ဘုရားတွင် ကြေးခေါင်းလောင်းခိုးသည့် ကလေးနှစ်ဦး မိသားစုခံဝန်ဖြင့် ပြန်လွှတ်

0
313

လောင်းလုံးမြို့နယ်၊ နခံတော ကျေးရွာ ရပ်ခံတောင်ဘုရားတွင် ခေါင်း လောင်းခိုးယူခဲ့သည့် ကလေး နှစ်ဦးအား အဖိုးနှင့်အဖွားကို ခံဝန်လက်မှတ်ထိုး စေပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ရပ်ခံတောင် စေတီတော် ဂေါပကအဖွဲ့ထံက သိရသည်။
ယင်းကလေးနှစ်ဦးမှာ ခေါင်း လောင်းခိုးယူရန် တစ်ဦးတစ်ယောက်က အသုံးချ ခိုင်းစေခံရခြင်းသာဖြစ်သော ကြောင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ခြင်း မရှိဘဲ အုပ်ထိန်းသူများကို ခံဝန်လက် မှတ်ထိုးစေပြီး ပြန်လွှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း ဂေါပက ဥက္ကဋ္ဌ ဦးအောင်စိန်က ပြောသည်။

“ခေါင်းလောင်းက ဒီကလေးနှစ် ယောက် ခိုးဖို့ဆိုတာ မလွယ်ဘူး။ အ ရမ်းလေးတယ်။ လူကြီးတစ်ယောက် ယောက်က ရည်ရွယ်ချက်ရှိရှိ ခိုးခိုင်းလို့ လုပ်တာပဲ ဖြစ်မယ်” ဟု ဦးအောင်စိန်က ဆိုသည်။
ရပ်ခံတောင်စေတီအောက်ဘက် ဘုရားအဆောင်တွင် တပ်ဆင်ထားသည့် ခေါင်းလောင်းအဝ ၄၀ လက်မ၊ အလေး ချိန် ၇၅ ပိဿာရှိ ကြေးခေါင်းလောင်းကို ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် ခိုးယူရန် ယင်းကလေးနှစ်ဦးက တောင် စောင်းမှ လှိမ့်ချနေစဉ် ဖမ်းမိသွားခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်မတိုင်မီ မသင်္ကာဖွယ် ရာ လူစိမ်းတစ်ဦး ရွှေလိုင်းအမျိုးအစား ဆိုင်ကယ်ဖြင့် ရပ်ခံတောင်ပေါ်တက် လာခဲ့ကြောင်း တောင်ခြေရင်းတွင်လည်း ခေါက်တုံ့ခေါက်ပြန် ဆိုင်ကယ်မောင်း နေသည်ကို သတိထားမိခဲ့ကြောင်း ၎င်း က ပြောသည်။
ယင်းကလေးနှစ်ဦးအား မေးမြန်း ချက်အရ ခေါင်းလောင်းခိုးရန် ခိုင်းစေ ခဲ့သူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ထားဝယ်မြို့ မြို့သစ် အမှတ် (၆) လမ်း တွင် နေထိုင်သည်ဟု သိရကြောင်း ယင်း ကလေးတစ်ဦး၏ အဖိုးဖြစ်သူက ပြော သည်။

“ကလေးတွေကို ကစားစရာဝယ် ပေးမယ်ပြောပြီး ခိုးခိုင်းတာလို့ ပြော တယ်” ဟု ၎င်းက ပြောသည်။
သို့သော် ၎င်းအမျိုးသားအား သွား ရောက်စုံစမ်းရာ ယင်းနေရာတွင် မရှိ ကြောင်း ဂေါပက ဥက္ကဋ္ဌ ဦးအောင်စိန်က ဆိုသည်။
ခေါင်းလောင်းခိုးယူခြင်း မခံရမီ တစ်လခန့်က ရပ်ခံတောင်ဘုရားရှိ အ လှူခံပုံးတစ်ပုံးနှင့် ယင်းတောင်အောက်ရှိ သင်္ချိုင်းကုန်းမှ အလှူခံပုံးတို့ ခိုးယူခံရ သည့်ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ဖူးကြောင်း ရပ်ခံတောင်စေတီ ဂေါပကအဖွဲ့ထံက သိရသည်။