ဂျီအိပ်

0
464

ခေါင်းစဉ်ကိုကြည့်ပြီး စက်မှု ထိပ်သီး G-၈ နိုင်ငံများအကြောင်းဟု မထင်လိုက်ပါနဲ့။
ထားဝယ်မြို့ပေါ်ရှိ အ.ထ.က ကျောင်းကြီးတစ်ကျောင်းမှ အအိပ်ကြမ်း သည့် ဂျီခန်းမှ ကိုယ်တော်ချောများအ ကြောင်းသာ ဖြစ်သည်။ ထိုအအိပ်ကြမ်း သည့် ဂျီခန်းတွင် ကျွန်တော့် တပည့်များ လည်း ပါသည်။ ထူးခြားသည်က ထို အအိပ်ကြမ်းကြသည့် ကိုယ်တော်ချောများ မှာ အတန်းပိုင်ဆရာမလည်း မနိုင်၊ ကျန် ဘာသာရပ်သင် ဆရာမများကလည်း လက်မှိုင်ချရလောက်သည်အထိ စာသင် ခန်းထဲတွင် အအိပ်ကြမ်းလွန်းသဖြင့် ဆ ရာမကြီးရုံးခန်းက ကိုင်ရသည့်အဆင့်ထိ ဖြစ်သွားသည်။

နောက်တစ်ကြိမ်ထပ်ပြီး အတန်းထဲ တွင် အထူးသဖြင့် ဆရာ၊ ဆရာမများစာ သင်နေချိန်တွင် မအိပ်ဖို့ ခံဝန်လက်မှတ် ထိုးလိုက်ကြရသည်။ ထိုကျောင်းသားများ အတန်းထဲတွင် ထပ်အိပ်ပါက ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားဖို့ ကျောင်းအုပ်ကြီးက မှာကြားထားသည်ဟု လည်း သိရသည်။ ထိုကျောင်းသားတွေ ဆက်ပြီး အိပ်ရဲမရဲဆိုသည်ကိုတော့ စောင့်ကြည့်ရပေဦးမည်။
ကျောင်းသားများ စာသင်ချိန်တွင် အိပ်ငိုက်ရသည့် အကြောင်းရင်းများစွာ ရှိသည်။

ပထမဆုံးအချက်က သူတို့ကိုယ် တိုင်က ဝိရိယမရှိ၍ ဖြစ်သည်။ ရည်မှန်း ချက်ကြီးကြီးမားမား မရှိသောကြောင့် လည်း ဖြစ်နိုင်သည်။ စာမေးပွဲကို ထူးထူး ချွန်ချွန်ဖြင့် နှစ်ချင်းပေါက်အောင်ကို အောင်ရမည်ဟု စိတ်ပိုင်းဖြတ်ထားမှု မရှိ သောကြောင့်လည်း ဖြစ်နိုင်၏။ ထို့အပြင် ပင်ကိုအခြေခံအားနည်းသောကြောင့် ဆယ်တန်းရောက်မှ စာမလိုက်နိုင်တော့ သောကြောင့် ဖြစ်သလိုနေကြခြင်းလည်း ဖြစ်နိုင်သည်။ ကေဂျီတန်းမှ န၀မတန်း အထိ ပေါ့ပေါ့တန်တန် နေခဲ့သောကြောင့် ဆယ်တန်းရောက်ကာမှ စာမလိုက်နိုင် တော့သည့် အခြေအနေနှင့် ရင်ဆိုင်ကြ ရသည်။

