လမ်းပျက်စီးခြင်းကြောင့် မြေတူး စက်ပိုင်ရှင်အား ငွေကျပ်သိန်းနှစ်ဆယ် ဒဏ်ရိုက်

0
664

နိုင်လွန်ကတ္တရာ လမ်းမပေါ် ဖြတ် မောင်းသည့် မြေတူးစက်ပိုင်ရှင်အား လမ်းပျက်စီးစေမှုဖြင့် ငွေကျပ် သိန်းနှစ် ဆယ် ဒဏ်ရိုက်ခဲ့ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ် စု၊ မရင်းငယ်ဖျားကျေးရွာ၊ မြိတ်-တန င်္သာရီ ကားလမ်းမတွင် ဩဂုတ်လ ၂၂ ရက် နေ့လယ်က ပုဂ္ဂလိက လုပ်ငန်းသုံး မြေတူးစက် ဖြတ်မောင်းခြင်းကြောင့် လမ်းအရှည်ပေ ၁၀၀ ခန့် ပျက်စီး ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရ သည်။
စည်ပင်သာယာရေးကော်မတီ အဖွဲ့မှ ကျေးရွာများသို့ ကွင်းဆင်းစဉ် တွေ့ရှိခဲ့ပြီး ယာဉ်ပိုင်ရှင်အား အရေးယူခဲ့ ခြင်းဖြစ်သည်။

“ဒဏ်ရိုက်ပြီး ရတဲ့ငွေတွေကို လမ်း ဆုံလမ်းခွမှာ သတိပေးဆိုင်းဘုတ် တပ် တာတွေ၊ အများပြည်သူအတွက် အကျိုး ရှိမယ့်နေရာတွေမှာ ပြန်ပြီးအသုံးပြု တယ်” ဟု မြိတ်မြို့နယ် စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို ကပြောသည်။
ပြီးခဲ့သည့်နှစ် လမ်းစခင်းနေသည့် အချိန်ကလည်း ၁၂ ဘီးယာဉ်ဖြတ်မောင်း ပြီး လမ်းပျက်စီးသဖြင့် အလားတူဒဏ်ငွေ သိန်း ၂၀ ချမှတ်ခဲ့ဖူးကြောင်း ၎င်းက ပြောသည်။

လမ်းပျက်စီးမှုနှင့် ပတ်သက်ပြီး ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ချမှတ်အရေးယူဆောင်ရွက်နိုင်ကြောင်း စည်ပင်သာယာရေး ကော်မတီ ထံမှသိရ သည်။