တနင်္သာရီမြို့နယ်ရှိ ရေနစ်မြုပ် ပျက်စီးလယ်များအတွက် တစ်ဧက မျိုးစပါး နှစ်တင်းနှုန်း ထောက်ပံ့ရန်စီစဉ်

0
418

မိုးစပါးစတင်စိုက်ပျိုးပြီးအချိန်မှ စပြီး လက်ရှိအချိန်အထိ ရေကြီးနစ်မြုပ် မှုကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ပျက်ဆီး လယ်ဧက နှစ်ထောင်ကျော်အ တွက် တစ်ဧကလျှင် မျိုးစပါး နှစ်တင်း နှုန်း ထောက်ပံ့ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းထံမှ သိရသည်။

မူဝါဒအရ တစ်ဧကလျှင် တစ်တင်း နှုန်း ထောက်ပံ့ပေးနေသော်လည်း ဒေသ အခြေအနေအရ တစ်ဧကလျှင် နှစ်တင်း နှုန်းရမှ အဆင်ပြေမည်ဖြစ်၍ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ညှိုနှိုင်းနေကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောပြသည်။

“အခုလောလောဆယ် စပါးတင်း တစ်ထောင်ရောက်နေပြီ၊ နောက်လည်း လာဦးမယ်”ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် သက် တမ်းတို (၁၀၅)ရက်ရှိ နှံစောင့်မျိုးစပါး အမျိုးအစားကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်က ပြောသည်။
တနင်္သာရီမြစ်ရေ အခြေအနေနှင့် ရာသီဥတုအခြေအနေအရ တိုင်းအစိုးရ ညွှန်ကြားချက်ဖြင့် မျိုးစပါးများအား ပေးအပ်သွားမည်ဖြစ်ကြောင်း ဦးစီးအရာ ရှိ ဦးဇော်ဇော်က ပြောသည်။

ဇူလိုင်လအစမှစပြီး မိုးသည်းထန် စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် လက်ရှိအချိန်အထိ တနင်္သာရီမြို့နယ် တွင် မြစ်ရေမြင့်တက်နေပြီး ရေကြီးရေ လျှံမှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။
ရေနစ်မြုပ်ပျက်ဆီးခဲ့ရသည့် လယ် ယာများကို တော်သလင်းလပြည့်ကျော် အချိန်တွင် ပြန်လည်စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်စန်းက ဆို သည်။