ထိုကျောင်းသားမျိုးဆိုလျှင်တော့ စာသင်သည်နှင့် စအိပ်ငိုက်တော့သည်။ ဘယ်သူသင်သင်၊ ဘယ်ဆရာသင်သင် အိပ်ငိုက်ခြင်းကား သူထံတွင် ထာဝရ တည်ရှိနေတတ်သည်။ ၂၄ နာရီမီးသာ ပျက်ချင်ပျက်မည် သူသည်ကား အိပ်ငိုက် လုံးဝမပျက်။ သို့သော် စာအကြောင်း ကလွဲလျှင်တော့ အဲဗားလန်းဖြစ်နေတတ် သည်။
ဒုတိယတစ်ချက်မှာ သင်ကြား ပြသသည့်ဆရာ၊ ဆရာမများက ဆွဲဆောင် မှုမရှိသဖြင့် ကျောင်းသားများ စိတ်ပါဝင် စားလာအောင် မသင်ပြနိုင်လျှင်လည်း ကျောင်းသားများ အိပ်ငိုက်နိုင်သည်။ စာ သင်သည့် နည်းစနစ် မမှန်လျှင်လည်း ကလေးများ အိပ်ငိုက်နေနိုင်သည်။ မိမိ စာသင်ချိန်တွင် ကလေးများ အိပ်ငိုက်နေ သည်ကို တွေ့ရပြီဆိုလျှင် ပထမဦးဆုံး လုပ်ရမည့်အလုပ်က မိမိ၏အားနည်း ချက်ကို ရှာဖွေရန် ဖြစ်သည်။ စာသင် ကြားသည့်နေရာတွင် မိမိအနေဖြင့် မည် သည့်နေရာတွင် အားနည်းချက်ရှိနေသလဲ ဆိုသည်ကို ဆန်းစစ်ရပေမည်။ စာသင် ကြားသည့် နည်းစနစ်ကို ပြောင်းသင့်က ပြောင်းရပေမည်။

ကလေးတွေ စိတ်ဝင် စားလာအောင် မည်ကဲ့သို့ သင်ကြား ရမလဲဆိုသည်ကို စဉ်းစား ဖန်တီးတတ်ဖို့ ကြိုးစားရပေမည်။ ပုံမှန်အိပ်ငိုက်တတ် သည့် ကျောင်းသားများကိုတော့ လျစ်လျူ ရှုသင့်က လျစ်လျူရှုထားရပေမည်။ သူ့ ကို သွားပြီး စိတ်ဆိုးဒေါသထွက်နေမည် ဆိုလျှင် ကျန်ကျောင်းသားများအတွက် အချိန်ဆုံးရှုံးနိုင်သကဲ့သို့ စာသင်ကြားနေ သည့် အနာစသ လည်း ပျက်သွားနိုင်သည်။ အိပ်ငိုက်သူဦးရေက တော်တော်များနေပြီ ဆိုလျှင်တော့ စာသင်သည်ကို ခဏရပ် ကာ ကလေးများကို activity   (လှုပ် ရှားမှု) တစ်ခုခု လုပ်ခိုင်းခြင်းဖြင့် သူတို့ စိတ်ပြန်လည် လန်းဆန်းလာပြီး စာသင် ကြားခြင်းတွင် ပြန်လည်စိတ်ဝင်စားလာ အောင် လုပ်နိုင်သည်။ မည်ကဲ့သို့သောactivity  ကို လုပ်ခိုင်းရမလဲဆိုသည် ကတော့ ကျောင်းသားများ၏အသက် အရွယ်ကိုကြည့်ပြီး သူတို့နှင့်သင့်တော် မည့် အရာတစ်ခုခုကို လုပ်ခိုင်းသင့်ပေ သည်။ မိမိ၏အားနည်းချက်ကို အရင် မရှာဘဲ မိမိစာသင်ချိန်မှာ အိပ်ငိုက် ရကောင်းလားဆိုပြီး သူတို့လေးတွေကို အပြစ်မြင်ပြီး ဆဲဆို ကြိမ်းမောင်းခြင်းဖြင့် သူတို့အိပ်မငိုက်အောင် လုပ်၍မရ။ မိမိသာလျှင် ကျောင်းသားများရှေ့တွင် ကျဆုံးသူတစ်ယောက် ဖြစ်သွားနိုင်သည်။ ဤသည်ကို ကျွန်တော်တို့ သတိချပ်ရပေ မည်။

