ပုလောတွင် လျှပ်စစ်ဓာတ်အား တစ်ယူနစ် ကျပ် ၃၅၀ ဖြင့် ဖြန့်ဖြူးရန် လက်မှတ်များကောက်ခံ

0
337

မြိတ်ခရိုင်၊ ပုလောမြို့တွင် လျှပ် စစ်ဓာတ်အားခ တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှုန်းဖြင့် ဖြန့်ဖြူးရန်အတွက် သဘော တူသည် မတူသည်ကို လက်မှတ်များ ကောက်ခံနေကြောင်း ပုလောမြို့ခံတစ် ချို့နှင့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူး
အသိုင်းအဝိုင်းထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဒေါက်တာလဲ့လဲ့မော်၏ ညွှန်ကြား ချက်ဖြင့် ပုလောမြို့နယ် စည်ပင်သာယာ ရေးကော်မတီက ကောက်ခံခြင်းဖြစ်ပြီး ကော်မတီမှတစ်ဆင့် သက်ဆိုင်ရာ ရပ် ကွက်အုပ်ချုပ်ရေးများက ရပ်ကွက်နေ သူများ၏ လက်မှတ်များကို ကောက်ခံ ခြင်းဖြစ်ကြောင်း ရပ်/ ကျေး အုပ်ချုပ် ရေးမှူးအသိုင်းအဝိုင်းမှ သိရသည်။
” ကောက်နေတာ တစ်ပတ်လောက် တော့ရှိပြီ”ဟု အမှတ် ၁ ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးသီဟက ပြောသည်။
တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှုန်း သဘောတူညီသည် မတူညီသည် လက် မှတ် ငါးရာကျော် ကောက်ခံထားပြီးဖြစ် ကြောင်း ပုလောမြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပြသည်။
ကောက်ခံထားရရှိမည့် လက်မှတ် များအား ဝန်ကြီးချုပ်ထံ တင်ပြရန်စီစဉ် နေဆဲဖြစ်ကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်က ပုလောမြို့နယ်ခန်းမတွင်ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲတွင် ပုလောမြို့ လျှပ်စစ် ဓာတ်အားနှင့် ပတ်သက်ပြီး စီစဉ်ဆောင် ရွက်ရှိမှု အခြေအနေကို ချပြပေးရန် စည်ပင်ကော်မတီ ဥက္ကဋ္ဌက တင်ပြခဲ့ သည်။
၎င်း၏ တင်ပြမှုနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် က မြိတ်တွင် တစ်ယူနစ် ကျပ် ၂၆၀ နှုန်းဖြင့် ဖြန့်ဖြူးရေးအတွက် မြိတ်အများ ပိုင်နှင့် ပူးပေါင်းဆောင်ရွက်မည့် ကိုးရီး ယား(ခမ်း) ကုမ္ပဏီက ပုလောမြို့သို့ ကွင်းဆင်းစစ်ဆေးပြီးဖြစ်ရာ တစ်ယူနစ် လျှင် ကျပ် ၃၅၀ နှုန်းဖြင့် ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ကုမ္ပဏီတာ ဝန်ရှိသူက ပြောဆိုထားကြောင်း ဖြေ ကြားခဲ့သည်။

ယင်းကြောင့် မြို့ပေါ်ရှိ လူများ၏ သဘောတူ မတူ လက်မှတ်များဖြင့် ဝန်ကြီး (လျှပ်စစ်ဝန်ကြီး)မှတစ်ဆင့် တင်ပြပေးရန် ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။
လက်ရှိပုလောမြို့၏ လျှပ်စစ်တစ် ယူနစ်နှုန်းထားမှာ ၄၃၅ ကျပ် ဖြစ်သည်။