တနင်္သာရီရေဘေး ထောက်ပံ့ရန် မြိတ်တွင် ဈေးရောင်းပွဲတော် ကျင်းပမည်

0
351

တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ကူညီထော က်ပံ့ ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ် ငန်းများတွင် ပါဝင်လှူဒါန်းနိုင်ရန် မြိတ်ပရဟိတစေတနာရှင်လူငယ်များမှ စက်တင်ဘာလ ၃ ရက်တွင် ရန်ပုံ ငွေရှာဖွေသည့် ဈေးရောင်းပွဲတော်ကျင်း ပမည်ဖြစ်ကြောင်း သိရသည်။

မြိတ်ကမ်းနားလမ်းရှိ မြိတ်ကုန် တိုက် (Myeik Shopping Center )ရှေ့တွင် အသားကင်များ၊ သင်္ဘောသီး ထောင်းသုတ်၊ အအေးမျိုးစုံ၊ အကြော်စုံ စသဖြင့် စားဖွယ်စုံ ၁၀ မျိုးကျော်ကို မွန်းလွဲ ၁၂ နာရီမှ ည ၉ နာရီအထိ ရောင်းချမည်ဖြစ်ပြီး အလှူငွေ (မုန့်စား လက်မှတ်) တစ်စောင်လျှင် ကျပ် ၅၀၀ နှုန်း သတ်မှတ်ထားကြောင်း မြိတ်ပရဟိတစေတနာရှင်လူငယ်များအဖွဲ့ထံ မှ သိရသည်။

ရောင်းချသည့်မုန့်များကို လက် မှတ်အပြင် ငွေသားဖြင့်လည်းဝယ်ယူ စားသောက်နိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ဈေးရောင်းပွဲမှ ရရှိသည့်ငွေများအား တနင်္သာရီရေဘေးအတွက် ကိုယ်တိုင် သွားရောက်လှူဒါန်း မည်ဖြစ်ကြောင်း ဈေးရောင်းရန် မြိတ်ပရဟိတစေတနာရှင် လူငယ်များအဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။