မျှားသူများ

0
1108

အချို့က ရေကြီးလျှင် စိတ်ညစ် သည်။
မျှားသူများကမူ ရေကြီးလေလေ ပျော်လေလေဖြစ်သည်။ ရေက မိမိတို့ ဝန်းကျင်အထိ ရောက်လာလေလေ ပို ပျော်လေလေဖြစ်သည်။
‘ ရေရှိလျှင် ငါးရှိသည်’ ဟူသည့် အယူအဆကို ငါးမျှားသူတိုင်း လက် ကိုင်ထားသောကြောင့် ဖြစ်သည်။
‘ဆတ်ခနဲ’ ဆောင်ဆွဲရမည့် အခိုက်အတန့်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကာ မိမိငါးမျှားချိတ်တွင် ပါလာမည့်ငါးကို ရင်ခုန်လှုပ်ခတ်စွာ ကြည့်ရှုရသည်က မျှားသူတို့အတွက် တုနှိုင်းမဲ့ အရသာဖြစ်ပါသည်။

‘မျှားလို့ရတဲ့ ငါးတွေ စားတာလဲ မဟုတ်ဘူး။ ငါမျှားရတဲ့ ဖီလင်လေးကို ကြိုက်လို့မျှားဖြစ်တာ။ ဘာဝါသနာပါလဲ ဖြည့်ရရင်း ဘောလုံးကန်၊ စာဖတ်၊ ငါး မျှားဆိုပြီးဖြည့်ထားတာ’ဟု ထားဝယ်မြို့ ဆန်းချီ(မြို့သစ်)ရပ်ကွက်မှ ကိုသားသား က ပြောသည်။
မျှားသူတို့ ရင်ခုန်ရဆုံးအချိန်က မိမိငါးမျှားချိတ်တွင် ငါးလာဟပ်သည် ဟုယူဆရသည့်အချိန် ဖြစ်သည်။ မိမိ မျှားနေသည့် ရေအောက်တွင် ငါးအမျိုး အစား မြောက်များစွာရှိသောကြောင့် မျှားတံကြိုး၏ ဖော့တုံးငယ်လှုပ်ချိန်က စိတ်လှုပ်ရှားရဆုံးအချိန် ဖြစ်သည်။ မည်သည့်ငါးဖြစ်ဖြစ် မျှားသူတိုင်း အလွတ်မခံလို။

‘ ဖေါ့တုံးလေးလှုပ်နေတဲ့အချိန်ဆိုရင် ဘေးကနေ စကားလာပြောနေတယ် ဆို အာရုံစူးစိုက်လို့ မရဘူး။ ငါးမျှား တယ်ဆိုတာက ငါးနဲ့ လူနဲ့ တိုက်ပွဲ၊ အားပြိုင်နေတာ။ ငါးမျှားလို့ ကိုယ်မရ ဘူးဆိုရင် ကိုယ်ညံ့တာပေါ့’ဟု ကိုသား သားက ပြောသည်။
အချို့ကမူ ငါးမျှားခြင်းက စိတ်ကို အနားပေးခြင်းတစ်မျိုးဟု ဆိုကြသည်။
ကော့သောင်းမြို့ ဝိတိုရိယပွိုင့်ဝန်း ကျင်တွင် မိတ်ဆွေများနှင့် စုဖွဲ့ငါးမျှား လေ့ရှိသည်ဆိုသော ဘုရင့်နောင်ရပ်ကွက် မှ ဦးမျိုးသည်လည်း ငါးမျှားခြင်း၏ အဓိကရလဒ်မှာ စိတ်တည်ငြိမ်ခြင်းဟု ဆိုသည်။
‘ဖမ်းမိရင်တော့ စိတ်ကျေနပ်တာ ပေါ့၊ အမြဲတမ်းတော့ မမျှားဖြစ်တော့ဘူး။ အသက်ကြီးလာတော့၊ စိတ်တွေငြိမ်အောင် လုပ်တဲ့အခါ မျှားဖြစ်တာလောက်ပဲ’ဟု ဦးမျိုးက ပြောသည်။

ငါးမျှားသည့် အပျော်တမ်းတံငါ သည်များက အမျိုးသားသာမဟုတ်ကြ ပါ။ အမျိုးသမီးအပ်ျာတမ်း ငါးမျှားသူ တို့လည်း ပေါလှပါသည်”ငါးလေးပဲမျှားတာ၊ အသက်က လည်း ကြီးပြီဆိုတော့ မြေးတွေကိုထိန်း ရင်း အိမ်စောင့်ပေါ့၊ ကြားထဲပျင်းရင် တို့တွေ ငါးလာမျှားကြတယ်၊ ဥပုသ်နေ့ ကလွဲရင် ကျန်ကြားရက်တွေမှာ မျှား ဖြစ်တယ်”ဟု ဒေါ်လုံးလုံကပြောသည်။
ဒေါ်လုံးလုံးကဲသို့ ငါးငယ်မျှားသူ များအနေဖြင့် ကျူဝါးရိုးငါးမျှားတံဖြင့် တီကောင်၊ ဘီစကစ်မုန့်စသည်တို့ကို ငါးစာလုပ်ကာ အဓိကအားဖြင့် ရေကန်၊ ချောင်းငယ်၊ တူးမြောင်းတို့တွင် ငါး မျှားလေ့ရှိပြီး၊ ငါးခုံးမ၊ ငါးပြေမ၊ ငါး ဘေးကြား၊ ငါးဇင်ဆက်တို့ကို ဖမ်းမိ တတ်ကြောင်း ဒေါ်လုံးလုံကပြောသည်။

အချို့ ငါးမျှားဝါသနာရှင်များက နေ့ခြင်းညခြင်း ကောင်ကာငင်ကာ ဝါသနာထပါခြင်းမျိုး မဟုတ်ပေ။
ရှစ်တန်းအရွယ်ကတည်းက အပျော် တမ်းငါးမျှားလာပြီး ယခု အိမ်ထောင်ကျ ကာ သားသမီးသးkHယောက် ရပြီးချိန်အထိ ဖြစ်ကြောင်း မြိတ်မြို့၊ မြို့သစ်ရပ်နေ ကိုအောင်ဖြိုးကပြောသည်။
“ငါးမျှားတာကို ငယ်ငယ်ကတည်း က ဝါသနာပါတာ။ အိမ်ပြန်ရင်တော့ တစ်ဟင်းစာလတ်လတ် ဆတ်ဆတ်လေး စားရတာလည်း ဘယ်လိုအရသာနဲ့မှ မတူဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိဆိုင်ကယ်တက္ကစီမောင်းနေ ပြီး ကိုအောင်ဖြိုးကသည်လည်း ရေထ ပတ်၊ ရေကြီးသည့်အပတ်တိုင်း ဆိုင်ကယ် အဆွဲရပ်ကာ ငါးမျှားနေကျဖြစ်သည်။
“ငါးလွတ်သွားရင်လည်း ရင်ထဲမှာ ဟာလို့ဖြစ်သွားတာပေါ့။ လွှတ်တဲ့ငါးက ငါးကြီးလားဘာလားဆိုတဲ့ အတွေးနဲ့ပေါ့”ဟု တီးဂါးဒင်းလက်ဖက်ရည်ဆိုင်မှ ဆိုင် ကယ်ငှားသူက ပြောသည်။
အများစုသူတို့ကား ရေရှိလျှင် ငါး ရှိသည်ဟူသော အယူအဆဖြင့် ငါး ဆက်မျှားနေဦးမည်ဖြစ်သည်။