ကျောင်းသားများ အိပ်ငိုက်ရသည့် အချက်များစွာထဲမှာ အဓိကအကျဆုံးဟု ထင်သည့်အချက်မှာ နားချိန်မရခြင်း ဖြစ် သည်။ အထူးသဖြင့် ဘော်ဒါဆောင်တွင် နေကြရသည့် ကျောင်းသားများက ပိုဆိုး သည်။ ည ၁၁နာရီကျော်လောက်ထိ စာ သင်စာကျက်ကြရပြီး မနက်၅နာရီခွဲ သည်နှင့် အိပ်ရာပြန်ထကြရသည်။ အိပ် ရေးဝအောင် အိပ်ခွင့်မရကြ။ ဘော်ဒါများ အနေဖြင့် ကျောင်းသားများကို ထိုမျှ လောက် မောင်းမထားလျှင်လည်း စာမေး ပွဲတွင် အောင်ချက်ကောင်းဖို့ မလွယ်။

ယခုခေတ်ကျောင်းသားလေးများ၏ဘ၀ကား သနားဖို့ကောင်းလှသည်။ စာ ကို နှစ်ထပ်၊ သုံးထပ် သင်နေကြရသည်။ မိဘများအနေဖြင့် အစိုးရကျောင်းတစ်ခု တည်းကို လုံးဝဥဿုံမယုံကြည်ရဲသည့် အခြေအနေတစ်ရပ်က ကျောင်းသားများ ကို ပို၍ပင်ပန်းစေသည်။ ကျောင်းသား လေးများမှာ ဝန်နှင့်အားမမျှဖြစ်ကာ စာ ပိနေကြတော့သည်။ အိပ်ရေးဝအောင် အိပ်ခွင့်မရသလို၊ ဦးနှောက်ကိုလည်း အနားပေးခွင့်မရတော့ လူက မလန်း ဆန်းနိုင်တော့ဘဲ မှိုင်တွေ ရီဝေနေတော့ သည်။ ထိုကလေးတွေ အိပ်ငိုက်ကြဖို့သာ ရှိတော့သည်။
ထိုမျှလောက် ပင်ပန်းနေသည့်ကြား ထဲတွင် အချိန်ပိုနှင့် guardian  ကို ထပ် ပေါင်း ထည့်ကြမည်ဆိုလျှင်တော့ အိပ်ငိုက်ခြင်းအပြင် ကျန်းမာရေးချူ ချာလာခြင်းကိုပါ အပိုဆုအနေဖြင့် ထပ်ပြီးရကြပေဦးမည်။

အောင်ချက်မြင့်မားရေး စီမံချက်ဆို သည်မှာ စစ်အစိုးကပေးခဲ့သော အမွေ ဆိုးသာ ဖြစ်သည်။ ကျောင်းသားတွေ ခံနိုင်ရည် ရှိမရှိကို မစဉ်းစားဘဲ “ရေးဗူး ပေါက်တာ မလိုချင် ရေပါတာကိုပဲ လို ချင်သည်”ဆိုသည့် ထုံးနှလုံးမူ၍ ချမှတ် ခဲ့သော မူဝါဒတစ်ခုသာ ဖြစ်သည်။ လူကို ဖိအားပေး၍ ရမရ စဉ်းစားကြစေချင်သည်။
ဤသည်ကို အဟုတ်ကြီးထင်ပြီး ဆက်လက် သုံးစွဲနေဦးမည်ဆိုလျှင်တော့ ကလေးတွေအတွက် စိတ်မကောင်း ဖြစ် ကြရုံသာ ရှိတော့သည်။

