တနင်္သာရီတိုင်းတွင် အခြေခံပညာ ကျောင်းအများစု စာကြည့်တိုက် မရှိ

0
365

တနင်္သာရီတိုင်း အခြေခံပညာ ကျောင်း အများစုတွင် စာကြည့်တိုက်မရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
အခြေခံပညာကျောင်းများတွင် စာကြည့်တိုက်ရှိမရှိကို ဩဂုတ်လ ၂၀ ရက်မှ ၂၄ ရက်အထိ စာရင်း ကောက်ခံ ခဲ့ခြင်း ဖြစ်သည်။

တိုင်းအတွင်း အခြေခံပညာ ကျောင်း ပေါင်း တစ်ထောင်ကျော်ရှိရာ သီးသန့် အဆောင်ဖြင့် စာကြည့်တိုက် ဖွင့်ထား သည့်ကျောင်း ၁၃၅ ကျောင်းသာ ရှိပြီး စာကြည့်တိုက်မရှိသည့် ကျောင်းက ၂၇၀ ကျောင်းရှိကြောင်း ကောက်ယူခဲ့သည့် စာရင်းများအရ သိရသည်။
ကျန်သည့်ကျောင်း ၉၂၈ ကျောင်း မှာမူ သီးသန့်အဆောင်ဖြင့် စာကြည့် တိုက် ဖွင့်လှစ်ထားခြင်းမရှိသော်လည်း စာပေရေချမ်းစင်ကဲ့သို့ စာအုပ်စင်များ ထားရှိထားကြောင်းအထက်ပါစာရင်း အရ သိရသည်။

“စာကြည့်တိုက်အသက်ဝင်နေ တယ်လို့ပြောပြီး တင်ပြလာတဲ့ကျောင်း တွေကို တကယ်ကျောင်းသားတွေ အသုံး ပြုနေရဲ့လားဆိုတာကို ကွင်းဆင်း စစ်ခိုင်း ထားတယ်”ဟု တိုင်းပညာရေးမှူး ရုံးမှ ဦးစီးအရာရှိ (သင်တန်း) ဦးအောင်စိုးက ဆိုသည်။
အခြေခံပညာကျောင်းများတွင် ကျောင်းစာကြည့်တိုက်လုပ်ငန်းများ တိုး မြှင့် လုပ်ဆောင်နိုင်ရန်အတွက် ကောက် ယူခြင်းဖြစ်ကြောင်း စာကြည့်တိုက် စာရင်းကောက်ယူရန် တိုင်းပညာရေး မှူးရုံးမှ မြို့နယ်ပညာရေးမှူးများသို့ ညွှန်ကြားထားသည့် ညွှန်ကြားစာအရ သိရသည်။