ဘုရင့်နောင်ရပ်ကွက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်သူ ၂ ဦး ငွေဒဏ် ဈေးဦးပေါက်

0
395

ဘုရင့်နောင်ရပ်ကွက်တွင် စက်တင် ဘာလမှစပြီး စည်းကမ်းမဲ့အမှိုက်ပစ်သူ ၂ ဦးအား ဒဏ်ကြေးပေးဆောင်စေခဲ့ ကြောင်း ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ် ရေးမှူးထံမှ သိရသည်။
သတ်မှတ်စည်းကမ်းအတိုင်း အမှိုက် မပစ်လျှင် ဒဏ်ကြေးဖြင့် ပညာပေးအရေး ယူမည်ဟု ဩဂုတ်လက အသိပေး ကြေညာခဲ့သည်။
“ရပ်ကွက်ထဲမှာ ဘယ်နေရာမှာ ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာကို အသိပေး ထားသလို၊ အမှိုက်ကန် နေရာမှာလဲ ကြေညာစာ ကပ်ပေးထားတယ်၊ ဒါပေမဲ့ အလွယ်ပစ်တော့ ခုလို စည်ပင်သာယာ အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်တယ်”ဟု ဘုရင့်နောင်ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ဘုရင့်နောင်ရပ်ကွက်အတွင်း စည်း ကမ်းမဲ့ အမှိုက်မပစ်ရန် ဩဂုတ်လ နောက်ဆုံးပတ်က စတင်အသိပေး ထားပြီး စက်တင်ဘာ ၁ ရက်က စတင် စောင့်ကြည့်ခဲ့ကြောင်း ဘုရင့်နောင်ရပ် ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။
စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခန့်က တစ်ဦး၊ ၅ ရက် ည ၁၀ နာရီခန့်က တစ်ဦး ဖမ်းမိခဲ့ပြီး ဒဏ်ကြေး ကျပ်သုံးသောင်းနှင့် ကျပ်ငါးသောင်း အသီးသီးပေးဆောင်စေခဲ့ကြောင်း သိ ရသည်

“အမှိုက်ကန်ရောက်နေတာတောင် ကန်ထဲမထည့်ဘဲ ကန်အရှေ့လမ်းနံဘေး မှာအိတ်ထုတ်ချခဲ့တာကို ကင်းလှည့်ရင်း တွေ့တာ၊ နောက်တစ်ဦးက အများသုံး ရေကန်နား လုံးဝမပစ်ရတဲ့နေရာမှာ စွန့်ပစ်နေချိန်မိတာ”ဟု စည်ပင်သာယာ ရေးအဖွဲ့ သန့်ရှင်းရေးဌာနစိပ်မှ တာဝန်ခံ ဒေါ်ချိုချိုခန့်က ရှင်းပြသည်။
ယခုကဲ့သို့ ငွေဒဏ်ရိုက်သည်ကို အပြစ်မပြောလိုသော်လည်း အမှိုက်ကား ပုံမှန်ရောက်ရန် လိုအပ်ကြောင်း ကော့ သောင်းမြို့ခံ ဦးမျိုးမြင့်က ထောက်ပြ သည်။

“ယခုလိုမဟုတ်ရင် ဒီပြဿနာကရှင်း မှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။