လူတစ်ယောက်အတွက် တစ်နေ့ ၂၄နာရီသောအချိန်ကို သုံးပိုင်းပိုင်း ထားသည်။ ၈နာရီအလုပ်လုပ်၊ ၈နာရီ အပန်းဖြေ အနားယူပြီး၊ ၈နာရီအိပ်ကြဖို့ ဖြစ်သည်။ ထိုအတိုင်း နေနိုင်ကြလျှင် တော့ သက်ရှည်ကျန်းမာပြီး စိတ်ချမ်း သာဖို့ ကောင်းပေလိမ့်မည်။ သို့သော် လည်း လူသားတို့၏ လိုအင်ဆန္ဒများ လာခြင်းနှင့် အတူအလုပ်လုပ်ရသည့် အချိန်လည်း ပိုလာသဖြင့် အနားယူချိန် အိပ်ချိန်များကို ဖဲ့ပေးလိုက်ကြရသည်။ အခု ၁၀တန်း ကျောင်းသားလေးတွေကို ကြည့်ပြန်လျှင်လည်း တစ်နေ့၈နာရီ အိပ်ချိန်ကိုပင် အပြည့်အဝမရဆိုတော့ အနားယူချိန်ဆိုသည်မှာ ဘယ်နား ရောက်လို့ ဘယ်နား ပျောက်သွားမှန်း တောင် မသိလိုက်ကြ။
မိမိ၏ဝါသနာပါရာအလုပ်ကို လုပ် ဖို့လည်း အချိန်မရတော့။ ခေတ်စနစ်အရ၊ ပညာရေးစနစ်နှင့် ပညာရေးလောက၏ လက်ရှိအနေအထားအရ ကလေးတွေ သည် လူသားစက်ရုပ်ကဲ့သို့ ဖြစ်နေတော့ သည်။ အစမ်းသပ်ခံ မြေစာပင်လေးများ သာ ဖြစ်တော့သည်။ ဤသည်ကို ဆရာ၊ ဆရာမများအနေဖြင့် နားလည်ရန် လို အပ်ပေသည်။

မိမိ၏သင်ကြားမှုနောက်ကို က လေးတွေပါလာအောင်၊ ကလေးတွေ အိပ် မငိုက်အောင် နည်းလမ်းကောင်းများကို ရှာဖွေပြီး မိမိ၏သင်ကြားမှု ပေါက် မြောက်အောင်မြင်အောင် ကြိုးစားရပေ မည်။ သို့မှသာ အောင်မြင်သည့် ဆရာ တစ်ယောက်၊ ကလေးတွေ ချစ်ခင်လေးစား သည့်ဆရာကောင်းတစ်ယောက်ဖြစ် လာ ပေမည်။
ဂျီအိပ်လေးတွေ၏ နောက်ကွယ်က အိပ်ငိုက်ရသည့် အကြောင်းအရင်းများကို သိအောင်လုပ်ပြီး နားလည်ခွင့်လွှတ်ပေး နိုင်ကြပါစေကြောင်း ဆရာ၊ ဆရာမများ ကို တိုက်တွန်းလိုပါသည်။

စာကြွင်း။ ။
ကျောင်းတွင်းစာသင်ချိန်တွင် အိပ် စက်ကြသည့် ကလေးများထဲတွင် ဆရာ၊ ဆရာမများကို မထီမဲ့မြင်၊ မခန့်လေးစား လုပ်ပြီး အိပ်သူများလည်း ပါပေမည်။

အထူးသဖြင့် ပြင်ပကျူရှင်များနှင့် ဘော်ဒါများတွင် သင်ခန်းစာများကို အစိုး ရကျောင်းများထက် စောပြီးအောင် သင် ကြားထားကြသည်။ ထိုကဲ့သို့သော အ ခြေအနေကြောင့် တချို့ကျောင်းသား များမှာ ကျောင်းရောက်ချိန်တွင် စာကို လေးလေးစားစား လိုက်လံ သင်ယူခြင်း မပြုကြတော့ဘဲ အိပ်နေသူများလည်း ရှိ နေနိုင်သည်မှာ သေချာပါသည်။ ထို ကျောင်းသားမျိုးအတွက်ဆိုလျှင်တော့ ဆရာ၊ ဆရာမများအတွက် များစွာအား နာမိသည်။

ကျွန်တော်ဆိုလိုသည့် ကျောင်းသား မျိုးမှာ ထိုကဲ့သို့သော ကျောင်းသားမျိုး မဟုတ်ဆိုသည်ကို သိစေလိုပါသည်။