လောင်းလုံးတွင် တစ်ခြံတည်းနေယောက်ဖဖြစ်သူကို ဂေါ်ပြားဖြင့် ရိုက်သတ်

0
390

လောင်းလုံးမြို့(က)ရပ်ကွက်တွင် တစ်ခြံတည်းအတူနေထိုင်သည့် ယောက် ဖဖြစ်သူကို အရက်ကြောင်ပြီး ပန်းရန် လုပ်ငန်းသုံး ဂေါ်ပြားဖြင့် ရိုက်သတ် သဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း လောင်းလုံးမြို့မရဲစခန်းထံမှ သိရသည်။

ဩဂုတ်လ ၂၃ ရက်က လောင်းလုံး ဆေးရုံအနီးတွင် ဆိုင်ကယ်ရပ်နားကာ ရပ်နေသည့် ဦးတင်ထွန်းကို ၎င်း၏ ယောက်ဖတော်စပ်သူ ဦးမောင်လေးက ရိုက်နှက်ရန် ပြေးလာခဲ့ကြောင်း အထက်ပါ ရဲစခန်း စခန်းမှူး ဒုရဲမှူး ဝင်းလွင်က ပြောသည်။
ယင်းကဲ့သို့ ရိုက်နှက်ရန် ပြေးလာ သဖြင့် ဦးတင်ထွန်းက လယ်ကွင်းထဲ ပြေးဆင်းသွားရာမှ ရုတ်တရက် လဲကျ သွားခိုက် ဦးမောင်လေးကရောက်လာပြီး ဂေါ်ပြားဖြင့်ရိုက်ရာ ဦးခေါင်းနှင့် ခန္ဓာ ကိုယ်တွင် ဒဏ်ရာရရှိပြီး ယင်းနေရာတွင် ပင် သေဆုံးခဲ့ကြောင်း ဒုရဲမှူးဝင်းလွင်က ပြောသည်။

“အရက်ကြောင် ကြောင်ပြီးတော့မှ သူ့မှာ ရန်သူတွေရှိတယ်ဆိုပြီးတော့ သူ့ကို ရန်ပြုတယ်ဆိုပြီး ရန်လည်းမပြု ဘဲနဲ့ပေါ့။ ငါ့ယောက်ဖက ငါ့ကိုရိုက်မှာ ငါဦးအောင်ရိုက်မယ်ဆိုပြီးရိုက်လိုက်တာ”ဟု ဒုရဲမှူးဝင်းလွင်ကဆိုသည်။
ယင်းကဲ့သို့ရိုက်နက်ပြီး သူကိုယ် တိုင်ပင် ရဲစခန်းအကြောင်းကြားပေးရန် အနီးဝန်းကျင်က လူများကို ပြောဆိုခဲ့ ကြောင်း ၎င်းက ပြောသည်။

အရက်ကြောင်ပြီး လူသတ်မှုကျူး လွန်ခဲ့သည့် ဦးမောင်လေးအား လူသတ် မှုပုဒ်မ ၃၀၂ အရ အရေးယူထားကြောင်း လောင်းလုံးမြို့ရဲစခန်းထံမှ သိရသည်။