ငှက်သိုက်ကျွန်းများအား အစိုးရက အထူးစီမံချက်ဖြင့် ကာကွယ်ထိန်းသိမ်းရေးအဆိုကို မှတ်တမ်းတင်စောင့်ကြည့်ရန် ပြည်သူ့လွှတ်တော်ဆုံးဖြတ်

0
381

“မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြား ဈေးကွက်ဝင် သဘာဝငှက်သိုက်တောင် များရှိရာ ကျွန်းများအား ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အထူးစီမံချက်တစ်ရပ် အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် ကာ ကွယ်ပေးရေး အစိုးရကို တိုက်တွန်း ကြောင်းအဆို”ကို မှတ်တမ်းတင် စောင့် ကြည့်ရန် ပြည်သူ့လွှတ်တော်က ဆုံး ဖြတ်ခဲ့သည်။
ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျင်း ပသော ဒုတိယအကြိမ်ပြည်သူ့လွှတ် တော် န၀မပုံမှန်အစည်းအဝေးတွင် ယင်း သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုအား ကျွန်းစုမဲဆန္ဒနယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင် တင်ရီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကိုယ် စားလှယ် ၄ ဦးနှင့် ပြည်ထောင်စုသယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်း ရေးဝန်ကြီးတို့က ဆွေးနွေးခဲ့ ပြီးနောက် မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သဘာဝ ငှက်သိုက်တောင်များတွင် သစ်ပင်ခြုံနွယ်များရှိနေခြင်းကြောင့် စွန်ရဲငှက်များခိုအောင်းကာ ဇီဝဇိုးငှက် များကို ဖမ်းစားသဖြင့် ဇီဝဇိုးငှက်များက အခြားနေရာများသို့ ပြောင်းရွှေ့ခြင်း၊ လူတို့ဖန်တီးထားသော ဇီဝဇိုးငှက်ခေါ် အိမ်များသို့ ရောက်ရှိလာခြင်းများ ဖြစ် ပေါ်နေသဖြင့် သဘာဝငှက်သိုက်များ မပျောက်ကွယ်စေရန် အစိုးရမှ အထူးစီမံ ချက်ဖြင့်ကာကွယ်စေလိုသဖြင့် အဆို တင်ခြင်းဖြစ်ကြောင်း ဒေါ်တင်တင်ရီက တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

ကျွန်းများတွင် ငှက်သိုက်စုသိမ်း ခွင့်တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီ များက စာချုပ်အရ ခြုံနွယ်များကို ရှင်း လင်းရမည်ဖြစ်သော်လည်း ကုမ္ပဏီများ က ငှက်သိုက်သာထုတ်ပြီး ခြုံနွယ်များ မရှင်းလင်းကြဟု ဒေါ်တင်တင်ရီက ဆို သည်။
“ခြုံနွယ်တွေ မရှင်းလင်းတော့ ငှက် ကြီးတွေ ခိုအောင်းပြီး ငှက်ငယ်တွေကို ဖမ်းစားတော့ ဇီဝဇိုးငှက်တွေက ကြောက် လန့် ထွက်ပြေးကုန်တယ်၊ ဒါကြောင့် သဘာဝငှက်သိုက်တောင်တွေ ပျက်စီး သွားမှာကြောက်လို့ ဒီအဆိုကို တင်ရတာ ပါ” ဟု ဒေါ်တင်တင်ရီက ပြောသည်။

သစ်တောဦးစီးဌာနက ငှက်သိုက် စုသိမ်းခွင့်ရသူများ၏ တာဝန်နှင့် လိုက် နာရမည့်စည်းကမ်းချက်များကို သတ် မှတ်ပေးရာတွင် ဇီဝဇိုးငှက်များကို ထိန်း သိမ်းစောင့်ရှောက်ခြင်း၊ ဇီဝဇိုးငှက်များ ကို စွန်၊ သိမ်းငှက်၊ မြွေ စသည့်ရန်မှ ကာကွယ်ပေးခြင်းနှင့် ငှက်သိုက်ကျွန်း ကျောက်တောင်ရှိ သစ်ပင်များကို လုပ် ငန်းပြင်ဆင်ချိန်ကာလအတွင် ကုန်စင် အောင် ခုတ်လှဲရမည်ဟူသည့် အချက် များ ပါဝင်ကြောင်း ပြည်ထောင်စု သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးက လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။
ယင်းလုပ်ငန်းများကို စစ်ဆေးကြပ် မတ်ရန်အတွက် တနင်္သာရီတိုင်းဒေသ ကြီးတွင် တိုင်းအဆင့်နှင့် ခရိုင်အဆင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း ထားပြီး စည်းကမ်းချက်များ လိုက်နာမှု ရှိမရှိ စစ်ဆေးခြင်းနှင့် ငှက်သိုက်နှင့်ပတ် သက်သည့်အခြားလုပ်ငန်းများကို စစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောသည်။

