ထားဝယ်တက္ကသိုလ် ဆိုင်ကယ်စတေကာငွေ သုတေသနတွင်သုံးမည်

0
577

ထားဝယ်တက္ကသိုလ်တွင် ကျောင်း သူ၊ ကျောင်းသားများကို ရောင်းချနေ သည့် လုံခြုံရေးဆိုင်ကယ်စတေကာ ရောင်း ရငွေများကို သုတေသနရန်ပုံငွေအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း တက္ကသိုလ် ဒုတိယပါမောက္ခ ဒေါက်တာ ချိုချိုမြင့်က ပြောကြားသည်။
ယင်းစတေကာ ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို လာမည့် ပညာသင်နှစ် တွင် ထားဝယ်ဒေသထွက် ဓနိသကြား၊ ပအုန်းရည်ကဲ့သို့ ဒေသထွက်ပစ္စည်းများ၊ ထားဝယ်ဒေသယဉ်ကျေးမှုဆိုင်ရာများ သုတေသနပြုလုပ်ရာတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း ဒေါက်တာ ချိုချို မြင့်က ပြောသည်။

ယင်းသို့ သုတေသနလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများလည်း သုတေသနလုပ်ငန်းများနှင့် ရင်းနှီးလာ မည်ဖြစ်ပြီး ဒေသအတွက် များစွာ အထောက်အကူ ပြုလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တက္ကသိုလ်များတွင် သုတေသန ရန်ပုံငွေ တည်ထောင်ခွင့်ကိုလည်း အဆင့်မြင့်ပညာဦးစီးဌာနက ဩဂုတ်လ အတွင်းက ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီကျောင်းမှာကလည်း သုတေ သနရန်ပုံငွေလုပ်မယ်ဆိုပြီး ရည်ရွယ်ထား တဲ့အချိန်မှာ အထက်က (အဆင့်မြင့် ပညာဦးစီးဌာန) လည်းခွင့်ပြုတယ်ဆိုတဲ့ အမိန့်နဲ့ဆိုတော့ အံဝင်ခွင်ကျဖြစ်သွား တာပေါ့”ဟု ၎င်းက ဆိုသည်။
ယင်းရန်ပုံငွေကို ကျောင်းအုပ်ချုပ် ရေးအဖွဲ့၊ ကျောင်းသားများသမဂ္ဂကိုယ် စားလှယ်များ၏နာမည်ဖြင့် ဘဏ်တွင်အပ် နှံမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင် ဝေယံကျော်က ပြောသည်။
“စရောင်းကတည်းက ဒီလို သုတေ သနလုပ်ဖို့အတွက် ရည်ရွယ်ပြီးလုပ်မယ် ဆိုပြီး ရှင်းရှင်းလင်းလင်းပြောထားရင် ကျောင်းသားတွေကြားမှာ ဝေဖန်မှုတွေ ဖြစ်လာမှာ မဟုတ်ဘူး”ဟု ကိုအောင်ဝေ ယံကျော်က ပြောသည်။

ပြင်ပဈေးကွက်တွင် ကျပ် ၃၀၀ နှုန်းခန့်သာ ကုန်ကျနိုင်သည့် စတေကာ တစ်ခုကို ကျပ် ၁၀၀၀ ဖြင့် ဩဂုတ်လ နောက်ဆုံးအပတ်က စတင်ရောင်းချခဲ့ လခြင်းအပေါ် ကျောင်းသား၊ ကျောင်းသူ များအကြား ဝေဖန်မှုများ ရှိခဲ့သည်။