တနင်္သာရီတိုင်းတွင် ရှစ်လအတွင်း ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီး

0
415

တနင်္သာရီတိုင်းတွင် ယခုနှစ် ၈ လ တာကာလအတွင်း ငွေကျပ် သိန်း ပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၁၅ ရက်နေ့အထိ ကျပ်သိန်း ပေါင်း ၁ သောင်းကျော် တန်ဖိုးရှိ WY စိတ်ကြွဆေး၊ ICE ၊ ဘိန်းစာမှုန့် အစရှိ သည့် မူးယစ်ဆေးများ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ယင်းကာလတွင် မူးယစ်ဆေးဝါး အမှုပေါင်း ၅၂၅ မှု မှ တရားခံ ၈၄၃ ဦးကို ဖမ်းမိခဲ့သည်။
ယခင်နှစ်တစ်နှစ်လုံးတွင် မူးယစ် အမှုပေါင်း ၆၁၃ မှုမှ ငွေကျပ် သိန်းပေါင်း နှစ်သောင်းခွဲနီးပါးတန်ဖိုးရှိ မူးယစ်ဆေး များ ဖမ်းမိခဲ့ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

အောက်ခြေရဲတပ်ဖွဲ့ဝင်များကို ဖိ အားပေး ကြီးကြပ်ကွပ်ကဲမှုများကြောင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုက တစ်နှစ် ထက်တစ်နှစ် များပြားလာခြင်းဖြစ် ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဩဂုတ်လ ၁၆ ရက်တွင် ပြောသည်။
“အနှစ်ချုပ်ပြောမယ်ဆိုရင် ကွပ်ကဲ ကြပ်မတ်မှုပဲ၊ တပည့်တွေ အလုပ်တွေမှာ လှုပ်ရှားနေအောင် နှိုးဆော်တယ်၊ ကြပ် မတ်တယ်၊ ကွပ်ကဲတယ်၊ ဖိအားပေး တယ်”ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။

ခုနှစ် အမှုပေါင်း တန်ဖိုး      (ကျပ်သိန်းပေါင်း)
၂၀၁၅                               ၃၀၆ ၄၂၈၂
၂၀၁၆                               ၅၁၇ ၆၈၁၃၄
၂၀၁၇                               ၆၁၃ ၂၆၄၄၇
၂၀၁၈                              ၅၂၅ ၁၁၂၈၁
ခုနှစ်                               ဩဂုတ် ၁၅ အထိ