသည်။
မီတာခမြင့်တက်ခြင်းနှင့်ပတ်သက် ၍ မောတောင်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းထံသို့ ဖုန်းဖြင့်ဆယ် သွယ်မေးမြန်းရာ ဖုန်းမကိုင်သဖြင့် မေး မြန်းခွင့်မရခဲ့ပေ။

ဒီဇယ်ဆီဈေးနှုန်းများမှာ ထိန်းချုပ် မရနိုင်သည့်အတွက် ဒီဇယ်ဆီဈေးနှုန်း တက်တိုင်း မီတာခနှုန်းထားများ မြင့် တက်နေရခြင်းဖြစ်ကြောင်း မြိတ်အခြေ စိုက် မီးလင်းရေးလုပ်ငန်း လုပ်ကိုင်နေသူ တချို့က ဆိုသည်။
မောတောင်မြို့နည်းတူ မြိတ်မြို့နှင့် ပုလောမြို့တို့တွင်လည်း ဩဂုတ်လ အတွက် တစ်ယူနစ်လျှင် ကျပ် ၂၀ နှုန်း မြင့်တက်ခဲ့သည်။