NLD ပါတီ အလုပ်အမှုဆောင်တစ်ဦး တာဝန်မှ ရပ်ဆိုင်းခံရ၊ ပါတီကို ဝေဖန်၍ဟုဆို

0
390

တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ရေဖြူမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးကို ဩဂုတ်လ ၁၈ ရက်က တာဝန်မှ ရပ် ဆိုင်းလိုက်သည်။
NLD ပါတီ တိုင်းအလုပ်အမှု ဆောင်အဖွဲ့က ရပ်ဆိုင်းလိုက်ခြင်း ဖြစ် သည်။
NLD ပါတီ အစည်းအဝေးတစ်ခု တွင် အစိုးရဘတ်ဂျက်ကို သုံးစွဲရာတွင် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ ရန် မလိုအပ်ကြောင်း ပါတီ တိုင်းဥက္ကဋ္ဌ က ပြောဆိုခဲ့မှုအပေါ် အပြန်အလှန် ဆွေးနွေးရာမှ အငြိုးထားခံရကာ ရာထူး မှ ရပ်ဆိုင်းခံရသည်ဟု ယူဆကြောင်း ရေဖြူမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဝင်အဖြစ်မှ ရပ်ဆိုင်းခံရသည့် ဦးမောင်မောင်ဦးက ဆိုသည်။

၎င်းသည် ရပ်/ကျေးညီလာခံ၊ မြို့နယ်ညီလာခံ စသည့် ညီလာခံအဆင့် ဆင့်မှ ရွေးချယ်တင်မြှောက်ခံရသည့် အလုပ်အမှုဆောင် တစ်ဦးဖြစ်သော်လည်း တာဝန်မှအလွယ်တကူ ရပ်ဆိုင်းခံလိုက်ရ ကြောင်း ၎င်းက ဆိုသည်။
ဦးမောင်မောင်ဦးသည် ၂၀၀၉ ခုနှစ်တွင် NLD ပါတီသို့ စတင် ဝင်ရောက်ခဲ့သူ ဖြစ်သည်။
“လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက် က ဖုံးလွှမ်းပြီး အရေးပေါ် အစည်း အဝေးတွေခေါ်ပြီး လူတစ်ယောက်ကို ဖြုတ်ချင်ရင် အလွယ်ဆုံး ပါတီဖြစ်နေ တယ်”ဟု ဦးမောင်မောင်ဦးက ပြောသည်။

မြို့နယ်အလုပ်အမှုဆောင်တာဝန်မှ ရပ်ဆိုင်းလိုက်သည့်ကိစ္စကို ဩဂုတ်လ ၂၅ ရက်အထိ ကာယကံရှင်ထံ စာပို့ အကြောင်းကြားခဲ့ခြင်း မရှိဘဲ ရေဖြူမြို့ နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် အချို့ ထံမှတစ်ဆင့် သိရကြောင်း ဦးမောင်မောင် ဦးက ပြောသည်။
မြို့နယ်အဆင့် အလုပ်အမှုဆောင် တစ်ဦးကို တာဝန်မှရပ်ဆိုင်းရန် တိုင်း အလုပ်အမှုဆောင်အဖွဲ့တွင် တရားဝင် လုပ်ပိုင်ခွင့်မရှိကြောင်း NLD ပါတီ တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးသိန်းစိုးက ပြောသည်။

“တိုင်းအလုပ်အမှုဆောင်ကနေ အပြစ်ပေးအရေးယူတယ်ဆိုတာ တကယ်ကတော့ စည်းကျော် ဘောင် ကျော် လုပ်တယ်လို့ပဲ သတ်မှတ်လို့ရ တယ်”ဟု ဦးသိန်းစိုးက ဆိုသည်။
ပါတီအလုပ်အမှုဆောင်တစ်ဦးကို အရေးယူမည်ဆိုပါက စည်းကမ်းထိန်း သိမ်းရေးအဖွဲ့ထံ တင်ပြရမည်ဖြစ်ပြီး ယင်းအဖွဲ့ကသာ စိစစ်အရေးယူမှုများ လုပ်ဆောင်နိုင်ကြောင်း ၎င်းက ရှင်းပြ သည်။

ပါတီသိက္ခာကျစေမည့် ပြောဆိုမှု များရှိပါကလည်း အရေးယူခြင်းထက် ပါတီတွင်းညီညွတ်မှုရှိရန်၊ ပူးပေါင်း ဆောင်ရွက်မှုရှိရန် ထိန်းထိန်းသိမ်းသိမ်း ဖြင့် ကိုင်တွယ်သင့်ကြောင်း ဦးသိန်းစိုး က ဆိုသည်။
တာဝန်မှ ရပ်ဆိုင်းခံရသည့် ဦးမောင်မောင်ဦးသည် အစိုးရအဖွဲ့က လက်ရှိအကောင်အထည်ဖော်နေသည့် ကိစ္စတစ်အချို့ကို စေတနာဖြင့် ထောက် ပြ ပြောဆိုရာတွင် အတိုင်းအတာလွန်ကာ ပြောဆိုမှုများရှိကြောင်း NLD ပါတီ ရေဖြူမြို့နယ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးအောင်စိုးသူက ပြောသည်။

