ရှင်မော်ဘုရား အလှူခံပုံးတွင် ငွေကျပ် ငါးသိန်းအခိုးခံရ

0
323

ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်ဘုရား ဘုရားသန့်ရှင်းရေး အမျိုးသားကအလှူခံ ပုံးအတွင်းမှ အလှူငွေ ကျပ်ငါးသိန်း ခန့်ခိုးယူခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

ရှင်မော်ဘုရား အံတော်တိုက်ရင်ပြင် ရှိ အလှူခံပုံးနှင့် ဖောင်တော်ဦးစေတီရှိ အလှူခံပုံးအတွင်းမှ အလှူငွေများ အခိုး ခံခဲ့ရခြင်းဖြစ်ပြီး အလှူငွေ ခိုးယူခဲ့သည့် အမျိုးသားကို စက်တင်ဘာလ ၄ ရက် တွင် ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ၏မှတ်တမ်းအရ သိရသည်။
ဘုရားသန့်ရှင်းရေးဝန်ထမ်းက ငွေ သုံးစွဲမှုများနေသဖြင့် မသင်္ကာ၍ ဘုရား ဂေါပကအဖွဲ့ဝင်များက မေးမြန်းရာ အလှူငွေများ ခိုးယူထားသည်ကို စစ် ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

” ပျောက်တာက ဘယ်အချိန်ကဆို တာ မသိရဘူး၊ သိရတာက ၄ ရက်မှ သိတယ်၊ အလုပ်ခန့်ထားတာ မကြာ သေးဘူး”ဟု ရှင်မော်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိုးမောင်က ပြော သည်။
ဂေါပကအဖွဲ့က ရဲတပ်ဖွဲ့ထံ ဖုန်း ဆက်အကြောင်းကြားနေစဉ် အဆိုပါ အမျိုးသားက ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထွက်ပြေးသွားသည့် သန့်ရှင်းရေး ဝန်ထမ်းကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး ရာ ကျောက်မတ္တပ်ရွာ ပင်လယ်ကမ်းခြေ အနီးတွင် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။
အလှူငွေများခိုးယူသည့် အမျိုး သားကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၈၀ ဖြင့် လောင်းလုံးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ် တမ်းအရ သိရသည်။