ထားဝယ်ဆေးရုံကြီး သွေးလိုအပ်ချက် နှစ်စဉ်မြင့်တက်

0
558

ထားဝယ်ဆေးရုံကြီးတွင် သွေးလို အပ်ချက် နှစ်စဉ်မြင့်တက်နေကြောင်း ထားဝယ်ဆေးရုံကြီး ရောဂါရှာဖွေရေး ဌာနမှ အထူးကုဆရာဝန်က ပြောသည်။
၂၀၁၃ ခုနှစ်က သွေးပုလင်း ၁ç၈၀၀ ကျော်သာ လိုအပ်ရာမှ ၂၀၁၇ ခုနှစ်တွင် ပုလင်း ၃ç၅၀၀ ကျော်အထိ လိုအပ်လာကြောင်း ရောဂါရှာဖွေရေးဌာန စာရင်းများအရ သိရသည်။

ဆေးရုံတက်ကုသသည့် လူနာဦး ရေများပြားလာခြင်းကြောင့် သွေးလို အပ်ချက်မြင့်တက်လာခြင်းဖြစ်ပြီး သွေး လွန်တုပ်ကွေးဖြစ်ပွားသည့်ရာသီနှင့် သင်္ကြန်ကဲ့သို့သော ပွဲတော်ရက်များတွင် သွေးလိုအပ်ချက် ပိုများကြောင်း ရောဂါ ရှာဖွေရေးဌာနမှ အထူးကုဆရာဝန် (ရောဂါဗေဒ) ဒေါက်တာစန်းစန်းဝင်းက ပြောသည်။
သွေးလိုအပ်ချက်ကို စုပေါင်းသွေး လှူပွဲများနှင့် စေတနာရှင် သွေးအလှူရှင် များ၏ လှူဒါန်းမှုများဖြင့် ဖြည့်ဆည်း နေပြီး လက်ရှိအချိန်ထိ လုံလောက်မှုရှိနေ သေးကြောင်း ဒေါက်တာစန်းစန်းဝင်းက ပြောသည်။

“သွေးလိုအပ်ချက်နဲ့ လှူတာနဲ့ တော့ မပြည့်(လိုအပ်)တာမျိုး မရှိပါဘူး၊ သွေးကြောင့် အသက်ဆုံးရှုံးမှုမဖြစ်အောင် အမြဲဖြည့်ထားတယ်”ဟု ဒေါက်တာ စန်းစန်းဝင်းက ဆိုသည်။
သွေးအလှူရှင်များ လှူဒါန်းသည့် သွေးကို ရေခဲသေတ္တာအတွင်း သိမ်းဆည်း သိုလှောင်ထားပြီး လူနာများ သွေးလို အပ်ပါက အခမဲ့ထုတ်ပေးနေကြောင်း ဒေါက်တာစန်းစန်းဝင်းက ပြောသည်။

အသက် ၁၈ နှစ်မှ ၆၀ နှစ်ကြား အသက်အရွယ်ရှိပြီး ကျန်းမာသူ မည်သူ မဆို သွေးလှူဒါန်းနိုင်ကြောင်း ဒေါက် တာစန်းစန်းဝင်းက ပြောသည်။
ထားဝယ်ဒေသတွင် သွေးလှူရှင် အဖွဲ့ ဆယ်ချီရှိပြီး လိုအပ်သည့် သွေး များကို အခမဲ့လှူဒါန်းပေးလျက်ရှိသည်။

နှစ်အလိုက်သွေးပုလင်းလိုအပ်နေသည့် အခြေအနေ

ခုနှစ်                                            လိုအပ်သွေးပုလင်း
၂၀၁၃                                           ၁၈၁၆
၂၀၁၄                                          ၂၆၅၀
၂၀၁၅                                         ၂  ၉၁၅
၂၀၁၆                                           ၃၀၄၈
၂၀၁၇                                           ၃၅၀၅
၂၀၁၈                                          ၁၁၁၆
ဧပြီလအထိ