“နိုင်ငံရေးအတွေးအခေါ်ရှိပြီး လက်ရှိ ဖြစ်၊ ပျက်နေတဲ့အပေါ်မှာ ဖြစ် စေချင်လွန်းတဲ့ စေတနာရှိပါတယ်”ဟု ဦးအောင်စိုးသူက ဆိုသည်။
ယင်းသို့ တာဝန်မှ ရပ်စဲသည့်ကိစ္စ နှင့်ပတ်သက်၍ တိုင်းဒေသကြီး အလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သည့် ဦးအောင်စိုးကို တနင်္သာရီအပတ်စဉ်က ဆက်သွယ်မေးမြန်းရာ အင်တာဗျူးမဖြေ လိုကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
“ပါတီကို ဒီအတိုင်းမဖြစ်စေချင် ဘူး၊ ပါတီရဲ့ မူဝါဒနဲ့အညီ အပြန်အလှန် ထိန်းညှိပြောဆိုဖို့ အခွင့်အရေးတွေလည်း ရှိရမယ်၊ တစ်ယောက်ကိုတစ်ယောက် လေးစားပြီးတော့ပေါ့”ဟု ဦးမောင်မောင် ဦးက ပြောသည်။
NLD ပါတီ တနင်္သာရီတိုင်း တွဲဖက်အတွင်းရေးမှူးလည်းဖြစ် တိုင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခေါင်း ဆောင်လည်းဖြစ်သည့် ဦးအေးနိုင်ကမူ ရေဖြူမြို့နယ်အလုပ်အမှုဆောင်အဖွဲ့က တိုင်းအလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြ သည့်အတွက် တိုင်းအလုပ်အမှုဆောင် အဖွဲ့က ကိုင်တွယ်ခြင်းဖြစ်ကြောင်း ပြောသည်။

“အလုပ်မှုဆောင်အဖွဲ့ အဆင့်ဆင့် ကနေ စစ်ဆေးအရေးယူ အပြစ်ပေးလို့ ရပါတယ်၊ ကျွန်တော်တို့ဆီမှာ စည်း ကမ်းရှိပါတယ်”ဟု ဦးအေးနိုင်က ပြော သည်။
အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ပိုင် ခွင့်နှင့်ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့အတွင်းတွင်ပင် ဝိပါဒကွဲနေ သည့်သဘော ဖြစ်သည်။
ဦးမောင်မောင်ဦးအား တာဝန်မှ ရပ်ဆိုင်းသည့် အကြောင်းအရင်းအား မေးမြန်းရာ
“ပါတီတွင်းကိစ္စမို့လို့ ပြောလို့ရမှာ မဟုတ်ပါဘူး”ဟု ဦးအေးနိုင်က ဆို သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး NLD ပါတီ၏ ဗဟိုစည်းကမ်းထိန်းသိမ်း ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး လည်းဖြစ်သည့် ဦးဥာဏ်ဝင်းအား ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် တယ်လီဖုန်းမှ တစ်ဆင့် မေးမြန်းခဲ့ရာ ယင်းကိစ္စအား မသိရှိသေးကြောင်းနှင့် ဦးအောင်စိုးနှင့် ယနေ့တွေ့ရန် ရှိသောကြောင့် ၎င်းအား မေးမြန်းပြီးမှ ပြန်လည် ဖြေဆိုမည်ဖြစ် ကြောင်း ဖြေကြားခဲ့သည်။

ထို့ကြောင့် ယင်းနေ့ ည ၈ နာရီ တွင် ထပ်မံဆက်သွယ်ခဲ့၍ ဦးမောင် မောင်ဦးအား တာဝန်မှ ရပ်ဆိုင်းသည့် ကိစ္စ၊ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့တို့၏ လုပ်ပိုင် ခွင့်ကိစ္စ ဝိဝါဒကွဲပြားမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားခဲ့ရာ ယင်းကိစ္စအား မသိရှိသေးသောကြောင့် မဖြေဆိုနိုင် ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် လည်း ယင်းကိစ္စ မပါဝင်ကြောင်း ပြော ကာ ဖုန်းချသွားခဲ့သည်။

“ကျွန်တော်မသိသေးဘူး အဲဒါ၊ ဒီနေ့ အစည်းအဝေးမှာလည်း အဲဒါမပါ ဘူး”