သို့သော်လည်း ငှက်သိုက်စုသိမ်းသူ များအနေဖြင့် တစ်နှစ်တာကာလ အချိန် တိုရင်းနှီးမြုပ်နှံမှုကိုသာရရှိသဖြင့် လုပ် ပိုင်ခွင့်ရသည့်အချိန်အတွင်း အကျိုး အမြတ်ရရှိရန်သာ ဦးတည်ဆောင်ရွက် ကြသဖြင့် အချို့ကျွန်းများတွင် ခြုံနွယ် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းရန် ကျန် ရှိနေသည်ကို တွေ့ရကြောင်း ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။
ယင်းကြောင့် တင်ဒါစုသိမ်းခွင့်ကို တစ်နှစ်တစ်ကြိမ် အိတ်ဖွင့်တင်ဒါရောင်း မည့်အစား ၃ နှစ်တစ်ကြိမ် အိတ်ဖွင့် တင်ဒါ ရောင်းချခြင်းကို ဆောင်ရွက်ရန် တနင်္သာရီတိုင်းသစ်တောဦးစီးဌာနက စီစဉ်ဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောသည်။

ကုမ္ပဏီများက စည်ကမ်းချက်များ လိုက်နာရေး ငှက်သိုက်လုပ်ငန်းကြီးကြပ် ရေးအဖွဲ့များက ကြီးကြပ်စိစစ်ရန် တွန်း အားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါ ရောင်းချခြင်းများကို ပြင်ဆင်စီစဉ် ဆောင်ရွက်နေခြင်းများ ကြောင့် အဆိုအား မှတ်တမ်းအဖြစ် ထား ရှိပေးရန်ဝန်ကြီးက ဆွေးဆွေးခဲ့ရာ အဆို ရှင် ဒေါ်တင်တင်ရီက မှတ်တမ်း တင်စောင့်ကြည့်ရန် တောင်းဆိုခဲ့သည်။
အဆိုကို မှတ်တမ်းတင်စောင့်ကြည့် ရန် လွှတ်တော်က ဆုံးဖြတ်သည့်အတွက် ပြောထားသည့်အတိုင်း အစိုးရမှ လုပ် မလုပ် စောင့်ကြည့်ရန် လွှတ်တော်တစ်ရပ် လုံးက တာဝန်ရှိသွားပြီဖြစ်ကြောင်း ဒေါ်တင်တင်ရီက ပြောသည်။
“သူတို့တွေကတော့ လုပ်နေပါ တယ်လို့ ပြောတယ်၊ ဒါပေမယ့် အောက် ခြေကိုတော့ ရောက်ချင်မှ ရောက်မှာပေါ့ လေ။ စောင့်ကြည့်လို့ မလုပ်ဘူးဆိုရင် စာတင်ပြီးတော့ Complaint  တက်ခွင့် ရှိတယ်လေ” ဟု ဒေါ်တင်တင်ရီက ပြော သည်။
မြန်မာနိုင်ငံတွင် သဘာဝငှက်သိုက် များ တနင်္သာရီတိုင်းတွင် အများဆုံး ထွက်ရှိပြီး ဧရာဝတီတိုင်းတွင်လည်း ငှက်သိုက်ကျွန်း အနည်းငယ်ရှိသည်။

တနင်္သာရီတိုင်းတွင်း ငှက်သိုက် ကျွန်းများကို လောင်းလုံးမြို့နယ်အတွင်း ရှိ မော်စကိုကျွန်းအုပ်စု၊ ကျွန်းစုမြို့နယ် တွင် ရေအေးကျွန်းအုပ်စု၊ ကော့သောင်း မြို့နယ်တွင် ကဆိုင်းလှနှင့် ကော့ငါး ကျွန်း အုပ်စု၊ ပုလောမြို့နယ်တွင် မလိ ကျွန်း အုပ်စုဟူ၍ အုပ်စု ၄ ခု ခွဲထားပြီး ကျွန်းအုပ်စု တစ်ခုချင်း ငှက်သိုက်စု ဆောင်း ထုတ်လုပ်ခွင့်အတွက် နှစ်စဉ် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချနေပြီး ရရှိသည့်အခွန်အား တိုင်းဒေသကြီး အစိုးရက သုံးစွဲခွင့်ရနေသည်။

ငှက်သိုက်စုဆောင်းထုတ်လုပ် ခွင့်အတွက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းမှ တနင်္သာရီတိုင်းတွင် ယခုနှစ်အတွက် ကျပ်သိန်းပေါင်း ၂ သောင်းခန့် (၁၉၈၂၃ ဒသမ ၅ သိန်း) ရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော် (၁၀၀၂၅ ဒသမ ၅ သိန်း) ရရှိကြောင်း တိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။